အမျိုးသားတစ်ဦးရဲ့ e-mail အတွင်း ကလေးငယ်ရဲ့ ညစ်ညမ်းဓါတ်ပုံ တွေ့ရှိမှုကြောင့် Google က ရဲတပ်ဖွဲ့ကို အကြောင်းကြားပြီးဖမ်းဆီး

အမျိုးသားတစ်ဦးရဲ့ e-mail အတွင်း အသက်မပြည့်သေးတဲ့ ကလေးငယ်ရဲ့ ညစ်ညမ်းဓာတ်ပုံ တွေ့ရှိမှုကြောင့်...

ပရိသတ်ကို ပေးဆပ်တာပဲများပြီး ရယူလိုတာ ဘာမှမရှိသေးဘူးလို့ဆိုတဲ့ စွမ်းရည်

သရုပ်ဆောင်နယ်ပယ်မှာ အချိန် အတော်ကြာ ဒုတိယမင်းသားတစ်ယောက်အနေနဲ့ ဖြတ်သန်းနေတဲ့ စွမ်းရည်က...

ပရိသတ်မုန်းမှာ ကြောက်လို့ အရမ်းဟဲဗီးဗန့်စ်ဆန်တဲ့ ကားတွေ မရိုက်ချင်ဘူးလို့ဆိုတဲ့ သွန်းဆက်

ဗီဒီယိုဇာတ်ကားတွေ ရိုက်လာရပြီးနောက်ပိုင်းမှာ ခေါင်းဆောင်မင်းသမီး နေရာတွေမှာတောင် သရုပ်ဆောင်လာရပြီဖြစ်တဲ့ သွန်းဆက်နဲ့...

ချစ်သူ တစ်ယောက်တည်းထားပေမယ့် ခံစားချက်ကတော့မျိုးစုံပဲလို့ပြောပြလာတဲ့ Bobby Soxer ရဲ့ တစ်ကိုယ်တော်အခွေနဲ့ အချစ်အကြောင်း

ဒုံးပျံအခွေနဲ့ ပရိသတ်အားပေးမှုကို တခဲနက်ရရှိခဲ့တဲ့ Bobby Soxer ထက်ထက်ဟာ ခုတစ်ခါတော့...

အမျိုးသမီးတွေဟာ အမျိုးသားတွေထက် သင်ယူလေ့လာရာမှာ ပိုမိုလျင်မြန်ထက်မြတ်ဟု လေ့လာချက်ကဆို

အမျိုးသမီးတွေဟာ လေ့လာသင်ယူရာမှာ အမျိုးသားတွေထက် လျင်လျင်မြန်မြန် တတ်မြောက်ကြတယ်လို့ လေ့လာချက် အသစ်တစ်ခုအရ...

Wednesday, August 13, 2014

ဝန်ဆောင်မှု နံပါတ် ၁ ဖြစ်ရေး ကြိုးစားသွားမည်ဟု ဆက်သွယ်ရေးပြော


MPT Sim card
မြန်မာ့ဆက်သွယ်ရေး အနေနဲ့ ရှိပြီးသားဖောက် သည်တွေ ဆက်လက်သုံးစွဲဖို့ ဂရုတစိုက်နဲ့ စီစဉ်နေပြီး ဒါထက်ပိုကောင်းတဲ့ အစီအစဉ်တွေကို လည်း ပေးသွားမယ်လို့ ဆက်သွယ်ရေး သင်တန်းကျောင်းအုပ် ဦးကျော်စိုး က ပြောပါတယ်။
ဒါပေမယ့် နိုင်ငံခြား ကုမ္ပဏီ ၂ ခုနဲ့ ယှဉ်ပြီး လုပ်ကိုင်လာရင် ဈေးကွက်ဝေစု လျော့နည်းမှာကို သိရှိတယ်လို့ ဆက်သွယ်ရေး သင်တန်းကျောင်းအုပ် ဦးကျော်စိုးက ပြောပါတယ်။
“ကျနော်တို့ အမ်ပီတီက လက်ရှီ ဈေးကွက် ဝေစု အများစုကို ယူထားတဲ့ ဆက်သွယ်ရေး အော်ပရေတာပေါ့။ ဒါပေမယ့် ရေရှည်မှာ ကျနော်တို့ ဈေးကွက်ဝေစုက တဖြည်းဖြည်းနဲ့ ကျသွားနိုင်တယ်ဆိုတာလည်း ကြိုမြင်ပါတယ်။ ဒါကြောင့် အမ်ပီတီရဲ့ ၀န်ဆောင်မှုတွေကို ယုံယုံကြည်ကြည် အဆင်ပြေပြေ သုံးစွဲနိုင်ဖို့ ကျနော်တို့ ကြိုးစားဆောင်ရွက်နေပါတယ်။ ဆက်သွယ်ရေး ၀န်ဆောင်မှုအရည်အသွေးက အခုချိန်မှာ ပြည်သူကျေနပ်လောက်စရာ အရည်အသွေးမဟုတ်ဘူးဆိုတာ ကျနော်တို့အားလုံး လက်ခံပါတယ်။ ဒီထက်ပိုမိုကောင်းမွန်တဲ့ ၀န်ဆောင်မှု ပေးဖို့၊ အော်ပရေတာတွေနဲ့ ယှဉ်လိုက်ရင် အမ်ပီတီရဲ့ ၀န်ဆောင်မှု နံပါတ် ၁ ဖြစ်ဖို့ အမြဲတမ်း ဆောင်ရွက်သွားမယ်။”
နိုင်ငံခြားဆက်သွယ်ရေး အော်ပရေတာဖြစ်တဲ့ အော်ရီဒူး ကုမ္ပဏီက ဆင်းမ်ကတ်တွေ ရောင်းချပြီးတဲ့ နောက်ပိုင်းမှာ မြန်မာ့ဆက်သွယ်ရေး အနေနဲ့ ၀န်ဆောင်မှု အသစ်တွေနဲ့ ဖောက်သည်တွေကို ဆွဲဆောင်ဖို့ ကြိုးစားလာတာဖြစ်ပါတယ်။
ရွေးချယ်ထားတဲ့ ဖုန်းနံပါတ် သုံးခုကို သြဂုတ်လအတွင်းမှာ ၁ မိနစ်ကို ၂၅ ကျပ်နှုန်းနဲ့ ခေါ်ဆိုနိုင်မယ့် ၀န်ဆောင်မှုကို စတင်လာခဲ့ပြီး အခုတော့ အမ်ပီတီ ဆင်းမ်ကတ် သုံးခုကို ငွေ ၁၅၀၀ ကျပ်နဲ့ ၀ယ်ယူခွင့်ပေးတဲ့ အရောင်းမြှင့်တင်တာကိုလည်း ဒီရက်ပိုင်းမှာ လုပ်ဆောင်လာတာ ဖြစ်ပါတယ်။
ဇူလိုင်လကုန်ပိုင်းမှာပဲ မန္တလေးမြို့မှာ အော်ရီဒူးဆင်းမ်ကတ်တွေ စတင်ရောင်းချခဲ့ပြီး လက်ရှိ အချိန်မှာ အခမဲ့ သုံးလို့ရနေတဲ့အတွက် သုံးစွဲနေပါတယ်လို့ မန္တလေးမြို့က ကိုသားငယ်က ပြောပါတယ်။
ရန်ကုန်မြို့က ကိုကျော်လင်းမြင့်ကတော့ အခြေခံလူတန်းစားတွေအနေနဲ့ ဖုန်းအမျိုးအစား မရွေးတဲ့ တယ်လီနောကိုပဲ မျှော်လင့်ပါတယ်လို့ ဆိုပါတယ်။
အမ်ပီတီ ဖုန်းလိုင်းရဲ့ လက်ရှိအခြေအနေနဲ့ ရွေးချယ်စရာတွေ ရှိလာခဲ့ရင်ဆိုတဲ့ မေးခွန်းကိုတော့ တောင်ကြီးမြို့က ခွန်ကျော်ဇင်ထွန်းက အခုလိုပြောပါတယ်။
“အမ်ပီတီက တောင်ကြီးမြို့မှာ လိုင်းက တမြို့လုံးအနေအထားနဲ့ မကောင်းဘူး။ တာဝါတိုင်နဲ့ နီးတဲ့နေရာတွေဆိုရင်တောင် အင်တာနက်လိုင်းက စိတ်ရှည်လက်ရှည် သုံးနေရတယ်။ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တွေမှာ သူများတွေ သုံးနေကြပြီ။ ကျနော်တို့ဆိုရင် သုံးချင်တာ လက်ကိုယားနေတာပဲ။ ဒါပေမယ့် အမ်ပီတီနဲ့ ဘာကွာခြားမှုရှိလဲပေါ့။ ဈေးနှုန်းအနေအထားအရဆိုရင် တယ်လီနောပဲဖြစ်ဖြစ်၊ အော်ရီဒူးပဲဖြစ်ဖြစ် သုံးရတာက ၁ မိနစ် ၂၅  ကျပ်ဆိုတဲ့အနေအထားရှိတယ်။ ကျနော်တို့ အဲလိုမျိုးလေးတွေ သုံးချင်တာပေါ့။”
ဆက်သွယ်ရေး တင်ဒါအောင်မြင်ထားတဲ့ တယ်လီနောကုမ္ပဏီက သူတို့ရဲ့ ဆင်းမ်ကတ်တွေကို ရှေ့လထဲမှာ ရောင်းချမယ်လို့ ကြေညာထားပါတယ်။

တယ်လီနောက ဒေါ်လာ ၂၀ ထက်မပိုသည့် ဟန်းဆက်များ ရောင်းချမည်


တယ်လီနောက စက်တင်ဘာလထဲမှာ ၁၅၀၀ ထက်မပိုတဲ့ ဆင်းကတ်တွေအပြင် ဒေါ်လာ ၂၀ ထက်မပိုတဲ့ ဟန်းဆက်တွေပါ ရောင်းချသွာမယ်လို့ ပြောပါတယ်။

တယ်လီနော ဆင်းကတ်တွေကို လာမယ့် စက်တင်ဘာလမှာ စတင်ရောင်းချတော့မှာ ဖြစ်ပြီး နောင်လာမယ့် ၅ နှစ်အတွင်းမှာ မြန်မာနိုင်ငံ လူဦးရေရဲ့ ၉၀ ရာခိုင်နှုန်းခန့်ကို ၀န်ဆောင်မှု ပေးနိုင်အောင် လုပ်ဆောင်နေတယ်လို့ တယ်လီနောရဲ့ စီအီးအိုက ပြောပါတယ်

Telenorလူတိုင်းကို အင်တာနက်ဝန်ဆောင်မှု ပေးချင်တာကြောင့် ၂ ဂျီ ရော၊ ၃ ဂျီ နက်စ်ဝေါ့ရောကို ဖြန့်ချိရတာ ဖြစ်ပြီး တယ်လီနောဟန်းဆက်တွေကို ဒေါ်လာ ၂၀ ထက် မပိုတဲ့ ဟန်းဆက်တွေကိုလည်း ထုတ်လုပ်ရောင်းချသွားဖို့ ရှိနေပါတယ်။

ဆင်းကတ်အားလုံးကိုလည်း Touch Screen ဖုန်းတွေအပြင် Feature ဖုန်းတွေမှာပါ အင်တာနက် အသုံးပြုလို့ရအောင် ပြုလုပ်ပေးထားတာကြောင့် တန်ဖိုးကြီး ဟန်းဆက်များ ရှိဖို့ မလိုအပ်ဘူးလို့ ပြောပါတယ်။

ဆင်းကတ်အားလုံးကို ၁၅၀၀ ထက် ပိုပေးပြီး မ၀ယ်ကြဖို့နဲ့ ပိုပြီးရောင်းချသူတွေ ရှိနေရင်လည်း တယ်လီနောရုံးကို တိုင်ကြားနိုင်တယ်လို့ ပြောပါတယ်။

လက်ရှိအချိန်မှာတော့ အော်ရီဒူးဖုန်း မှောင်ခိုဈေးကွက်ကို မန္တလေးက အော်ရီဒူးရုံးခန်း ရှေ့မှာ ၁၅၀၀ ထက်ပိုတဲ့ဈေးနှုန်းတွေနဲ့ ရောင်းချနေတာကို တွေ့နေရတာကြောင့် တယ်လီနောလည်း မှောင်ခိုဈေးကွက် ရှိလာနိုင်မလားဆိုတာကိုတော့ စောင့် ကြည့်ရဦးမှာ ဖြစ်ပါတယ်။

အာရှလူဦးရေ ၁.၁ ဘီလီယံ ရှိတဲ့ထဲက ၁၄၅ သန်းကို တယ်လီနောက ၀န်ဆောင်မှု ပေးနေတာ ဖြစ်ပြီး လက်ရှိမှာ တယ်လီနောက ၀န်ဆောင်မှုပေးနေတဲ့ ၁၃ နိုင်ငံထဲမှာ မြန်မာနိုင်ငံ ဈေးကွက်ဟာ သက်တမ်းအနုဆုံး ဖြစ်ပါတယ်။

တယ်လီနော(မြန်မာ)ကို မြန်မာနိုင်ငံတနိုင်ငံလုံးအတွက် Telecommunication လိုင်စင် ပေးအပ်ကြောင်းကို ၂၀၁၃ ခုနှစ် ဇွန် ၂၄ ရက်နေ့မှာ ကြေညာခဲ့ပြီး မြန်မာအစိုးရနဲ့ လိုင်စင်သဘောတူစာချုပ်ကို ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်နေ့မှာ ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။

Tuesday, August 12, 2014

ပထမအကြိမ်စုပေါင်း ကရင်ရိုးရာဝါခေါင်လ ချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနား



တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်နှင့် ပလကျေးရွာရှိ ကရင်လူမျိုးများ ပထမ အကြိမ်စုပေါင်း ကရင်ရိုးရာဝါခေါင်လ ချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားကို သြဂုတ်လ(၁၀) ရက် နံနက်(ဝ၈၀ဝ)နာရီ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ တံခွန်တိုင်ကျေးရွာ၊ တံခွန်တိုင် ဘုန်းတော် ကြီးကျောင်းတွင် ပြုလုပ်ကျင်းပရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ KNUကရင် အမျိုးသား အစည်းအရုံး ၊ မြိတ်-ထားဝယ်ခရိုင်မှ တာဝန်ရှိသူများ၊ ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ တာဝန်ရှိသူများ၊ သရက်ချောင်း မြို့နယ်၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်နှင့် ပလကျေးရွာရှိ ကရင်လူမျိုး(၃၀ဝ)ဦးခန့်တက်ရောက်သည်။
ရှေးဦးစွာ အခမ်းအနားကို ကရင်အမျိုးသားသီချင်းဖြင့် ဖွင့်လှစ်ပြီး သဘာပတိကြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဟာဗီ က အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်လုံခြုံရေး နှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဇော်လွင် နှင့် KNU ကရင်အမျိုးသား အစည်းအရုံး ပဒို စောသူရယ် တို့က အားပေး စကားပြောကြားသည်။
ထို့နောက် KNU ကရင်အမျိုးသား အစည်းအရုံး မြိတ်-ထားဝယ်ခရိုင်မှ ကရင်ရိုးရာဓလေ့ ဝါခေါင်လချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာအား KNU ဆက်ဆံရေးရုံးတာဝန်ခံ ပဒိုဝင်းခိုင် က ဖတ်ကြားပြီး ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီ ဥက္ကဌ ဆရာစောမေလယ်ကျော် က အားပေးစကားပြောကြား၍ တိုင်းဒေသကြီး အမျိုးသမီးရေးရာ ဆရာမနော်မေးဒရက် က အမှာစကားပြောကြားကာ ကရင်ရိုးရာဓလေ့ဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာ အကြောင်း မြန်မာဘာသာဖြင့် နန်းဇာဇာပွင့် မှ လည်ကောင်း၊ ပိုးကရင်ဘာသာဖြင့် စောဝင်းလွင် က လည်းကောင်း၊ စကောကရင်ဘာသာဖြင့် စောညွှန့်သိန်း က လည်းကောင်း ဖတ်ကြားသည်။
ဆက်လက်၍ သဘာပတိကြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဟာဗီ က နိဂုံးချုပ် အမှာစကားပြောကြားပြီး တက်ရောက်လာသော ကရင်အမျိုးသားများက အို့ဟူး အို့ခေါင်(ညီညွှတ်ကြပါစေ) သီချင်းဖြင့်သီဆိုဖျော်ဖြေပြီး ရိုးရာယဉ်ကျေးမှုအကများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။
ဝါဆောင်လ ချည်ဖြူဖွဲ့မင်္ဂလာသည် တော်ပေါ်မြေပြန့် ကရင်တစ်မျိုးသားလုံး၏ ရိုးရာပွဲတစ်ခုဖြစ်ပြီး ကရင်မိဘ ဘိုးဘွားတို့၏ ယဉ်ကျေးမှုဓလေ့ထုံးတမ်းအမွေအနှစ်ဖြစ်၍ ကရင်အမျိုးသားအားလုံး၏ စည်းလုံးညီညွှန်ရေး ကိုတည် ဆောက်ပေးသော ရိုးရာပွဲကို ကရင်အမျိုးသားများသည် ခေတ်ကာလအမျိုးမျိုးကို ဖြတ်ကျော်လွှား၍ ရိုးရာပွဲကို ကရင် အမျိုးသားများအမြတ်တနိုးထိန်းသိမ်းဆက်ဆံခဲ့သည့် နည်းတူ ယနေ့ကာလတွင် သမိုင်းပေးတာဝန် တစ်ရပ်အနေဖြင့် ဆက်လက် ထိန်းသိမ်းရမည်မှာ ကရင်တစ်မျိုးသားလုံး ၏တာဝန်ဖြစ်သည်ဟု သိရှိရသည်။
ကရင်လူမျိုးတွင် ချည်ဖြူဖွဲ့ မင်္ဂလာဓလေ့သည် ဖျားနာသည့်အခါ ချည်ဖြူဖွဲ့မင်္ဂလာ ခန္စာကိုယ်နှင့် လိပ်ပြာခွဲသော ချည်ဖြူဖွဲ့မင်္ဂလာ၊ ဘိုးဘိုးကြီးရိုးရာနတ်ကို ပူဇော်ပြီးနောက် ချည်ဖြူဖွဲ့မင်္ဂလာ၊ ကိုယ်ဝန်ဆောင် ဘဝချည်ဖြူဖွဲ့မင်္ဂလာ၊ မွေးကင်းစကလေး ချည်ဖြူဖွဲ့မင်္ဂလာ ကင်းကွာနေထိုင်ကြသူများ ချည်ဖြူဖွဲ့မင်္ဂလာ၊ လန့်ဖျပ်ခြင်းကြောင့် ချည်ဖြူဖွဲ့မင်္ဂလာ နှင့် ဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာ (၉)မျိုး သတ်မှတ်ပေးထားသည်ဟု သိရှိရသည်။

နိုင်ငံ့ဂုဏ်ကိုဆောင်နိုင်သည့် အလှမယ် ဖြစ်ချင်သည့် အသက် ၁၇ နှစ်အရွယ် ဟန်သီ နှင့် မဇ္ဈိမ တွေ့ဆုံခြင်း

Miss Golden Land Myanmar ပြိုင်ပွဲရဲ့ ပြိုင်ပွဲဝင်အလှမယ် ၂၅ ဦး ထဲမှာ မဲအရေအတွက် အများဆုံးရရှိနေ တဲ့ခါးနံပါတ် ၁၅ ပိုင်ရှင် ဟန်သီကို စိတ်ဝင်စားမိတာ အမှန်ပါပဲ။ သူဟာ အလှမယ် ပြိုင်ပွဲတွေ ဝင်မပြိုင်ခင်ကတည်းက အနုပညာပြေးလမ်းပေါ်မှာ လျှောက်လှမ်းနေတာမို့ ဘာကြောင့်များ အလှမယ်ပြိုင်ပွဲကို ဝင်ပြိုင်ဖြစ်တာလည်းဆိုတဲ့ မေးခွန်းများနဲ့ ဟန်သီကို ထိတွေ့စေခဲ့ပါတယ်။

မေး အရင်ဆုံး ညီမရဲ့ အနုပညာလှုပ်ရှားမှုအစက….

အနုပညာစလုပ်ဖြစ်ခဲ့တာကတော့ ၂ဝ၁၂ ခုနှစ်၊ ဧပြီလ က ဖြစ်ပါတယ်။ ညီမက ရန်ကုန်ကပါပဲ။ Good Care ကြော်ငြာ နဲ့စခဲ့တာပါပဲ။ နောက်မဂ္ဂဇင်းတွေ၊ ဂျာနယ်တွေရဲ့ အကူအညီနဲ့ ပရိသတ်သိလာတာပါ။ အသက်ကတော့ ၁၇ နှစ်ပါ။ IGCSE စာမေးပွဲ ဖြေဆိုထားပါတယ်။

မေး အနုပညာအလုပ်တွေလဲ လုပ်နေတယ်နော်။

ညီမအနေနဲ့ Tv ကြေငြာ ကိုးခုရှိပါပြီ။ မဂ္ဂဇင်း Cover ကတော့ ဆယ်ခုကျော်သွားပါပြီ။ အဓိကကတော့ ဂျာနယ်တွေမှာ မျက်နှာဖုံး တွေအများဆုံးရိုက်ဖြစ်ပါတယ်။ နောက်ပိုင်းဆက်ရိုက်မယ့် ကြော်ငြာတွေလည်း ရှိပါတယ်။

မေး အနုပညာရှင်တစ်ယောက်ဖြစ်နေပေမယ့် ဘာ့ကြောင့်များ အလှမယ်ပြိုင်ပွဲကို ဝင်ပြိုင်ချင်တာလဲ။

ဒီပြိုင်ပွဲက နေအလှမယ် ငါးဦး အရွေးခံရမယ်။ အရွေးခံရမဲ့ ငါးဦးဟာ ပရဟိတလုပ်ငန်းတွေ အဓိက လုပ်ဆောင်ရမယ်။ နိုင်ငံတကာမှာ ပြိုင်ပွဲဝင်ရမယ့်အတွက် နိုင်ငံ့ဂုဏ်ဆောင်ဖြစ်ရမယ်။ ဒီအတွက် နိုင်ငံ့ဂုဏ် ဆောင် အမျိုးသမီးတစ်ယောက်လည်း ဖြစ်ချင်တယ်။ ပြိုင်ပွဲရဲ့စည်းကမ်းတွေဖြစ်တဲ့ ခန္ဓာကိုယ်လှပမှု၊ အလှအပများနဲ့ ဥာဏ်ရည်ဥာဏ်သွေးဆိုတဲ့ အချက်သုံးချက် ပြည့်စုံရမယ်။ ပြိုင်ပွဲမှာ ရွေးချယ်မယ့်အချက်တွေလည်း ပြည့်စုံအောင် အများကြီး ကြိုးစားထားပါတယ်။ ကိုယ်လည်း လုပ်နိုင်တယ်ဆိုတာကြောင့် ဒီပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖြစ်တာပါ။

မေး အနုပညာအလုပ်ကို ဘယ်အတိုင်းအတာထိလုပ်မယ်လို့ ရည်ရွယ်ထားလဲ။

အနုပညာအလုပ်ကို ဟန်သီဆုံးခန်းတိုင်အောင်လုပ်မှာပါ။ ပညာရေးကလည်း လက်ရှိမပြီးသေးတော့ ပညာရေးကိုလည်း ဆုံးခန်းတိုင်အောင် ဟန်သီသင်ချင်သေးတယ်။ ပညာရေးဆုံးခန်း တိုင်သွားတာနဲ့ အနုပညာ အလုပ်ကိုအားကြိုးမာန်တက်နဲ့ ဟန်သီလုပ်သွားမှာပါ။

မေး အခုအလှမယ်တွေနဲ့ပတ်သက်တဲ့ သတင်းတွေကလည်းထွက်လာတော့ အလှမယ်တစ်ယောက်သာ ဖြစ်ခဲ့ ရင်ကိုယ့်ရဲ့နေထိုင်ဖြတ်သန်းမှုက

အလှမယ် တစ်ယောက်ဖြစ်လာရင်တော့ တတ်နိုင်သလောက်ဟန်သီအကောင်းဆုံးကြိုးစားနေထိုင် သွားနိုင်အောင်ကြိုတွေး ကြိုစဉ်းစားထားပါတယ်။ အလှမယ် တစ်ယောက်ဟာ စံနမူနာပြဖြစ်တဲ့အတွက် ကိုယ်က ဦးဆောင်လုပ်သွားမယ်၊ ကိုယ့်အကျိုးအတွက်မဟုတ်ဘဲ တိုင်းပြည်အကျိုး၊ ပြည်သူ့အကျိုး၊ ပတ်ဝန်းကျင် အကျိုးတွေကို သယ်ပိုးထမ်းဆောင်သွားမှာပါ။

မေး အောင်မြင်မှုတစ်ခုရဖို့လိုအပ်မှုတွေက။

ဒီပြိုင်ပွဲအတွက် စိတ်ရောကိုယ်ပါ အများကြီးကြိုးစားထားပါတယ်။ ဒီပြိုင်ပွဲက ပရိတ်သတ်တွေရဲ့ အားပေးမှုအများကြီးလိုပါတယ်။ ပရိသတ်ရဲ့အားပေးမှုက ညီမတို့ရဲ့ အောင်မြင်မှုပါပဲ။

Miss Golden Myanmar Fun Page ကနေ နံပါတ် ၁၅ Han Thi ကို
https://www.facebook.com/MissGoldenLandMyanmar/photos/a.590514451068987.1073741847.451527441634356/590518961068536/?type=1&relevant_count=1 မှာ Like ပေးလို့ရပါတယ်။ ညီမကို အားပေးတဲ့ ပရိတ်သတ်တွေလည်း စိတ်ချမ်းသာခြင်း၊ ကိုယ်ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Photo: နိုင်ငံ့ဂုဏ်ကိုဆောင်နိုင်သည့် အလှမယ် ဖြစ်ချင်သည့် အသက် ၁၇ နှစ်အရွယ် ဟန်သီ နှင့် မဇ္ဈိမ တွေ့ဆုံခြင်း

Miss Golden Land Myanmar ပြိုင်ပွဲရဲ့ ပြိုင်ပွဲဝင်အလှမယ် ၂၅ ဦး ထဲမှာ မဲအရေအတွက် အများဆုံးရရှိနေ တဲ့ခါးနံပါတ် ၁၅ ပိုင်ရှင် ဟန်သီကို စိတ်ဝင်စားမိတာ အမှန်ပါပဲ။ သူဟာ အလှမယ် ပြိုင်ပွဲတွေ ဝင်မပြိုင်ခင်ကတည်းက အနုပညာပြေးလမ်းပေါ်မှာ လျှောက်လှမ်းနေတာမို့ ဘာကြောင့်များ အလှမယ်ပြိုင်ပွဲကို ဝင်ပြိုင်ဖြစ်တာလည်းဆိုတဲ့ မေးခွန်းများနဲ့ ဟန်သီကို ထိတွေ့စေခဲ့ပါတယ်။

မေး အရင်ဆုံး ညီမရဲ့ အနုပညာလှုပ်ရှားမှုအစက….

အနုပညာစလုပ်ဖြစ်ခဲ့တာကတော့ ၂ဝ၁၂ ခုနှစ်၊ ဧပြီလ က ဖြစ်ပါတယ်။ ညီမက ရန်ကုန်ကပါပဲ။ Good Care ကြော်ငြာ နဲ့စခဲ့တာပါပဲ။ နောက်မဂ္ဂဇင်းတွေ၊ ဂျာနယ်တွေရဲ့ အကူအညီနဲ့ ပရိသတ်သိလာတာပါ။ အသက်ကတော့ ၁၇ နှစ်ပါ။ IGCSE စာမေးပွဲ ဖြေဆိုထားပါတယ်။

မေး အနုပညာအလုပ်တွေလဲ လုပ်နေတယ်နော်။

ညီမအနေနဲ့ Tv ကြေငြာ ကိုးခုရှိပါပြီ။ မဂ္ဂဇင်း Cover ကတော့ ဆယ်ခုကျော်သွားပါပြီ။ အဓိကကတော့ ဂျာနယ်တွေမှာ မျက်နှာဖုံး တွေအများဆုံးရိုက်ဖြစ်ပါတယ်။ နောက်ပိုင်းဆက်ရိုက်မယ့် ကြော်ငြာတွေလည်း ရှိပါတယ်။

မေး အနုပညာရှင်တစ်ယောက်ဖြစ်နေပေမယ့် ဘာ့ကြောင့်များ အလှမယ်ပြိုင်ပွဲကို ဝင်ပြိုင်ချင်တာလဲ။

ဒီပြိုင်ပွဲက နေအလှမယ် ငါးဦး အရွေးခံရမယ်။ အရွေးခံရမဲ့ ငါးဦးဟာ ပရဟိတလုပ်ငန်းတွေ အဓိက လုပ်ဆောင်ရမယ်။ နိုင်ငံတကာမှာ ပြိုင်ပွဲဝင်ရမယ့်အတွက် နိုင်ငံ့ဂုဏ်ဆောင်ဖြစ်ရမယ်။ ဒီအတွက် နိုင်ငံ့ဂုဏ် ဆောင် အမျိုးသမီးတစ်ယောက်လည်း ဖြစ်ချင်တယ်။ ပြိုင်ပွဲရဲ့စည်းကမ်းတွေဖြစ်တဲ့ ခန္ဓာကိုယ်လှပမှု၊ အလှအပများနဲ့ ဥာဏ်ရည်ဥာဏ်သွေးဆိုတဲ့ အချက်သုံးချက် ပြည့်စုံရမယ်။ ပြိုင်ပွဲမှာ ရွေးချယ်မယ့်အချက်တွေလည်း ပြည့်စုံအောင် အများကြီး ကြိုးစားထားပါတယ်။ ကိုယ်လည်း လုပ်နိုင်တယ်ဆိုတာကြောင့် ဒီပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖြစ်တာပါ။

မေး အနုပညာအလုပ်ကို ဘယ်အတိုင်းအတာထိလုပ်မယ်လို့ ရည်ရွယ်ထားလဲ။

အနုပညာအလုပ်ကို ဟန်သီဆုံးခန်းတိုင်အောင်လုပ်မှာပါ။ ပညာရေးကလည်း လက်ရှိမပြီးသေးတော့ ပညာရေးကိုလည်း ဆုံးခန်းတိုင်အောင် ဟန်သီသင်ချင်သေးတယ်။ ပညာရေးဆုံးခန်း တိုင်သွားတာနဲ့ အနုပညာ အလုပ်ကိုအားကြိုးမာန်တက်နဲ့ ဟန်သီလုပ်သွားမှာပါ။

မေး အခုအလှမယ်တွေနဲ့ပတ်သက်တဲ့ သတင်းတွေကလည်းထွက်လာတော့ အလှမယ်တစ်ယောက်သာ ဖြစ်ခဲ့ ရင်ကိုယ့်ရဲ့နေထိုင်ဖြတ်သန်းမှုက

အလှမယ် တစ်ယောက်ဖြစ်လာရင်တော့ တတ်နိုင်သလောက်ဟန်သီအကောင်းဆုံးကြိုးစားနေထိုင် သွားနိုင်အောင်ကြိုတွေး ကြိုစဉ်းစားထားပါတယ်။ အလှမယ် တစ်ယောက်ဟာ စံနမူနာပြဖြစ်တဲ့အတွက် ကိုယ်က ဦးဆောင်လုပ်သွားမယ်၊ ကိုယ့်အကျိုးအတွက်မဟုတ်ဘဲ တိုင်းပြည်အကျိုး၊ ပြည်သူ့အကျိုး၊ ပတ်ဝန်းကျင် အကျိုးတွေကို သယ်ပိုးထမ်းဆောင်သွားမှာပါ။

မေး အောင်မြင်မှုတစ်ခုရဖို့လိုအပ်မှုတွေက။

ဒီပြိုင်ပွဲအတွက် စိတ်ရောကိုယ်ပါ အများကြီးကြိုးစားထားပါတယ်။ ဒီပြိုင်ပွဲက ပရိတ်သတ်တွေရဲ့ အားပေးမှုအများကြီးလိုပါတယ်။ ပရိသတ်ရဲ့အားပေးမှုက ညီမတို့ရဲ့ အောင်မြင်မှုပါပဲ။

Miss Golden Myanmar Fun Page ကနေ နံပါတ် ၁၅ Han Thi ကို
https://www.facebook.com/MissGoldenLandMyanmar/photos/a.590514451068987.1073741847.451527441634356/590518961068536/?type=1&relevant_count=1 မှာ Like ပေးလို့ရပါတယ်။ ညီမကို အားပေးတဲ့ ပရိတ်သတ်တွေလည်း စိတ်ချမ်းသာခြင်း၊ ကိုယ်ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

စပိန်နှစ်သင်း ချန်ပီယံလုမယ့် ဥရောပစူပါဖလားဗိုလ်လုပွဲ


 ရီးရဲလ်မက်ဒရစ် - ဆီဗီလာ နောက်ဆုံးသုံးကြိမ်တွေ့ဆုံမှုရလဒ် ရီးရဲလ်၎-၁ဆီဗီလာ ရီးရဲလ်၇-၃ဆီဗီလာ ဆီဗီလာ၂-၁ရီးရဲလ် ယနေ့ ညဥ့်နက်ပိုင်း (ဗုဒ္ဓဟူးနံနက်) ၁ နာရီ ၁၅ မိနစ်မှာ ရီးရဲလ်နဲ့ ဆီဗီလာတို့ရဲ့ ဥရောပစူပါဖလားပွဲကို ကြည့်ရတော့မှာပါ။ ရီးရဲလ်မှာ ရော်နယ်ဒို မပါဝင်နိုင်သေးဘဲ နိုင်ငံတကာ ချန်ပီယံဖလား ကာကွယ်နိုင်စွမ်း မရှိပေမယ့် ချန်ပီယံလိဂ် ချန်ပီယံနဲ့ ယူရိုပါလိဂ် ချန်ပီယံတို့ ရင်ဆိုင်တဲ့ပွဲက ဂုဏ်သိက္ခာပိုင်းအရရော အစဉ်အလာအရပါ တန်ဖိုးထားတာကြောင့် အနိုင်ရဖို့ အားထည့်ကြိုးပမ်းပါလိမ့်မယ်။ ရီးရဲလ်မှာ ရော်နယ်ဒို၊ ဘေးလ်တို့အပြင် ဂျိမ်းစ်ရိုဒရီဂွက်ဇ်တို့ရဲ့ တိုက်စစ်က ဆီဗီလာကို ခြိမ်းခြောက်ကစားနိုင်ပါတယ်။ ဆီဗီလာမှာ ရာကီတစ် မရှိတော့ပေမယ့် ရှေ့တန်းမှာ အီယာဂိုအက်စ်ပတ်တော့ ရှိနေပြီး ဂိုးသွင်းခြေရှိနေပါတယ်။ ရီးရဲလ်မှာ ကာဆီးလက်စ်၊ ပီပီ၊ မိုဒရစ်၊ ဘန်ဇီးမား၊ ရော်နယ်ဒို၊ ကရူးစ်တို့ လူစုံပါလာဖို့ များပါတယ်။ စူပါဖလားပွဲတွေ ထုံးစံအတိုင်း ဂိုးများဖို့ရှိပြီး ရီးရဲလ်တို့ နှစ်ဂိုးအသာလောက်နဲ့ နိုင်ခြေများနေပြီး ဆီဗီလာလည်း တစ်ဂိုးလောက်တော့ ဂိုးပြန်သွင်းနိုင်ပါတယ်။ အပြန်အလှန်သွင်းဂိုး များနိုင်ခြေရှိတယ်။

ဘရူနိုင်း ဘုရင့်ဖလား ပြိုင်ပွဲတွင် မြန်မာ ယူ-၁၉ နိုင်ပွဲဆက်

ဘရူနိုင်းကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ (2014 The Hassanal Bolkiah Trophy) အုပ်စု(က) ဒုတိယရက်ပွဲစဉ်များ တွင် မြန်မာယူ-၁၉ အသင်းသည် တီမောလူငယ်အသင်းကို (၃-၁) ဂိုးဖြင့် အနိုင်ရရှိကာ အုပ်စုတွင် ဆက်လက်ဦးဆောင်ထားသည်။

သြဂုတ်လ ၁၀ ရက်က ဘရူ နိုင်းနိုင်ငံ ဘန်ဒါဆရီဘီဂါဝန်မြို့ တွင် ကျင်းပခဲ့သည့် အဆိုပါပွဲစဉ် တွင် မြန်မာယူ-၁၉ အသင်းအ တွက် အနိုင်ဂိုးများကို ပွဲချိန် ၄၃ မိနစ်တွင် အောင်သူ၊ ပွဲချိန် ၅၂ မိနစ်တွင် နန္ဒကျော် (ပင်နယ်တီ) နှင့် ပွဲချိန် ၇၃ မိနစ်တို့တွင် မျိုးကို ထွန်းတို့က သွင်းယူပေးခဲ့ခြင်းဖြစ် သည်။
အုပ်စု (က) အခြားပွဲစဉ်တွင် ထိုင်းလူငယ်အသင်းက ဖိလစ်ပိုင် လူငယ်အသင်းကို (၂-၀) ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ အုပ်စု (က) ဒုတိယရက် ပွဲစဉ်များအပြီးတွင် မြန်မာယူ-၁၉ အသင်းက နှစ်ပွဲ ကစား၊ နှစ်ပွဲနိုင်၊ ရမှတ်ခြောက် မှတ်ဖြင့် အုပ်စုတွင် ဦးဆောင် ထားပြီး ထိုင်းလူငယ်အသင်းက နှစ်ပွဲကစား၊ တစ်ပွဲနိုင်၊ တစ်ပွဲရှုံး ရမှတ်သုံးမှတ်ဖြင့် ဒုတိယနေရာ တွင် ရပ်တည်နေသည်။

အုပ်စု (က) တတိယရက် ပွဲ စဉ်များကို သြဂုတ်လ ၁၂ ရက် တွင် ဆက်လက်ကျင်းပမည်ဖြစ် ပြီး မြန်မာယူ-၁၉ အသင်းနှင့် လာအိုလူငယ်အသင်း၊ တီမောလူ ငယ်အသင်းနှင့် ထိုင်းလူငယ်အ သင်းတို့ ယှဉ်ပြိုင်ကစားကြမည် ဖြစ်သည်။

ပြိုင်ပွဲဝင် ၁၁ သင်းပါဝင် ယှဉ်ပြိုင်သည့် အဆိုပါပြိုင်ပွဲကို သြဂုတ် ၂၃ ရက်အထိ ကျင်းပမည်ဖြစ်ပြီး မြန်မာယူ-၁၉  အသင်းသည် အုပ်စု (က)တွင် ထိုင်း၊ တီမော၊ လာအို၊ ဖိလစ်ပိုင်၊ အုပ်စု(ခ) တွင် ဘရူနိုင်း၊ ဗီယက်နမ်၊  စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှားနှင့် ကမ္ဘောဒီးယားအသင်းများ ပါဝင်လျက်ရှိသည်။

ဘရူနိုင်းဘုရင့်ဖလား ဘော လုံးပြိုင်ပွဲဝင်အသင်းများကို အ သက် ၂၁ နှစ်အောက် သတ်မှတ် ထားသော်လည်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် လာမည့် အောက်တိုဘာလအတွင်း အိမ် ရှင်အဖြစ် လက်ခံကျင်းပမည့် အာရှယူ-၁၉ နောက်ဆုံးအဆင့် အတွက် ပြင်ဆင်နေသည့် မြန်မာ ယူ-၁၉ အသင်းအား စေလွှတ် ယှဉ်ပြိုင်ခြင်းဖြစ်သည်။

ကိုယ်ဝန်ဆောင် မိခင် အစားအစာ


ကျွန်တော်တို့ နိုင်ငံရှိ လူမျိုးများ ဟာ အမျိုးသမီးများ ကိုယ်ဝန်ဆောင်စဉ် နှင့် ကလေးမီးဖွား ပြီး နို့တိုက် နေစဉ် ကာလ အတွင်း အစား အသောက် များ ကို အလွန် အမင်း ရှောင်တတ် ကြပါတယ် ...

ဗမာ၊ တရုတ်၊ ကုလား၊ ရှမ်း စတဲ့ လူမျိုး များ ရှောင်ကြတဲ့ အစား အသောက် များ ပေါင်းလိုက် ပါက စားစရာတောင် ကျန်မှာ မဟုတ်တော့ပါ ...

မိရိုးဖလာ အစဉ် အဆက် က စွဲလာခဲ့သော အယူအဆ မှားများကို ချက်ချင်း ပြင်ဖို့ရာမှာ အတော် ခက်ခဲ ပါတယ် ...

ဒါ့ကြောင့် စားသင့်သော အစား အစာ များ၏ ကောင်းကျိုး စားသင့်လျက် မစားပါက ဖြစ်ပေါ် လာမယ့် ဆိုးကျိုးများကို တဖြည်းဖြည်း လက်ခံလာအောင် အထောက် အထား နဲ့တကွ ပြောဆို ပညာပေး ရမှာ ဖြစ်ပါတယ် ...

ကျန်းမာရေး ပညာပေး media အားဖြင့်၎င်း၊ ဒေသအလိုက် ကျန်းမာရေး ဟောပြော ပွဲများတွင် ထည့်သွင်း ပြောကြား၍ ၎င်း၊ သားဖွား ဆရာမများမှ မိခင်များအား တိုက်ရိုက် ပညာပေးခြင်း ဖြင့်၎င်း

အဓိက အားဖြင့် အလွှာ တူ အချင်းချင်း (peer to peer) ကိုယ်ဝန်ဆောင် ဖူးသော မိခင်မှ အခြား ကိုယ်ဝန်ဆောင် မိခင်သို့ ပညာပေး ပြောကြားခြင်း တို့ ဖြစ်ပါတယ် ...

ကိုယ်ဝန်ဆောင် မိခင် ဖြစ်လာပြီ ဆိုလျှင် ယခင် ထက် အာဟာရဓါတ် ပိုမို လိုအပ် လာပါတယ် ... သန္ဓေသား ဖွံ့ဖြိုးမှု အတွက် လုံလောက် သော အာဟာရ ဓါတ်ကို ရရှိဖို့ စားသုံးရမှာ ဖြစ်ပါတယ် ... အကြမ်းဖျင်း စားသုံးရမယ့် အစားအစာ များမှာ အောက်ပါ အတိုင်း ဖြစ်ပါတယ် ...

သစ်သီးများနဲ့ဟင်းသီးဟင်းရွက်များ၊ ဂျုံ၊ ပြောင်းအစရှိတဲ့အနှံများကိုများစွာစားသုံးပါ..

အဆီနည်းသောနို့ထွက်ပစ္စည်းများ၊ အဆီနည်းသောအသားများကို သင့်တင့်စွာစားသုံးပါ..

အဆီများသောအစားအစာ၊ သကြားများသောအစားအစာ၊ ငန်သောအစားအစာများကိုအနည်းငယ်မျှသာစားသုံးပါ..

အဆီမပါသောအသားများ၊ ကြက်သား၊ ငါးများကိုစားသုံးပါ..

ပဲမျိုးစုံ၊ မြေပဲနှင့်အခြားသီးနှံအစေ့များကိုစားသုံးပါ..

အစိမ်းရောင်ရှိသောအရွက်များကိုစားသုံးပါ..

ကိုယ်ဝန်ဆောင် ကာလတွင် အဓိက လိုအပ်သော အာဟာရဓါတ်မှာ ဖောလစ်အက်စစ်နဲ့ သံဓါတ် တို့ ဖြစ်ပါတယ် ... ဖောလစ်အက်စစ် ဟာ သန္ဓေသားရဲ့ အာရုံကြောစနစ် ဖွဲ့စည်းမှုမှာ မရှိမဖြစ် အရေးကြီး လိုအပ်ပါတယ် ... ဒါ့ကြောင့် ကိုယ်ဝန် ပထမ သုံးလမှာ အဓိကထား ပြီး ကိုယ်ဝန် တစ်လျှောက်လုံးနဲ့ နို့တိုက် နေချိန် ကာလအတွင်း ဖောလစ် အက်စစ်ဓါတ် ကြွယ်ဝတဲ့ အစာများကို စားသုံး ရမှာ ဖြစ်ပါတယ် ... အစားအစာ တော်တော် များများ မှာလည်း ဖောလစ် အက်စစ် ဓါတ် ပါဝင် ပါတယ် ...

ဖောလစ်အက်စစ်ဓါတ်ကြွယ်ဝသောအစားအစာများ အကြွယ်ဝဆုံးအစားအစာများ ဒုတိယအကြွယ်ဝဆုံးအစားအစာများ တတိယအကြွယ်ဝဆုံးအစားအစာများ ကညွတ်ပင် ဂေါ်ဖီထုပ် မုန်လာဥဝါ အစိမ်းရောင်ပန်းဂေါ်ဖီ် ပန်းဂေါ်ဖီ အာလူး ပဲနီလေး တရုတ်နံနံ ခရမ်းချဉ်သီး ပဲသီးခြောက်များ လိမ္မော်သီး၊ လိမ္မော်ရည် စတော်ဘယ်ရီ ဟင်းနုနွယ် ကြက်သွန်နီတစ်မျိုး(leeks) ဆော်လမွန်ငါး ပဲဝါကလေး ရွှေပဲ သစ်ကြားသီး

ဂျူံစေ့ ဆားမပါသောမြေပဲကိုယ်ဝန် ဆောင်စဉ်အတွင်း အခြား လိုအပ်တဲ့ဓါတ်မှာ သံဓါတ် ဖြစ်ပြီး ကိုယ်ဝန်ဆောင် ကာလမှာ ရာသီသွေး မဆင်းတဲ့ အတွက် သံဓါတ် ဆုံးရှုံးမှု လျော့နည်း ပါတယ် ... သန္ဓေသား ကြီးထွား ဖွံ့ဖြိုး ကျန်းမာမှု အတွက် သံဓါတ်ဟာ အရေးကြီး ပါတယ် ... ဒါ့ကြောင့် စားသုံးသော အစာမှာ သံဓါတ် အပါအဝင် အာဟာရ ပြည့်ဝဖို့ လိုအပ်ပါတယ် ... အောက်တွင် အာဟာရ ဓါတ်များနှင့် ၎င်းတို့ကို အကြွယ်ဝဆုံး ရရှိနိုင်တဲ့ အစားအစာများကို ယှဉ်တွဲ ဖော်ပြ ပေးလိုက် ပါတယ် ...

အာဟာရဓါတ်များနှင့် ၎င်းတို့ကိုရရှိနိုင်သောအစားအစာများ အာဟာရဓါတ်များ ခန္ဓာကိုယ်အတွက်အသုံးဝင်ပုံ အကြွယ်ဝဆုံးရနိုင်သောအစားအစာများ ပရိုတိန်း(အသားဓါတ်) ဆဲလ်တည်ဆောက်ကြီးထွားမှုနှင့် သွေးတည်ဆောက်မှု အဆီမဲ့အသားများ၊ ကြက်ဘဲငှက်အသားများ၊ ငါး၊ ကြက်ဥအကာ၊ ပဲမျိုးစုံ၊ တိုဖူး ကစီဓါတ် နေ့စဉ်သွားလာလှုပ်ရှားမှုအတွက် အင်အားဓါတ် နှံစားပင်သီးနှံများ၊ အာလူး ပိန်းဥ ကန်စွန်းဥ အစရှိသည့်ဥများ၊ အသီးအနှံဟင်းသီးဟင်းရွက်များ အဆီဓါတ် ခန္ဓာကိုယ်အတွက်စွမ်းအင်သိုလှောင်မူ

အဆီပါအသားများ၊ မလိုင်ပါနို့နှင့်နို့ထွက်ပစ္စည်းများ၊ မြေပဲ သီဟိုစေ့ကဲ့သို့အစေ့များ၊ မာဂျရင်း၊ ပဲဆီ နှမ်းဆီ နေကြာဆီကဲ့သို့ သီးနှံဆီများ၊ ကယ်လ်စီယမ် အရိုးနှင့်သွားများတည်ဆောက်မှု၊ ကြွက်သားလှုပ်ရှားမှု၊ အာရုံကြောလုပ်ငန်းလုပ်ဆောင်မှု၊ နို့၊ ဒိန်ခဲ၊ ဒိန်ချဉ်၊ ဆာဒင်း ဆယ်လ်မွန်ကဲ့သို့ အရိုးပါစားနိုင်သောငါးများ၊ ဟင်းနုနွယ် သံဓါတ် သွေးနီဥတည်ဆောက်မှု အဆီမပါနီသောအသားများ၊ ဟင်းနုနွယ်၊ အစိမ်းရင့်ရောင်အရွက်များ၊ ဗိုက်တာမင် A အရေပြားကျန်းမာမှု၊ မျက်စိအမြင်ကောင်းမှု၊ အရိုးကြီးထွားမှု မုန်လာဥနီ၊

အစိမ်းပုပ်ရောင်အရွက်များ၊ အဝါရောင်အသီးများ၊ ဗိုက်တာမင် C သွား သွားဖုံး အရိုးကျန်းမာမှု၊ သံဓါတ်စုပ်ယူမှု သံပုရာ လိမ္မော် ရှောက် ဂရိတ်ဖရုအစရှိသည့်အသီးများ၊ ပန်းဂေါ်ဖီ၊ ခရမ်းချဉ်သီး၊ သစ်သီးဖျော်ရည်များ၊ ဗိုက်တာမင် B6 သွေးနီဥတည်ဆောက်မှု၊ ကစီဓါတ် အသားဓါတ် အဆီဓါတ်လုပ်ငန်းများ အားပေးမှု ဝက်သား၊ နှံစားပင်သီးနှံများ၊ ငှက်ပျောသီး၊ ဗိုက်တာမင် B12 သွေးနီဥတည်ဆောက်မှု၊ အာရုံကြောလုပ်ငန်းလုပ်ဆောင်မှု၊ အသား၊ ငါး၊ ကြက်ဘဲငှက်သားများ၊

နို့နှင့်နို့ထွက်ပစ္စည်းများ၊(နို့ထွက်ပစ္စည်းများပါရှောင်သော သတ်သတ်လွတ်စားသူများဟာ ဗိုက်တာမင် B12ချို့တဲ့နိုင်ပါတယ်..) ဗိုက်တာမင် D အရိုးနှင့်သွားများခိုင်မာမှု၊ ကယ်လ်စီယမ်စုပ်ယူခြင်းကိုအားပေးမှု နို့နှင့်နို့ထွက်ပစ္စည်းများ၊ နှံစားပင်သီးနှံများ၊ ပေါင်မုန့်၊ နှံစားပင်သီးနှံ(Cereals)=ဆန်၊ ဂျုံ၊ ပြောင်း ကဲ့သို့နှံစားပင်များ

ကိုယ်ဝန်ဆောင်စဉ်မှာ ခံစားရတဲ့ အဓိက ဝေဒနာတွေ ကတော့ ပထမသုံးလမှာ ပျို့အန်ခြင်းနဲ့ လရင့်တဲ့ အခါ ဖြစ်လေ့ရှိတဲ့ ရင်ပူရင်ကယ်ခြင်း တို့ဖြစ်ပါတယ် ... ပျို့အန်တဲ့အခါ လိုက်နာ ရမှာက တော့ အိပ်ရာ မထခင် အစာကြေ လွယ်တဲ့ ပေါင်မုန့်၊ ဘီစကစ်၊ သီးနှံ တစ်မျိုးမျိုး စားပါ ... ပြီးလျှင် အိပ်ရာမှ ဖြည်းဖြည်း ထပါ ... ရုတ်တရက် ပြင်းထန်သော လှုပ်ရှားမှုကို ရှောင်ပါ ... အစာစားနေစဉ် အစာအိမ် မတင်းစေရန် အရည် ကြားဖြတ် သောက်ပေးပါ ...

စပ်တဲ့ အစားအစာ၊ ချွဲပြစ်တဲ့ အစား အစာ များ ရှောင်ပါ ... ဗိုက်တင်းအောင် မစားဘဲ နည်းနည်းနှင့် မကြာမကြာ စားပေးပါ ... ပျို့ချင်လာ ပါက အမြှုပ်ထ အရည်တစ်မျိုးမျိုး(Fizzy drink) သောက်ပေးပါ ... ဂျင်းပါသော အရည်/အစားအစာ ဟာ ပျို့ခြင်းကို သက်သာစေပါတယ် ... လေဝင် လေထွက် ကောင်းသော နေရာမှာ အနားယူပါ..

လရင့်တဲ့အခါ ဖြစ်လေ့ ရှိတာကတော့ ရင်ပူရင်ကယ်ခြင်းပါဘဲ..သန္ဓေသားကြီးထွားလာပြီး မိခင် ဝမ်းဗိုက်အတွင်း နေရာ ပိုယူလာတာ ကြောင့် ဖြစ်ရတာပါ ... အစာကို များများ မစားဘဲ နည်းနည်းနှင့် အကြိမ် များများ စားပါ ... အိပ်ရာဝင် ခါနီး အစာစားခြင်း ကို ရှောင်ပါ ... အစာစားပြီး ခန္ဓာကိုယ် ကွေးခြင်း၊ အလေးအပင် မခြင်း၊ အိပ်ခြင်း ရှောင်ပါ ... လက်ဖက်ရည် ကော်ဖီ များများ သောက်ခြင်း ရှောင်ကြဉ်ပါ ...

ကိုယ်ဝန် ဆောင်စဉ်နဲ့ ကလေး မီးဖွားပြီး နို့တိုက်စဉ် ကာလအတွင်း အစားအသောက် များကို အလွန် အမင်း ရှောင်ကြဉ်ပါက မိခင် အနေနဲ့ လည်း ဗိုက်တာမင်ဓါတ် လိုအပ်ပြီး ကျန်းမာရေး ထိခိုက်နိုင်သလို ကလေးမှာလည်း ဗိုက်တာမင်ချို့တဲ့ပြီး (အရပ်အခေါ်) သူငယ်နာ ရောဂါ လက္ခဏာများ ပေါ်ပေါက်လာ တတ်ပါတယ် ... (ဗိုက်တာမင် ချို့တဲ့ သူငယ်နာ ရောဂါ လက္ခဏာများ ကို သီခြား ရေးသား ပါမယ်)

ဒါ့ကြောင့် ကိုယ်ဝန် ဆောင်စဉ် ကာလနဲ့ မီးဖွားပြီး နို့တိုက်စဉ် ကာလမှာ အာဟာရ ဖြစ်စေသော အစာများကို ရွေးချယ် စားသုံးပြီး ရှောင်ကြဉ် စရာများကို လိုက်နာခြင်း ဖြင့် ကျန်းမာ ဖွံ့ဖြိုးသော ရင်သွေးငယ် များကို အန္တရာယ်ကင်းစွာ မွေးဖွား နိုင်မည် ဖြစ်ပါကြောင်း ရေးသား လိုက်ရပါတယ်..

Monday, August 11, 2014

ကျန်းမာရေးဝန်ကြီးဌာန အီဘိုလာဗိုင်းရပ်စ်ရောဂါ သတိပေးနှိုးဆော်ချက်

အီဘိုလာဗိုင်းရပ်စပ်ရောဂါသည် ကူးစက်မြန်ရောဂါတစ်မျိုးဖြစ်ပြီး ကုသရန်ခက်ခဲသည့်အပြင် ရောဂါ ပြန့်ပွားမှုအား ထိန်းချုပ်ရန် အလွန်ခက်ခဲသောရောဂါ ဖြစ်သည်။
ebola-virus ယခုအခါ အာဖရိကအနောက်ပိုင်းဒေသရှိ Guinea, Liberia, Nigeria& Sierra Leone နိုင်ငံတို့တွင် ရောဂါကူးစက်ဖြစ်ပွားနေပြီး ၂၀၁၄ ခုနှစ် မတ်လမှ ၁-၈-၂၀၁၄ ရက်အထိ အီဘိုလာ ဗိုင်းရပ်စ် ရောဂါဖြစ်ပွားသူ ၁၆၀၃ ဦးနှင့် သေဆုံးသူ ၈၈၇ ဦးတို့ရှိခဲ့ပါသည်။
အီဘိုလာဗိုင်းရပ်စ်ရောဂါကူးစက်နိုင်သောနည်းများ
-အီဘိုလာဗိုင်းရပ်စ်ရောဂါသည် ရောဂါပိုးရှိသောလူ (သို့မဟုတ်) တိရစ္ဆာန် တံတွေး၊ သွေး၊ ခန္ဒာကိုယ်မှ ထွက်သောအရည်တို့နှင့် တိုက်ရိုက်ကိုင်တွယ်ထိတွေ့ခြင်း
- အဆိုပါ သွေးနှင့် ခန္ဓာကိုယ်မှ အရည်များ ထိတွေ့ထားသော အရာဝတ္တုများနှင့် ထိတွေ့ ကိုင်တွယ်ခြင်းတို့မှ ကူးစက်နိုင်သည်။
ဆားစ်၊ လူတုပ်ကွေးရောဂါ၊ H7 N9 ကြက်ငှက်တုပ်ကွေးရောဂါ၊ မားစ်ပြင်းထန်အဆုပ်ရောဂါ (MERS CoV) တို့ကဲ့သို့ လေထဲမှတစ်ဆင့် ကုးစက်နိုင်သောရောဂါမဟုတ်ပါ။
-အိုဘီလာရောဂါသည် လေ၊ ရေအစားအစာတို့မှတစ်ဆင့် မကူးစက်နိုင်ပါ။
-ယခုအချိန်ထိအီဘိုလာဗိုင်းရပ်စပ်ရောဂါကိုကာကွယ်ကုသရန် ဆေးမရှိသေးပါ။ ရောဂါမဖြစ်ပွားရန် ကာကွယ်ရန် အရေးကြီးပါသည်။
-ရောဂါပိုးရှိသောလူနာနှင့်တိရစ္ဆာန်တို့၏ တံတွေး၊ သွေးစသော ခန္ဓာကိုယ် အရည်များအား ကိုင်တွယ်ထိတွေ့သူများတွင် အဓိကရောဂါကူးစက်နိုင်ခြေရှိသဖြင့် ကာကွယ်သည့် နည်းလမ်းများကို တိကျစွာလိုက်နာဆောင်ရွက်ရန်လိုပါသည်။
အီဘိုလာဗိုင်းရပ်စ်ရောဂါသံသယလက္ခဏာများ
အီဘိုလာ ဗိုင်းရပ်စ်ရောဂါ ကူးစက်ဖြစ်ပွားနေသောနိုင်ငံများ အထူးသဖြင့် ( အနောက် အာဖရိက နိုင်ငံများ ) သို့ သွားရောက်ခဲ့သူများ (သို့မဟုတ်) နိုင်ငံတကာခရီးသွားသူများ၊ ကူးစက်မြန် အီဘိုလာ ရောဂါလူနာအားတိုက်ရိုက်ပြုစုကုသထိတွေ့ကိုင်တွယ်ခဲ့သူများ၊ ရောဂါရှိသော တောရိုင်း တိရစ္ဆာန် များအား ထိတွေ့ကိုင်တွယ်ခဲ့သူများတွင်
-ဖျားခြင်း၊ အားအင်ချည့်နဲ့ခြင်း၊ ကြွက်သားများနာကျင်ကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ လည်ချောင်းနာခြင်း၊ အန်ခြင်း၊ အရည်ဝမ်းသွားခြင်း၊
-အီဘိုလာဗိုင်းရပ်စ်ပိုးသည် အသည်းနှင့် ကျောက်ကပ်များပျက်စီးနိုင်သဖြင့် ခန္ဓာကိုယ်အတွင်းနှင့်အပြင် သွေးယိုထွက်မှုရှိခြင်းကြောင့် အသက်အန္တရာယ်ဖြစ်စေနိုင်ပါသည်။
အီဘိုလာရောဂါကူးစက်မှုမရှိစေရေးကာကွယ်ရန်နည်းလမ်းများ
၁။ တစ်ကိုယ်ရေသန့်ရှင်းရေးကိုအထူးဂရုပြုပါ။
၂။ လက်ကိုရေနှင့်ဆပ်ပြာဖြင့် မကြာခဏဆေးကြောပါ။
၃။ ရောဂါပိုးရှိသူ၏ သွေးနှင့် ၄င်းခန္ဓာကိုယ်မှထွက်သောအရည်များအားထိတွေ့ကိုင်တွယ်ခြင်းမပြုရ။
၎။ ရောဂါပိုးရှိသောလူ၊ တိရစ္ဆာန်တို့၏ သွေးနှင့် ၄င်းခန္ဓာကိုယ်မှ ထွက်သော အရည်များရှိနိုင်သည့်
(အရာ ၀တ္တု ပစ္စည်း၊ ခုံများ၊ စားပွဲများ၊ အိပ်ရာ၊ လှေကားလက်ရန်း၊ နံရံစသည်တို့အား )ထိတွေ့ ကိုင်တွယ်ခြင်း မပြုရ။
၅။ အထူးသဖြင့် အီဘိုလာဗိုင်းရပ်စ်ရောဂါ ကူးစက်ဖြစ်ပွားသောနိုင်ငံများသို့ သွားရောက်ခဲ့သူများနှင့် နိုင်ငံတကာခရီးသွားသူများတွင်အောက်ဖော်ပြပါ သံသယလက္ခဏာများပေါ်လာပါကကျန်းမာရေးဌာနသို့ ချက်ချင်းသတင်းပို့ဆေးကုသမှုခံယူပါ။ ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ကိုယ်လက်ကိုက်ခဲခြင်း၊ နုံးချည့်ခြင်း၊ လည်ချောင်းနာခြင်း၊ အရည်ဝမ်းသွားခြင်း၊ အန်ခြင်း၊ ခန္ဓာကိုယ်အတွင်းနှင့်အပြင် သွေးယိုထွက်မှုရှိခြင်း။
၆။ အထက်ပါ သံသယလက္ခဏာဖြစ်ပွားသူများတွေ့ရှိပါကနီးစပ်ရာကျန်းမာရေးဌာနသို့ ချက်ချင်း သတင်းပို့ပါ။
၇။ နိုင်ငံခြားသို့ ခရီးသွားရောက်ရန် အစီအစဉ်ရှိပါကရောဂါဖြစ်ပွားကူးစက်နေသည့်နိုင်ငံများသို့ သွားရောက်ခြင်းကိုရှောင်ကြည်ပါ။
ကျန်းမာရေးဝန်ကြီးဌာနမှ အီဘိုလာရောဂါကြိုတင်ကာကွယ် ကုသ ထိန်းချုပ်ရေး လုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်လျှက်ရှိသည့်အတွက် ကျန်းမာရေးဝန်ကြီးဌာန၏ သတိပေးနှိုးဆော်ချက်များကို တိကျစွာ လိုက်နာဆောင်ရွက်ပါ။
ကျန်းမာရေးဝန်ကြီးဌာန

Wednesday, August 6, 2014

ဒီဇိုင်းအပြင်အဆင်နှင့် ဈေးခန့် မှန်းချက် နဲ့အတူ Xiaomi ရဲ့ အသစ်မိတ်လိုက်တဲ့ Mi 4 စမတ်ဖုန်း


တရုတ်နိုင်ငံရဲ့ စမတ်ဖုန်း ထုတ်လုပ်တဲ့ Xiaomi က အိန္ဒိယနိုင်ငံ စမတ်ဖုန်းနယ်ပယ်မှာဆူညံ ဆူညံဖြစ်သွားစေပါတယ်။ Mi 3 စမတ်ဖုန်းကို ထုတ်လုပ်ပြီးပြီးချင်း မိနစ် (၄၀) အတွင်း အကုန်ရောင်းချခဲ့ပြီး အောင်မြင်မှုကို လှလှပပ ရရှိခဲ့ရလို့ Xiaomi ကတော့အခု Mi 4 စမတ်ဖုန်းကို မိတ်ဆက်ပေးလိုက်ပြန်ပါတယ်။

Mi 3 နေရာမှာ အစားထိုးရောက်ရှိလာတဲ့ Mi 4 ကို ပြိုင်ဘက်တွေနဲု့ ဈေးနှုန်းယှဉ်နိုင်အောင် အရည်အသွေး အလွန်ကောင်းမွန်တဲ့ ကာဗာကိုတတ်ဆင်ပေးထားပါတယ်။ ၂၀၁၄ ရဲ့ ပထမနှစ်တစ်ဝက်မှာပဲ Mi စမတ်ဖုန်း အလုံးရေ ၂၆.၁၁ မီလျံရောင်းချခဲ့တယ်လို့ Xiaomi က ပြောဆိုခဲ့ပါတယ်။ Mi 4 ထွက်ရှိလာမယ့်နေ့ကို စောင့်နေသူတွေအတွက် Mi 4 အကြောင်း အသေးစိတ်အချက်အလက်တွေနဲ့ ခန့်မှန်းခြေဈေးနှုန်းတွေကို ကြည့်ရှုလို့ရအောင်……….

ဒီဇိုင်းအပြင်အဆင်



Display: 5-inch full-HD 1080x1920 pixels JDI OGS lamination display.

Processor: Quad-core Qualcomm Snapdragon 801 processor paced at 2.5GHz with 3GB of internal RAM.

OS: Android KitKat 4.4 layered with Xiaomi's soon to launch OS version of MIUI called MIUI 6.

Front Camera: 8-megapixel front-facing camera with Sony's stacked CMOS sensors.

Rear Camera: 13 MP camera with Sony's stacked CMOS sensors.

Variants: 16GB and 32GB

Changeable Rear Panels: Wooden and Denim

ဈေးနှုန်းခန့်မှန်းချက်

Xiaomi က Mi 3 ကို ၂၉၉,၈၅ ကျပ် နဲ့ အဆမတန်ဈေးနှုန်းချိုချိုသာသာနဲ့ ရောင်းချခဲ့ပါတယ်။ ဒါကြောင့်လဲ နောက်ပိုင်းမှာ အောင်မြင်မှုရလာခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ Mi 4 ကို ပိုမိုလျင်မြန်တဲ့ ပရော်စက်ဆာ နှင့် ပိုမိုကောင်းမွန်တဲ့ မျက်နှာပြင်အသွင်အပြင်တွေ ပြောင်းလဲပြုလုပ်ထားတာကြောင့် ခန့်မှန်းခြေဈေးနှုန်းကတော့ ၂၈၅၀၀၀ - ၃၄၅၀၀၀ ကျပ် ၀န်းကျင်လောက်ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့တခြားစမတ်ဖုန်းတွေရဲ့ ဈေးနှုန်းနဲ့ ယှဉ်ရင်အများကြီးသက်သက်သာသာရှိမှာဖြစ်ပါတယ်။

Source: mensxp.com

Tuesday, August 5, 2014

အမေရိကန်မှ အယ်ဘိုလာ ကျွမ်းကျင်သူ (၅၀) ကို အာဖရိကသို့ စေလွှတ်မည်

အနောက်အာဖရိကတွင် အယ်ဘိုလာဗိုင်းရပ်စ် ပျံ့ ပွားမှု ထိန်းမရသော အနေအထား ရောက်နေခြင်းကို ကူညီနိုင်ရန် အမေရိကန်မှ အများ ပြည်သူ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင် ပညာရှင် (၅၀) ကို အာဖရိသို့ စေလွှတ်သွားမည် ဖြစ်ကြောင်း အမေရိကန် အစိုးရက ကြေညာသည်။
အယ်ဘိုလာသည် ထိန်းချုပ် မရသော အနေအထားသို့ ရောက်နေသည့်တိုင် စနစ်တကျ ဆောင်ရွက်ပါက ကျိန်းသေပေါက် ထိန်းချုပ်နိုင်မည် ဖြစ်ကြောင်း အမေရိကန် ကျွမ်းကျင်သူများက ဆိုသည်။ ဂီနီ၊ လိုင်ဘေးရီးယားနှင့် ဆီရီရာလီယွန် တို့တွင် အယ်ဘိုလာ ပြင်းထန်စွာ ဖြစ်ပွားနေပြီး မတ်လ မှစတင်ကာ ယခုထိ လူပေါင်း (၇၂၈) ဦး သေဆုံးခဲ့ပြီဖြစ် သည်။
လိုင်ဘေးရီးယားတွင် အယ်ဘိုလာဝေဒနာရှင်များအား ကျန်းမာရေး စောင့်ရှောက်မှု ပေးနေသည့် အမေရိကန်ဆရာဝန် ကန့်ဘရန်တလီသည် ဗိုင်းရပ်စ်ကူးစက်ခံရမှုကြောင့် အမေရိကန်နိုင်ငံအတ္တလ္တာမြို့ အီမိုရီတက္ကသိုလ် ဆေးရုံသို့ပြန် သယ်ယူကာ ကျန်းမာရေး စောင့်ရှောက်မှု ပေးနေရာ အခြေ အနေ တိုးတက်မှုရှိကြောင်း သိရသည်။
အယ်ဘိုလာ ဝေဒနာရှင်ထံမှ ထွက်သော သွေးနှင့် ခန္ဓာကိုယ်အရည်များကို ထိမိရုံဖြင့် ဗိုင်းရပ်စ် ကူးစက်နိုင်သည်။ ဗိုင်းရပ်စ် ကူးစက်ခံရပါက အဖျားကြီးခြင်း၊ ကြွက်သားများ နာကျဉ်ခြင်းများ ဖြစ်ပွားသည်။ မျက်လုံးနှင့် သွားဖုံးများမှ သွေးများ ထွက်တတ်သလို၊ ခန္ဓာကိုယ်တွင်းလည်း သွေးများ ထွက်ကာ ကိုယ်တွင်း ကလီစာများ အလုပ်လုပ်မှု ရပ်ဆိုင်းကာ သေဆုံးတတ်သည်။ အယ်ဘိုလာ ပျံ့ ပွားမှု ထိန်းချုပ်ရေးက ရှင်းရှင်းလေးပါ။ အယ်ဘိုလာ ဝေဒနာရှင်ကိုရှာ၊ တစ်ခြားသူတွေဆီ မကူးအောင် သီးသန့် ခွဲထားပြီး ကုသပေး၊ ဝေဒနာရှင်နဲ့ ထိတွေ့မိသူတွေကို လိုက်ရှာပြီး သီးသန့်ခွဲထား၊ အယ်ဘိုလာ မကူးအောင် နေထိုင်ပုံတွေကို လူတွေသိအောင် ပညာပေး၊ ဆေးရုံ တွေမှာလည်း ကူးစက်မှု မရှိအောင် ထိန်းချုပ်၊ အဓိကက စည်းကမ်းတွေ ကို ပြည်သူတစ်ရပ်လုံးက လိုက်နာကြဖို့ပဲ ဟု အမေရိကန် ကူးစက်ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးအဖွဲ့ကြီး (CDC) ၏ ညွှန်ကြားရေးမှူး ဒေါက်တာသောမတ် ဖရိုင်ဒန် က အေဘီစီသတင်းဌာနနှင့် တွေ့ဆုံမှု၌ ပြောကြား သည်။

Source: BBC

စည်းကမ်းမဲ့ ယာဉ်များအား အွန်လိုင်းမှတစ်ဆင့် ယာဉ်ထိန်းရဲတပ်ဖွဲ့သို့ တိုင်ကြားနိုင်


ရန်ကုန် တိုင်းဒေသကြီးအတွင်း ယာဉ်စည်း ကမ်းချိုးဖောက်သူများအား ခရီးသွား လာနေသော ပြည်သူများအနေဖြင့် တွေ့ရှိပါက ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့သို့ အွန်လိုင်းမှ တစ်ဆင့် အသိပေးတိုင်ကြားနိုင် ကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှသိရသည်။
ယင်းသို့ အွန်လိုင်းမှတစ်ဆင့် သတင်းပေးတိုင်ကြားလိုသူများအ နေဖြင့် ယာဉ်စည်းကမ်းချိုးဖောက် သောယာဉ်နံပါတ်၊ စည်းကမ်းချိုးဖောက် သောနေရာ၊ အချိန်နှင့် မည်သို့ယာဉ် စည်းကမ်း ချိုးဖောက်သည်ဆိုသော အချက်အလက်များအား မှတ်တမ်း ဓာတ်ပုံနှင့်တကွ အင်တာနက်လူမှု ကွန်ရက်စာမျက်နှာတစ်ခုဖြစ်သော ဖေ့ဘွတ်စ်စာမျက်နှာ Yangon Traffic Police@facebook.com . ပေါ်တွင် ဝင်ရောက်ရေးသားဖော် ပြ၍ဖြစ်စေ၊ ဂျီးမေးလ်လိပ် စာဖြစ်သော whitep2014@gmail.com သို့ဖြစ်စေ ပေးပို့တိုင်ကြားနိုင် ကြောင်း ရန်ကုန်တိုင်းဒေသကြီးယာဉ် ထိန်းရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။
''အဓိကကပြည်သူတွေအနေ နဲ့ လမ်းသွားလမ်းလာရင်း ပဲဖြစ်ဖြစ်၊ မော်တော်ကား အသုံးပြုသွားနေစဉ် ပဲဖြစ်ဖြစ် လမ်းပေါ်မှာ ယာဉ်ထိန်း ရဲလဲ မရှိဘူး။ စည်းကမ်းမဲ့ယာဉ်မောင်း နှင်သူတွေက ယာဉ်စည်းကမ်းချိုးဖောက် မှုတွေကို ကျူးလွန်နေတယ်ဆိုတာ ကိုတွေ့တာနဲ့ ကျူးလွန်တဲ့ပုံစံကို မှတ်တမ်းဓာတ်ပုံရိုက်ပြီး အင်တာနက် ကနေတစ်ဆင့် ပေးပို့တိုင်တန်းလို့ ရအောင်လုပ်ထားတာပါ။ ဒါပေမဲ့ ဒီလိုဓာတ်ပုံရိုက်မှတ်တမ်းတင်ပြီး တိုင်တန်းတဲ့အခါမှာ ပြစ်မှုကျူးလွန်နေ တဲ့ကားနံပါတ်နဲ့ ကျူးလွန်နေတဲ့ အထောက်အထားပုံကို ရှင်းရှင်းလင်း လင်းဖော်ပြ တိုင်တန်းပေးဖို့တော့လို ပါမယ်။ ဘာကြောင့်လဲဆိုတော့ ကျွန် တော်တို့အနေနဲ့ တိုင်တန်းမှုတွေကို အရေးယူတဲ့အခါမှာ ယာဉ်စည်းကမ်း ချိုးဖောက်ပြီး ပြစ်မှုကျူးလွန်ကြောင်း အခိုင်အမာရရှိဖို့ သက်သေအတိ အကျလိုအပ်တဲ့အပြင် သက်သေအ ထောက်အထား အတိအကျရမှ အ ရေးယူရတာ လွယ်ကူမှာမို့လို့ပါ'' ဟု ယင်းယာဉ်ထိန်းရဲအရာရှိက ရှင်းပြ သည်။
ထိုသို့ပြည်သူများမှ အင်တာ နက်မှတစ်ဆင့် ယာဉ်စည်းကမ်းချိုး ဖောက်သော ယာဉ်များအား အရေး ယူပေးရန် တင်ပြတိုင်တန်းမှုများမှာ ဇွန်လအတွင်း ၄၅မှုနှင့် ဇူလိုင်လ အတွင်း ၆၆မှုအား လက်ခံရရှိခဲ့ကြောင်း၊ ယင်းကဲ့သို့ ပြည်သူများ၏ တိုင်ကြားမှု များတွင် လမ်းပြောင်းပြန်မောင်းနှင်မှု၊ မျဉ်းဖြတ်မောင်းနှင်မှု၊ သတ်မှတ် လမ်းကြောင်းအတိုင်း မမောင်းနှင်မှု၊ ယာဉ်နှစ်ထပ်ရပ်မှုနှင့်ခရီးသည် တင်ယာဉ်များမှ မှတ်တိုင်မဟုတ်ပဲ လူအတင်အချပြုလုပ်မှုများပါဝင် ကြောင်း၊ အဆိုပါတိုင်ကြားမှုများအား ယာဉ်ထိန်းရဲတပ်ဖွဲ့အနေဖြင့် ၁၉၆၄ ခုနှစ်မော်တော်ယာဉ်ဥပဒေ၊ ၁၉၈၉ မော်တော်ယာဉ် နည်းဥပဒေများဖြင့် မှတ်တမ်းတင် အရေးယူထားရှိပြီးဖြစ် ကြောင်း၊ ယင်းအပြင် လိုင်စင်ပိတ် သိမ်းရမည့် ယာဉ်စည်းကမ်းချိုးဖောက် မှုများအား ကုန်းလမ်းပို့ဆောင်ရေးညွှန် ကြားမှုဦးစီးဌာန(ကညန)သို့ ပေး ပို့ထားရှိကြောင်း ရန်ကုန်တိုင်းဒေသ ကြီးယာဉ်ထိန်းရဲတပ်ဖွဲ့မှ ထပ်မံ သိရသည်။
TRT

တရုတ် ယူနန်ငလျင် သေဆုံးသူဦးရေ ၃၈၀ ကျော်အထိ ရောက်ရှိ


တရုတ်ပြည်သူ့သမ္မတနိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်တွင် သြဂုတ်လ ၃ ရက်နေ့က အင်အား ၆ ဒသမ ၁ ရှိသော ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့ရာ နောက်ဆက်တွဲ မြေပြိုမှုများ ဖြစ်ပွားသဖြင့် သေဆုံးသူဦးရေ ၃၈၁ ဦးအထိ ရောက်ရှိသွားကာ ဒဏ်ရာရသူ ၁၈၀၀ ဦးကျော် ရှိမည်ဖြစ်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
ကယ်ဆယ်ရေး လုပ်သားများနှင့် ထိခိုက်မှုက အင်အား မမျှတသဖြင့် စစ်သား ၂၅၀၀ ကို ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အစိုးရက စေလွှတ် အားဖြည့်ထားသေးသည်။
တောင်ပေါ်ဒေသတွင် လှုပ်ခတ်သော ငလျင်ဖြစ်ပြီး မြေပြိုမှုများ ဖြစ်ပွားခဲ့ကာ အဆိုပါ ဒေသအတွင်း ၁၄ နှစ်တာ ကာလအတွင်း အပြင်းထန်ဆုံး ငလျင်ဖြစ်ခဲ့သည်ဟု CCTV သတင်းဌာနက ဖော်ပြထားသည်။
တရုတ်သမ္မတ ရှီကျင့်ဖျင်က စစ်သားများကို အဆိုပါဒေသသို့ စေလွှတ်လိုက်ပြီး အသက်ရှင် ကျန်ရစ်သူများကို အားကုန်ထုတ်ပြီး ရှာဖွေကြရန် ပြောကြားခဲ့သေးသည်။
လက်ရှိအချိန်တွင် ကယ်ဆယ်ရေး လုပ်သား ၄၀၀၊ ရဲနှင့် မီးသတ်စုစုပေါင်း ၃၀၀ တို့က အရေးပေါ် အကူအညီပေးရေးများ လုပ်ဆောင်နေပြီး စစ်အင်အား ၂၅၀၀ က ၎င်းတို့ကို အားဖြည့်မည် ဖြစ်သည်။
ဝန်ကြီးချုပ် လီကွတ်ချောင်က အခင်းဖြစ်ရာ ယူနန်ပြည်နယ်ကို သွားရောက်နေပြီ ဖြစ်ကြောင်း Xinhua သတင်းဌာနက သတင်းထုတ်ပြန်ထားသည်။
အိမ်ခြေပေါင်း တစ်သောင်းနှစ်ထောင် ပျက်စီးသွားခဲ့ပြီး အိမ်သုံးသောင်းခန့်က ထိခိုက်မှုများ ဖြစ်သွားခဲ့သည်ဟု အဆိုပါ သတင်းက ဖော်ပြထားသည်။
အရေးပေါ် ယာယီတဲများ၊ ယာယီအိပ်ရာများ၊ ခြုံထည်များနှင့် အနွေးထည်များ သဘာဝဘေးဒဏ်သင့် ဧရိယာကို ပို့ဆောင်ထားပေးသည်ဟု တရုတ်အစိုးရက သတင်းထုတ်ပြန်ထားသည်။
သို့သော် အရေးပေါ် ကူညီထောက်ပံ့ရေး ပစ္စည်းများ လိုအပ်နေဆဲ ဖြစ်ကြောင်း ကယ်ဆယ်ရေး လုပ်သားများက ပြောဆိုကြသည်ဟု BBC သတင်းဌာနမှ ဘေဂျင်းအခြေစိုက် သတင်းထောက် စီလီယာ ဟတ်တန်က ဆိုသည်။
မရပ်မနား ရွာသွန်းလျက်ရှိသော မိုးနှင့် မြေပြိုမှုများ ဆက်လက် ဖြစ်ပွားနေမှုကြောင့် လမ်းများ အလွန်ပျက်စီးသွားခဲ့ရကြောင်းလည်း ၎င်းက ထပ်လောင်း ပြောကြားထားသည်။

Avast Mobile Security & Antivirus Premium v3.0.7751 APK Update (1-Aug)


Avast ဆိုတာက နာမည်ကြီးတဲ့ Antivirus တစ်ခုပါ။ အခုခေတ်က မိုဘိုင်းခေတ်ဆိုတော့ ဖုန်းတွေမှာလည်း အသုံးပြုနိုင်အောင် Avast Mobile Security & Antivirus Premium ဆိုပြီး အသစ်ထွက်ရှိလာပါပြီ။ Antivirus ဆိုတာမျိုးက PC မှာသာမက Phone များမှာပါရှိထားသင့်ပါတယ်။
Android ဖုန်းတစ်လုံးအတွက် Security ပိုင်းကိုလုံခြုံစိတ်ချအောင် ကာကွယ်ပေးနိုင်ပြီး အခြား အသုံးဝင်တဲ့ Feature တွေအများကြီးပါဝင်ပါတယ်။ virus scanner, virus removal, protector, network meter, app manager, app lock, Backup/Restore , စတဲ့ Feature ပေါင်းများစွာပါဝင်ပါတယ်။
Avast ကိုအသုံးပြုဖို့ Root Access မရှိလည်းရပါတယ်။ Android OS 2.1 နှင့်အထက်ဖုန်းများမှာအသုံးပြုနိုင် မှာဖြစ်ပါတယ်ဗျာ။
အောက်ကlinkမှာ Downloadဆွဲနိုင်ပါပြီခင်ဗျာ
http://www.mediafire.com/download/7vqccy3umef5gfo/Avast%20Mobile%20Security%20%26%20Antivirus%20Premium%20v3.0.7751%20By%20

IS ဂျီဟတ်ဝါဒီ လက်နက်ကိုင်များအား ဆီးရီးယား ရွာသားများ တိုက်ထုတ်


အစ္စလာမ် နိုင်ငံတော် (IS) အမည်ရှိ အစ္စလာမ် အစွန်းရောက် လက်နက်ကိုင် များအား ဆီးရီးယား အရှေ့ဖျားပိုင်းရှိရွာ သုံးရွာမှ ဒေသခံများက တိုက်ခိုက် မောင်းထုတ် ခဲ့ကြကြောင်း သိရသည်။ ထိုဖြစ်ရပ်မှာ ဆီးရီးယားတွင် ရှားပါးသည့် ဖြစ်ရပ်ဖြစ်ကြောင်း သိရှိရသည်။ လေးရက်ကြာ မြင့်ခဲ့သည့် တိုက်ခိုက်မှု ဖြစ်စဉ်တွင် IS ဂျီဟတ်ဝါဒီ လက်နက်ကိုင် ကိုးဦး၊ အရပ်သား ငါးဦးနှင့် မျိုးနွယ်စုဝင် သုံးဦးတို့ သေဆုံးခဲ့ကြောင်း ဗြိတိန် အခြေစိုက် ဆီးရီးယား အတိုက်အခံ လှုပ်ရှားသူများက ပြောဆိုခဲ့သည်။ တူရကီ အခြေစိုက် ဆီးရီးယားအရေး လှုပ်ရှားသူ တစ်ဦးကလည်း အက်စ်ဟာရာတွင် လှုပ်ရှားနေသည့် IS ဂျီဟတ်ဒ်ဝါဒီ လက်နက်ကိုင်များ၏ လှုပ်ရှားမှုများအား တန်ပြန် တိုက်ခိုက်မှုများ ရှိနေကြောင်း ပြောဆိုခဲ့သည်။ IS ဂျီဟတ်ဝါဒီ လက်နက်ကိုင်တို့ သည် ဆီးရီးယား နှင့် အီရတ်တို့ တွင် အစ္စလာမ် နိုင်ငံတော် တည်ထောင်ရန် ဆုံးဖြတ် ထားကြသည်။
IS ဂျီဟတ်ဝါဒီ လက်နက်ကိုင် များသည် ယခုနှစ် နွေရာသီတွင် ဆီးရီးယား၌ ခြေကုပ်ယူခဲ့ပြီး ဒေသခံ ဆွန္နီများ၏ ကူညီ ထောက်ပံ့မှုဖြင့် အီရတ် အနောက်ပိုင်း နှင့် မြောက်ပိုင်း တို့အား သိမ်းပိုက်နိုင်ခဲ့က အီရတ် မြို့တော်ကို ပင်ခြိမ်းခြောက် နိုင်ခဲ့သည်။ ပြီးခဲ့သည့် သတင်းပတ်များ အတွင်း IS ဂျီဟတ်ဒ် ၀ါဒီ လက်နက်ကိုင် တို့သည် ဆီးရီးယားရှိ ၎င်းတို့ ထိန်းချုပ် ထားသည့် နယ်မြေ ပိုင်နက်များကို ချဲ့ထွင်နိုင်ခဲ့ပြီး ရေနံ ကြွယ်ဝသည့် ဒီယာအက်ဇာ ပြည်နယ်ကို သိမ်းပိုက် နိုင်ခဲ့သည်။
Source:BBC

တစ်နေ့ကို မီးနစ် ၃၀ ပြေးပါ


ကျန်းမာရေး ကောင်းချင်တဲ့ သူပဲ ဖြစ်ဖြစ် ဝိတ်ကျချင်သူပဲ ဖြစ်ဖြစ် လုပ်သင့်တဲ့ လေ့ကျင့်ခန်းပါ။ မီးနစ် ၃၀ လောက်ပြေးလိုက်တဲ့ အတွက် ခန္ဓာကိုယ်မှ ချွေးများ ထွက်လာကာ ခန္ဓာကိုယ် တွင်းမှ မကောင်း တဲ့ အညစ်အကြေးတွေ ချွေးအဖြစ် ထွက်သွား ပါလိမ့်မယ်။ ဒါကြောင့် စိတ်ကို ကြည်လင် လန်းဆန်းစေတဲ့ အပြင် ကျန်းမာရေး ကိုပါ ကောင်းစေနိုင် ပါတယ်။
ဝိတ်ကျချင်သူတွေ အနေနဲ့ကလည်း လုပ်သင့်တဲ့ လေ့ကျင့်ခန်းပါ။ အသားအရည်ကိုလည်း လှပစေနိုင်ပါတယ်။ ဘာလို့ဆိုတော့ မကောင်းတဲ့ အရာတွေ ချွေးအဖြစ် ထွက်သွားလို့ပါ။ ဒါ့ကြောင့် သက်ကြီး ရွယ်အို၊ လူငယ်၊
လူရွယ်၊ အမျိုးသမီး ၊ အမျိုးသား၊ ကလေး၊ လူကြီး အားလုံး တစ်နေ့ကို မီးနစ် ၃၀ ပြေးပါလို့ တိုက်တွန်းပါရစေ။

တစ်နေ့ကို မီးနစ် ၃၀ ပြေးပါ

ကျန်းမာရေး ကောင်းချင်တဲ့ သူပဲ ဖြစ်ဖြစ် ဝိတ်ကျချင်သူပဲ ဖြစ်ဖြစ် လုပ်သင့်တဲ့ လေ့ကျင့်ခန်းပါ။ မီးနစ် ၃၀ လောက်ပြေးလိုက်တဲ့ အတွက် ခန္ဓာကိုယ်မှ ချွေးများ ထွက်လာကာ ခန္ဓာကိုယ် တွင်းမှ မကောင်း တဲ့ အညစ်အကြေးတွေ ချွေးအဖြစ် ထွက်သွား ပါလိမ့်မယ်။ ဒါကြောင့် စိတ်ကို ကြည်လင် လန်းဆန်းစေတဲ့ အပြင် ကျန်းမာရေး ကိုပါ ကောင်းစေနိုင် ပါတယ်။

ဝိတ်ကျချင်သူတွေ အနေနဲ့ကလည်း လုပ်သင့်တဲ့ လေ့ကျင့်ခန်းပါ။ အသားအရည်ကိုလည်း လှပစေနိုင်ပါတယ်။ ဘာလို့ဆိုတော့ မကောင်းတဲ့ အရာတွေ ချွေးအဖြစ် ထွက်သွားလို့ပါ။ ဒါ့ကြောင့် သက်ကြီး ရွယ်အို၊ လူငယ်၊
လူရွယ်၊ အမျိုးသမီး ၊ အမျိုးသား၊ ကလေး၊ လူကြီး အားလုံး တစ်နေ့ကို မီးနစ် ၃၀ ပြေးပါလို့ တိုက်တွန်းပါရစေ။

http://goo.gl/odZAvC
ကျော်လင်းနိုင်
ကျန်းမာရေးနှင့် အလှအပ သတင်းများ

နှလုံး-အဆုပ် ပြန်လည် အလုပ်လုပ်စေရန် အရေးပေါ်ပြုစုပေးခြင်း (CPR)


• လူနာကို မာသောကြမ်းပြင်ပေါ် ထားပါ၊
• မိမိက လူနာ၏ ဘေးမှာ ဒူးနှစ်ဖက် ထောက်ပြီး ထိုင်ပါ။
• လူနာမှ တင်းကြပ်နေသော အဝတ်အစားများ လျော့ပါ-ဖယ်ပါ။
• မိမိ၏ လက်ဝါး နှစ်ဖက်ကို ထပ်ပြီး၊ လူနာ၏ ရင်ပတ် အလယ်တည့်တည့် နို့အုံနှစ်ဖက်၏ အလယ်၊ ရင်ညွန့်ရိုး အပေါ်မှာ တင်ပါ၊
• မိမိ၏ လက်နှစ်ဖက်ကို ဆန့်တန်းထားပြီး၊ မိမိ၏ ကိုယ်အလေးချိန်ကို မိမိလက်နှစ်ဖက်အပေါ်သို့ ပြောင်းရွှေ့ ကာ၊ မိမိ၏ လက်ပါးနှစ်က လူနာ၏ရင်ပတ်ကို ဖိချပေးရမည်။
• နှစ်လက်မခန့် ကျသွားအောင် ဖိလိုက်ပြီးနောက် လုံးဝကြွလိုက်ရမည်။
• တမိနစ်လျင် အကြိမ် ၁ဝဝ နှုန်းဖြင့် ထိုအတိုင်း ဖိလိုက်-ကြွလိုက် လုပ်ရမည်။
• အကြိမ် ၃ဝ လုပ်ပြီးတိုင်း၊ ပါးစပ်မှလေသွင်းခြင်း (၂) ခါ လုပ်ရမည်။
• ရင်ပတ် ဖိ-ကြွခြင်းနှင့် ပါးစပ်မှလေသွင်းခြင်းကို စုစုပေါင်း (၂) မိနစ် သို့မဟုတ် (၅) ပါတ် လုပ်ရမည်။
ကျန်မာရေး ဆိုင်ရာ ဗဟုသုတများ's photo. 
 

အာဖရိကနိုင်ငံများတွင် ပျံ့နှံ့နေသော ကူးစက်မြန် အီဘိုလာဗိုင်းရပ်စ်ပိုးရှိ မရှိကို လေဆိပ်မှဝင်လာသော ခရီးသွားများကို စစ်ဆေးရာတွင် အခက်အခဲတချို့ရှိနေ

အာဖရိကနိုင်ငံများတွင် ပျံ့နှံ့နေသော ကူးစက်မြန် အီဘိုလာဗိုင်းရပ်စ်ပိုးရှိ မရှိကို လေဆိပ်မှဝင်လာသော ခရီးသွားများကို စစ်ဆေးရာတွင် အခက်အခဲတချို့ရှိနေသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၊ ရောဂါနှိမ်နင်းရေးမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စိုးလွင်ငြိမ်းက မဇ္ဈိမကို ပြောသည်။
“ဗိုင်းရပ်စ်ပိုးက အာဖရိက,က စလာတာဆိုတော့ အာဖရိကကို သွားတဲ့ ခရီးသွားတွေကို အဓိက စစ်ဖို့ လိုတယ်။ မြန်မာနိုင်ငံကို အာဖရိကက လာမယ်ဆိုရင်လည်း ခရီးသွားတွေအတွက် transit က လာတာများတော့ စစ်ရတဲ့အခါ အခက်အခဲနည်းနည်းရှိတယ်။ ဘာလို့လဲဆိုတော့ အာဖရိက ကလာတဲ့ ခရီးသွားရဲ့သမိုင်းကြောင်းကို သေချာမသိတော့ အကယ်၍ ရောဂါ ပါလာမယ်ဆိုရင်တောင် ကြန့်ကြာနိုင်တာပေါ့။ ကျန်တာတော့ အခက်အခဲမရှိပါဘူး”ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် မြန်မာနိုင်ငံသို့ ပြည်ပမှ ၀င်ရောက်မည့် ခရီးသည်အားလုံးကို လေဆိပ်များတွင် စစ်ဆေးလျက်ရှိပြီး ယနေ့အချိန်ထိ သံသယရှိသူ တစ်ယောက်မျှ မတွေ့ရှိသေးကြောင်း ၎င်းက ဆိုသည်။
“စစ်ဆေးတဲ့နေရာမှာ ဗိုင်းရပ်စ်ရဲ့ အဓိကလက္ခဏာဖြစ်တဲ့ အဖျားကြီးတာကို ရှိမရှိ အဓိက စစ်ဆေးတယ်။ ကိုယ်ခန္ဓာအပူချိန်ကို စောင့်ကြည့်စစ်ဆေးတဲ့ သဘောပေါ့” ဟု ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၏ ကျန်းမာရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အနောက်အာဖရိက လေးနိုင်ငံ(Guinea, Liberia, Nigeria နှင့် Sierra Leone) တွင် အီဘိုလာဗိုင်းရပ်စ် အကြီးကျယ်ဆုံး ပျံ့နှံ့နေသောကြောင့် ယင်းရောဂါပိုး နိုင်ငံတကာသို့ ပျံ့နှံလာနိုင်သည်ဆိုသော စိုးရိမ်မှုများ မြင့်တက်လာခဲ့သည်။
အီဘိုလာဗိုင်းရပ်စ်ကို ကာကွယ်ရန် မြန်မာနိုင်ငံတွင်လည်း စစ်ဆေးနေသကဲ့သို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) နှင့် အမေရိကန်ရောဂါထိန်းချုပ်ကာကွယ်ရေးဌာန (CDC) တို့ကလည်း အလေးထားစောင့်ကြည့်နေကြသည်။
“အီဘိုလာဗိုင်းရပ်စ်မှ မဟုတ်ဘူး။ ကူးစက်မြန်တဲ့ ဘယ်ရောဂါကိုမဆို ၂၀၀၉ ခုနှစ်ကတည်းက အမြဲတမ်း လေဆိပ်အ၀င်တွေမှာ စောင့်ကြည့်ခဲ့တာပါ။ ဘယ်တော့မှလည်း ရပ်သွားဖို့ မရှိပါဘူး။ အခုလည်း WHO က ညွှန်ကြားထားတဲ့ ညွှန်ကြားချက်အတိုင်း ဆောင်ရွက်နေပါတယ်။ အကယ်၍ သံသယရှိသူ တစ်စုံတစ်ရာ တွေ့မယ်ဆိုရင်လည်း သူ့ရဲ့သမိုင်းကြောင်းကို မေးပြီး သတ်မှတ်ထားတဲ့ ဆေးရုံကို ပို့ဆောင်သွားမှာပါ”ဟု ဒေါက်တာစိုးလွင်ငြိမ်းက ဆိုသည်။
အီဘိုလာဗိုင်းရပ်စ်ကူးစက်ခံရသည့် ရောဂါလက္ခဏာများမှာ ဖျားခြင်း၊ အလွန်အမင်းအားနည်းခြင်း၊ ကြွက်သားများ နာကျင်ခြင်း၊ ခေါင်းကိုက်ခြင်း၊ မအီမသာဖြစ်ခြင်းနှင့် လည်ပင်းနာခြင်းတို့ကို ရုတ်ခြည်း ခံစားရမည်ဖြစ်ပြီး အန်ခြင်း၊ အရည်ဝမ်းသွားခြင်း၊ ကျောက်ကပ်နှင့် အသည်းချို့ယွင်းခြင်း၊ အချို့လူနာများတွင် ခန္ဓာကိုယ်တွင်းနှင့် ခန္ဓာကိုယ်ပြင်ပသို့ သွေးယိုစီးခြင်း လက္ခဏာများ ဖြစ်ပေါ်ပါက နီးစပ်ရာ ကျန်းမာရေးဌာနများတွင် ပြသဆေးကုသမှု ခံယူသင့်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
အီဘိုလာဗိုင်းရပ်စ် ကူးစက်ခံရသည့်အချိန်မှ ရောဂါလက္ခဏာပြသည့် အချိန်အထိ အချိန် ၂၁ ရက်ကြာပြီး အီဘိုလာဗိုင်းရပ်စ်ရောဂါ ကူးစက်ခံထားရပြီး ရောဂါလက္ခဏာမပြမီ အခြားသူ တစ်ဦးထံ ရောဂါကူးစက်ခြင်း မရှိကြောင်း သိရသည်။
အာဖရိကတွင်၂၀၁၄ မတ်လမှစ၍ လက်ရှိ လေးလတာကာလအတွင်း ရောဂါကူးစက်သူ ၁,၃၀၀ ကျော်နှင့် သေဆုံးသူ ၇၂၉ ဦး ရှိနေပြီဟု နိုင်ငံတကာ သတင်းဌာနများက ဖော်ပြထားသည်။
စင်ကာပူနိုင်ငံမှ မြန်မာနိုင်ငံသို့ သြဂုတ် လ ၄ ရက်၊ ညနေ ငါးနာရီခွဲခန့်က ပြန်လည်ရောက်ရှိလာသည့် ခရီးသည်တစ်ဦးက လေဆိပ်တွင် ရောဂါပိုးနှင့် ပတ်သက်သည့် မည်သည့် စစ်ဆေးမှုကိုမှ ပြုလုပ်ခြင်း မခံရကြောင်း ပြောသည်။

Monday, August 4, 2014

အမျိုးသမီးတွေဟာ အမျိုးသားတွေထက် သင်ယူလေ့လာရာမှာ ပိုမိုလျင်မြန်ထက်မြတ်ဟု လေ့လာချက်ကဆို



အမျိုးသမီးတွေဟာ လေ့လာသင်ယူရာမှာ အမျိုးသားတွေထက် လျင်လျင်မြန်မြန် တတ်မြောက်ကြတယ်လို့ လေ့လာချက် အသစ်တစ်ခုအရ သိရှိရပါတယ်။ အကြောင်းကတော့ သူတို့တွေ မကြာခဏဆိုသလို ခွဲခြား ဆက်ဆံခံရတာကြောင့် ဖြစ်နိုင်တယ်လို့ဆိုပါတယ်။ အသက်(၅၇) နှစ်ရှိ မတူညီကွဲပြားတဲ့ နေထိုင်မှုပုံစံမှလာကြတဲ့ လူပေါင်း ၃၁,၀၀၀ ယောက်ရဲ့ ဦးနှောက်တွေကို အသေအချာ စစ်ဆေးမှုပြုလုပ်ခဲ့ပါတယ်။ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးက လူနေမှုအဆင့်အတန်းမြင့်မြင့်နဲ့ နေထိုင်ခဲ့တဲ့အချိန်မှာ သင်ယူမှုမှာ ပိုမိုလျင်မြန်မှုရှိပြီး လူနေမှုဘ၀မှာအဆင်ပြေတဲ့ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် လျင်လျင်မြန်မြန် သင်ယူတတ်မြောက်ကြပါတယ်။
Proceedings of the National Academy of Sciences မှာဖော်ပြထားတဲ့ လေ့လာချက်အရ အမျိုးသားတွေထက် အမျိုးသမီးတွေက ဥာဏနဲ့ လုပ်ရတဲ့အလုပ်တွေကို ရရှိနိုင်ဖို့ ပိုပြီး ကြိုးစားရုန်းကန်ရတဲ့အတွက် သင်ယူလေ့လာရာမှာ ဥာဏ်ရည်ဖွံ့ဖြိုး တိုးတက်လာတာဖြစ်ပါတယ်လို့ ဆိုပါတယ်။
အမျိုးသမီးတွေ ပိုင်ဆိုင်တဲ့ အစွမ်းအစတွေကို တန်ဖိုးထားမခံရတာ သိသာထင်ရှားပါတယ်။ ဒါကြောင့်ဒီလို အကျိုးသက်ရောက်မှုတွေ ဖြစ်လာတာဖြစ်ပါတယ်လို့ လေ့လာချက်ပြုလုပ်သူ တစ်ယောက်ဖြစ်တဲ့ Agneta Herlitz က ရှင်းပြပါတယ်။ အမျိုးသားတွေနဲ့ အမျိုးသမီးတွေရဲ့ သင်ယူလေ့လာမှု ပုံစံခြားနားသွားတာ မဟုတ်ပါဘူး။ ဒါပေမဲ့ အရည်အချင်းဟာ အင်မတန်အရေးပါတယ်ဆိုတဲ့အကြောင်း ဒီလေ့လာမှုကနေ သိသာမယ်လို့ သူမမျှော်လင့်ထားပါတယ်။
Ref: cosmopolitan.com

ချစ်သူ တစ်ယောက်တည်းထားပေမယ့် ခံစားချက်ကတော့မျိုးစုံပဲလို့ပြောပြလာတဲ့ Bobby Soxer ရဲ့ တစ်ကိုယ်တော်အခွေနဲ့ အချစ်အကြောင်း



ဒုံးပျံအခွေနဲ့ ပရိသတ်အားပေးမှုကို တခဲနက်ရရှိခဲ့တဲ့ Bobby Soxer ထက်ထက်ဟာ ခုတစ်ခါတော့ တစ်ကိုယ်တော်ခွေအတွက် ပြင်ဆင်နေတယ်လို့ သိရပါတယ်။အောက်တိုဘာလမှာ ထွက်ရှိဖို့ ပြင်ဆင်နေတဲ့ တစ်ကိုယ်တော်ခွေအကြောင်းရော သူ့လတ်တလော လှုပ်ရှားမှုအကြောင်း သူနဲ့တွေ့ဆုံခိုက် မေးမြန်းဖြစ်တဲ့အခါ “ခုက မိုးနည်းနည်းပါးပြီဆိုတော့နယ်ရှိုးတွေဖြေးဖြေးချင်း ပြန်သွားဖြစ်တယ်။ ရန်ကုန်မှာတော့ ဓာတ်ပုံရိုက်ကြော်ငြာရိုက်လောက်ပဲ။ နောက် ကိုဘိုစန်းတို့ရဲ့ Bo Bo Music Production ၃ နှစ်ပြည့် ထဲမှာပါတဲ့ အတွဲသီချင်းလေး အမ်တီဗီရိုက်ထားတာ ထွက်ဖို့ရှိတယ်။ နောက်ပြီးအောက်တိုဘာလောက်မှာထွက်မဲ့ ထက်ထက်ရဲ့ တစ်ကိုယ်တော်ခွေအတွက် သီချင်းလုပ်နေတယ်။ ၅၀ ရာခိုင်နှုန်းလောက်တော့ပြီးပြီ။ သီချင်းက အကြမ်းထည်ပဲပြီးသေးတယ်။ အချောတော့ မကိုင်ရသေးဘူးပေါ့။ featuring က ကိုလွှမ်းပိုင်ပါတယ်။ ကျန်တာကတော့ မသေချာသေးဘူး။ ဒီတစ်ခေါက်ကတော့ အချစ်သီချင်းတွေပါမယ်။ အမြူးဆိုရင်လဲ စိတ်ကိုပျော်စေမဲ့ဟာမျိုး၊တီးလုံးကအစ သေချာတိုင်ပင်ပြီး လုပ်နေပါတယ်။ အဓိကကတော့ ထက်ထက်ဆိုနေကျပုံစံပါပဲ။ တီးလုံးပိုင်းကို ပိုပြီးဆန်းသစ်အောင်လုပ်နေတယ်။တေးရေးတွေက ထက်ထက်ဆိုတာတွေက ထက်ထက်ရေးတယ်။ ဘန်နီတို့ကိုလဲ ရေးခိုင်းထားတယ်။ လာမပေးသေးဘူး။”လို့ သူမက ပြောပါတယ်။
Bo Bo Entertainment က စီစဉ်တင်ဆက်သွားမယ့် ဇာတ်ကားမှာ သူမ ပါဝင်ရိုက်ကူးရမယ့်အကြောင်းကိုတော့ သူမက “ကိုဘိုစန်းတို့နဲ့ရိုက်မဲ့ဇာတ်ကားက သေချာတော့ မသိရသေးဘူး။ အကြမ်းဖျင်း ပြောထားတာပဲရှိသေးတယ်။ ဇာတ်ကို အတိအကျ မသိရသေးဘူး။ ထက်ထက်က အမ်တီဗီရိုက်တာတော့ အရမ်းဝါသနာပါတယ်။ ရုပ်ရှင်တို့ဗီဒီယိုတို့ကျတော့ ပရော်ဖက်ရှင်နယ် တစ်ယောက်လဲ မဟုတ်တဲ့တွက် ခက်ခဲမယ်။ ဒီဟာကိုလက်ခံတာကလဲ ကိုဘိုစန်းက ပရိုဂျူဆာဖြစ်နေတာကြောင့်ရယ်၊ သူငယ်ချင်းတွေနဲ့ရိုက်တာကြောင့်မို့လို့လက်ခံဖြစ်တာပါ။ ဒါရိုက်တာကလဲ ကိုထက်ဆိုတော့ လက်ခံဖြစ်တာပါ။ နောက်လုပ်ဖို့က ကိုယ်လုပ်နိုင်မလုပ်နိုင်လဲ ရှိသေးတာပေါ့”တဲ့။
သူမရဲ့အချစ်ရေးနဲ့ပတ်သတ်ပြီးတော့လည်း “အချစ်ရေးက ဘာမှထွေထွေးထူးထူး မရှိပါဘူး။ ဒီအတိုင်းပါပဲ။ ချစ်သူသက်တမ်းကိုတော့ မဖြေတော့ပါဘူး”လို့ပြောပြီးမှ သူမရဲ့အချစ်နဲ့ပတ်သတ်တဲ့စိတ်ခံစားချက်ကိုခုလို ထပ်ပြီး ဖွင့်ဟသွားပါတယ်။ “အချစ်ဆိုတာ ပူလောင်တယ်၊ အေးမြတယ်။မရှိပါဘူး။ ကိုယ့်ရည်းစားပေါ်မှာ မူတည်တာပေါ့နော်။ မျိုးစုံပဲ။ ထက်ထက်ခံစားရတဲ့အချစ်က ရည်းစားတွေ အများကြီးထားမှ မဟုတ်ဘူး။ တစ်ယောက်တည်းနဲ့လဲ မျိုးစုံပဲ”လို့ သူမက ပြောပြခဲ့ပါတယ်။

ပရိသတ်မုန်းမှာ ကြောက်လို့ အရမ်းဟဲဗီးဗန့်စ်ဆန်တဲ့ ကားတွေ မရိုက်ချင်ဘူးလို့ဆိုတဲ့ သွန်းဆက်



ဗီဒီယိုဇာတ်ကားတွေ ရိုက်လာရပြီးနောက်ပိုင်းမှာ ခေါင်းဆောင်မင်းသမီး နေရာတွေမှာတောင် သရုပ်ဆောင်လာရပြီဖြစ်တဲ့ သွန်းဆက်နဲ့ တွေ့ဆုံခိုက် သိချင်တာလေးတွေ မေးမြန်းဖြစ်ခဲ့တဲ့အခါ “ညီမ အခုလတ်တလောမှာ ကိုဇေရဲထက်၊ ကိုကျော်ကျော်နဲ့ ဗီဒီယိုဇာတ်ကားရိုက်နေတယ်။ ဒါရိုက်တာ ဦးဟိန်းစိုးပါ။ ဒီဇာတ်ကားမှာ ညီမက ဂျာနယ်လစ် တစ်ယောက်အဖြစ် သရုပ်ဆောင် ရပါတယ်။ အဲဒါကတော့ အစ်မတို့ သတင်းထောက်တွေရဲ့ ပုံစံကိုလေ့လာပြီးတော့ပဲ သရုပ်ဆောင်ဖြစ်ပါတယ်။ သတင်းထောက် တစ်ယောက်ပုံစံ သရုပ်ဆောင်ရတယ်ဆိုတော့ အဝတ်အစားပိုင်းကို စပို့ရှပ်၊ ရှပ်အင်္ကျီ၊ အကွက်နဲ့ ဘောင်းဘီရှည်ပဲ ဝတ်ဖြစ်ပါတယ်။”လို့ သူမက ပြောပါတယ်။
ခေါင်းဆောင်မင်းသမီးနေရာက ရိုက်ထားတဲ့ ဗီဒီယို ဇာတ်ကားတွေ ဒီလမှာ ဆက်တိုက်ထွက်လာတော့မယ် သူမက ဇာတ်ရုပ်ရွေးချယ်မှုအပိုင်းနဲ့ ပတ်သက်ပြီး “ညီမကအောင်သီရိနဲ့ စာချုပ်ချုပ်ထားတာဆိုတော့ တိုက်ကလာပေးတဲ့ ဇာတ်တွေကိုပဲရိုက်တာများ ပါတယ်။ သူတို့ကလည်း ညီမနဲ့လိုက်တဲ့ ကာရိုက်တာပဲ ပေးတာများတယ်လေ။ ညီမကို တစ်ခြားထုတ် လုပ်ရေးတွေကနေ လာကမ်းလှမ်းကြရင်တော့ ညီမသေချာရွေးဖြစ်ပါတယ်။ နောက်ပြီးညီမဗန့်စ် ဆန်တဲ့ ကားမျိုးတွေ မရိုက်ချင်သေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ ညီမက အခုမှ သရုပ်ဆောင် အသစ်စလုပ် နေရဆဲ၊ ခေါင်းဆောင်မင်းသမီးဖြစ်ကာစဆိုတော့ ညီမက အဲဒီလို အရမ်းဟဲဗီး ဗန့်စ်ဆန်တာတွေကို ရိုက်လိုက်မယ်ဆိုရင် ညီမကို ပရိသတ်မုန်းသွားမှာ ကြောက်တယ်။ သွန်းဆက်ကို ပရိသတ်တော်တော် များများက ကလေးဆန်တဲ့စွာတဲ့ ကာရိုက်တာနဲ့လိုက်တယ်လို့ ပြောကြပါတယ်။ ညီမသရုပ်ဆောင် တဲ့အခါမှာ ကာရိုက်တာနဲ့အညီ အံဝင်အောင်လုပ်နိုင်တာကိုတွေ့ရတယ်။
နောက်ပြီး ကိုပြေတီဦး၊ ဦးလူမင်း၊ တို့ကညီမရဲ့ဆရာတွေပါပဲ။ သူတို့တွေနဲ့ညီမက ရိုက်ဖြစ်တာ ပိုများတယ်ဆိုတော့ ညီမကို အမြဲသင်ပေးကြပါတယ်။ တစ်ခြားမင်းသားတွေ၊ ဒါရိုက်တာနဲ့ ရိုက်တဲ့အခါမှာလည်း သူတို့တွေက ညီမကိုသင်ပြပေးကြပါတယ်။ အဲဒါတွေကြောင့်မို့လည်း ညီမအကောင်းဆုံး ကာရိုက်တာ နဲ့အညီ သရုပ်ဆောင်နိုင်ခဲ့တာပါ။ အချိန်ခဏလေးအတွင်းမှာ ခေါင်းဆောင်မင်းသမီး ဖြစ်လာတာကတော့ ညီမစလုပ်တုန်းကဆို တစ်ခန်း၊ နှစ်ခန်းလောက် ပါတာမျိုးတွေလည်း သရုပ်ဆောင် ခဲ့ရပါတယ်။ ညီမအခုလို ခေါင်းဆောင်မင်းသမီး ဖြစ်လာတယ်ဆိုတာကလည်း အောင်သီရိ ထုတ်လုပ်ရေးကနေ ညီမကို ယုံယုံကြည်ကြည်နဲ့ လုပ်ပေးခဲ့တာဆိုတော့ အရမ်းပျော်တယ်။ ညီမရဲ့ကျေးဇူးရှင်ပါ။ အဲဒီ့အတွက် အများကြီး ကျေးဇူးတင်ပါတယ်။ ကိုပြေတီဦးနဲ့ဦးလူမင်းကိုလည်း ကျေးဇူးတင်ပါတယ်။ ညီမအနေနဲ့ နောက်ပိုင်းမှာလည်း ကြိုးစားအားထုတ်မှုကတော့ဒီထက်အများကြီး ကြိုးစားသွားမယ်။ ပရိသတ်တွေကလည်း သွန်းဆက်ရဲ့ခေါင်းဆောင်မင်းသမီးကားတွေထွက်လာလို့ ကြည့်တဲ့ အခါမှာ ပရိသတ်ရဲ့တုန့်ပြန်မှုအခြေအနေဘယ်လိုအနေအထားမျိုးရှိတယ်ဆိုတာ ကိုကြားရမယ်။ ပရိသတ်အားပေးမှ သွန်းဆက်ဆိုတာဖြစ်လာမှာဆိုတော့ ညီမကို ပရိသတ်ကြီးက အားပေးချစ်ခင်စေချင်ပါတယ်”လို့ သူမက ပြောပြသွားပါတယ်။

ပရိသတ်ကို ပေးဆပ်တာပဲများပြီး ရယူလိုတာ ဘာမှမရှိသေးဘူးလို့ဆိုတဲ့ စွမ်းရည်



သရုပ်ဆောင်နယ်ပယ်မှာ အချိန် အတော်ကြာ ဒုတိယမင်းသားတစ်ယောက်အနေနဲ့ ဖြတ်သန်းနေတဲ့ စွမ်းရည်က ခုဆိုရင် ဂီတဖက်မှာပါ ကြိုးစားဆောင်ရွက်နေပြီလို့သိလာရပါတယ်။ ပထမဆုံးအနေနဲ့ ဗီဒီယိုဈေးကွက်နဲ့ သူဘာ့ကြောင့် ဒုတိယနေရာကပဲ နေရသလဲဆိုတဲ့အကြောင်း သူပြောပြပေးသွားတာက “ခု ရိုက်ဖြစ်နေတာကတော့ ဒုတိယနေရာကပဲများတယ်ပေါ့နော်။လက်ရှိ အနုပညာလောကမှာ ကျင်လည်နေတာ ၅ နှစ် ၆နှစ်လောက်ရှိပါပြီ။ ကျွန်တော်သရုပ်ဆောင်စလုပ် တဲ့အချိန်မှာ တိုက်ပိုင်တွေမွေးကြတယ်။ ပိုက်ဆံချမ်းသာတဲ့သူတွေက ကုမ္ပဏီတွေထောင်တယ်။ သူတို့သားသမီးပဲဖြစ် ဖြစ် ပတ်သတ်ရာ ပတ်သတ်ကြောင်းပဲဖြစ်ဖြစ် ကိုယ်ကိုတိုင်ထုတ်ရိုက်တာသော်လည်းကောင်း ရှိကြတယ်ပေါ့နော်။ ခုရက်ပိုင်းမှာ ဗီဒီယိုဈေးကွက်တွေက အလားအလာမကောင်းဘူး။ ဥပမာ ကြိုးစားဆဲမင်းသားအသစ်တွေ ကလဲ ကျွန်တော်တို့စစလုပ်ခါစထက်စာရင် တော်တော်ကို ပျောက်ကွယ်သွားတာ မတွေ့ရတော့သလောက်ကို ရှားပါးသွားတာ။ ဒီလက်ဆယ်ချောင်းမပြည့်ပါဘူး။ တကယ့်ဈေးကွက်ဝင်မင်းသားတွေက၊ ကျွန်တော်နဲ့ တူတူ တွဲလုပ်တဲ့သူတွေဆို ဒါကိုပဲ ရပ်နားပြီး စီးပွားရေးပဲ လုပ်သွားကြတာလား။ ဆက်လုပ်နေတုန်းပဲလားဆိုတော့ ကိုယ်လုပ်တဲ့အနုပညာက ပရိသတ်နဲ့ အဆက်မပြတ်ဖို့တော့လိုတာပေါ့နော်။ အဲလိုမျိုးကျတော့ နယ်ကိုယ်စားလှယ်တွေကလဲ ရှုံးတဲ့တွက်ကြောင့်မို့လို့မ၀ယ်တော့တဲ့ အခါတွေမှာ ကိုယ့်ရဲ့ အနုပညာတွေက ပရိသတ်ဆီကို တကယ်ကို ထိထိရောက်ရောက်မရောက်တဲ့အခါမှာ အဲ့မှာတင် ဈေးကွက်ပြတ်တယ်ဘာညာဆိုပြီးတော့ မင်းသားသစ်တွေကို အရှုံးခံ မရိုက်ကြတော့ဘူးပေါ့။ အဲ့တော့ ကျွန်တော်တို့ကျတော့ ဘယ်လို စဉ်းစားရလဲ ဆိုတော့ ကုမ္ပဏီတစ်ခုနဲ့ခေါင်းဆောင်မင်းသားအနေနဲ့ရိုက်တယ်။ အဲ့ဒီမှာ အကျိုးအကြောင်းမတိုက်ဆိုင်စွာ ကျွန်တော့်ဖက်က ညံ့ဖျင်းမှုသော်လည်းကောင်း၊ ဒါမှမဟုတ် ကံမကောင်းတာပဲလားမသိပါဘူး။ ကျွန်တော်လဲ ဈေးကွက်ဝင်မင်းသားတစ်ယောက် ဖြစ်မလာခဲ့ဘူး။ အဲ့အချိန်မှာတင် ကျွန်တော်တစ်ထစ်ပြန်လျှော့ပြီးတော့ ပရိသတ်ဆီရောက်နိုင်မဲ့ second နေရာကနေ ကျွန်တော်ရိုက်ခဲ့တယ်။ ဒါပေမဲ့ ဒီ့ထက် အောက်ကျတဲ့ နေရာကနေတော့ မရိုက်တော့ဘူးပေါ့နော်။ ခုကျွန်တော်second နေရာကနေရိုက်လာတာ ၄ နှစ်ကျော် ၅ နှစ်ရှိလာပါပြီ။”လို့ သူက ပြောပါတယ်။
စွမ်းရည်ဟာ ခု လောလောဆယ် single အယ်ဘမ်လ်တစ်ခုလုပ်နေသူလည်း ဖြစ်ပါတယ်။ အသင့်ထာဝရလို့ အမည်ပေးထားတဲ့ အခွေလေးနဲ့ ပတ်သက်ပြီး သူပြောပြပေးသွားတာက “သီချင်းဆိုတာက အရင်ကတည်းက ၀ါသနာပါတာပေါ့နော်။ သရုပ်ဆောင်အလုပ်က မမျှော်လင့်ပဲဖြစ်သွားတာ။ ဂီတလောကထဲကို စ၀င်ဖို့ကြိုးစားရင်း ဒါရိုက်တာတွေနဲ့ သွားတွေ့ပြီး သရုပ်ဆောင်ဖြစ်သွားတာပေါ့။ ကျွန်တော်ခုလောလောဆယ် lazy club နဲ့တစ်ဝက်၊ တခြား တစ်ခုနဲ့တစ်ဝက်တီးနေပြီ။ ကျွန်တော် ၁၁ သို့မဟုတ် ၁၂ လောက်မှာ တစ်ကိုယ်တော် အယ်ဘယ်မ်ထွက်မှာပါ။ ပေါ့ရော့ခ် နည်းနည်း နွယ်တဲ့ပုံစံမျိုးလေးတွေ၊ သီချင်းတွေအားလုံးကို ကျွန်တော်တစ်ယောက်တည်း ရေးထားတာပါ။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်ကိုယ်တိုင်က စောင့်ဆိုင်းချင်တဲ့သူ ထဲမှာမပါဘူး။ အဲ့ဒီမှာ အချိန်လဲပေးရမယ်။ ကျွန်တော်လိုချင်တဲ့ပုံစံကို သူတို့ကနားမလည်တော့ ကိုယ်လုပ်ချင်တဲ့ အယ်ဘမ်လ် ကိုယ်လုပ်ချင်တဲ့လမ်းကို ကိုယ့်ဘာသာဖောက်လိုက်တယ်ပေါ့။ ၁၅ ပုဒ်ရေးထားတယ်။ single မှာတော့ ၁၁ ပုဒ်လောက်ရွေးထားတယ်။ ကျန်တဲ့ဟာကျတော့ သိမ်းထားသေးတယ်။ အသည်းကွဲသီချင်းတွေပါတယ်။ အနုပညာနဲ့ ပတ်သတ်ပြီးမအောင်မြင်တာ စိတ်ဓာတ်ကျတာ အဲလိုပုံစံလေးတွေပါတယ်။ ကျွန်တော်က ပြည်ဇာတိပါ။ မိဘတွေနဲ့ ခွဲပြီး ရန်ကုန်မှာ လာလုပ်ရတာပေါ့။ သီချင်းတွေအားလုံးက ကျွန်တော်ခံစားချက်တွေကြီးပဲ။ ကျွန်တော်နဲ့အရမ်း close ဖြစ်တယ်။ ကျွန်တော် ခံစားချက်ကို ရိုးရိုးသားသားလေး ရေးထားတာပေါ့။ နောက်ပြီးကျွန်တော့်အမေ မွေးနေ့တွက် အမေသီချင်းတစ်ပုဒ်ပါတယ်။ အခွေ title လေးကို တော့ အသင့်ထာဝရ လို့ပေးထားပါတယ်။ ဒီအခွေလေးကလဲ ပရိသတ်တွက် ပေးဆပ်မှုတစ်ခုပါပဲ။ ခုချိန်ထိ ပေးဆပ်နေတာတွေပဲ များပါတယ်။ ရယူလိုတယ်ဆိုတာ ဘာမှကို မရှိသေးတာပါ”တဲ့။

အမျိုးသားတစ်ဦးရဲ့ e-mail အတွင်း ကလေးငယ်ရဲ့ ညစ်ညမ်းဓါတ်ပုံ တွေ့ရှိမှုကြောင့် Google က ရဲတပ်ဖွဲ့ကို အကြောင်းကြားပြီးဖမ်းဆီး



အမျိုးသားတစ်ဦးရဲ့ e-mail အတွင်း အသက်မပြည့်သေးတဲ့ ကလေးငယ်ရဲ့ ညစ်ညမ်းဓာတ်ပုံ တွေ့ရှိမှုကြောင့် Google က ရဲတပ်ဖွဲ့ကို အကြောင်းကြားပြီး ဖမ်းဆီးခဲ့ပါတယ်။ အမေရိကန် နိုင်ငံ ဟူစတန်မြို့မှာ နေထိုင်တဲ့ အသက် ၄၁ နှစ်အရွယ် John Henry Skillern  ရဲ့ e-mail အတွင်းမှာ ကလေးငယ်တွေရဲ့ ညစ်ညမ်းဓါတ်ပုံ ၃ ပုံခန့််ကို Google က ရှာဖွေတွေ့ရှိခဲ့ပြီး ကလေးငယ်များဆိုင်ရာ အမျိုးသားရေးဋ္ဌာနကို အကြောင်းကြားခဲ့တာလို့ ရဲတပ်ဖွဲ့တာဝန်ရှိသူတွေက KHOU-TV ကိုပြောပြခဲ့ပါတယ်။

ဒီလိုမျိုး Google အသုံးပြုသူတွေရဲ့ ကိုယ်ပိုင် account အတွင်း မှ ဥပဒေနှင့်မလွတ်ကင်းတဲ့ အကြောင်းအရာတွေပါဝင်တဲ့ အချက်အလက်တွေအတွက် Google က ရဲတပ်ဖွဲ့ကို တိုင်ကြားနိုင်တဲ့ အခွင့်အရေးမျိုး ရှိသလားဆိုတာတော့ မေးခွန်းထုတ်စရာတစ်ခု ဖြစ်ခဲ့ပါတယ်။
Google က တာဝန်ရှိသူတွေရဲ့ ပြောကြားချက်အရ ဒီလို ရှာဖွေခွင့်မှာ ပေးပို့ထားတဲ့ e-mail တွေ ၊ လက်ခံရရှိ့ ထားတဲ့ e-mail တွေ နဲ့ သိမ်းဆည်းထားတဲ့ e-mail တွေအတွက်သာဖြစ်ပြီး ထို ၀န်ဆောင်မှု စည်းကမ်းချက်မှာ ဧပြီလက ပြုပြင်ဖြည့်စွက်ထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။
Ref:cnet.com

Friday, August 1, 2014

တစ်မိနစ် ၂၅ ကျပ်ဖြင့် တစ်လ ဖုန်းခေါ်နိုင်မည့် MPT ၏ ဝန်ဆောင်မှုအတွက် ကျပ် ၂၅၀၀ ပေးဆောင်ရမည်


ြ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ပထမဆုံးအကြိမ်အဖြစ် အထူးဆောင်ရွက်ပေးသည်ဆိုသော လူသုံးဦးကို တစ်မိနစ် ၂၅ ကျပ်နှင့် တစ်လအတွင်း ဖုန်းခေါ်ဆိုနိုင်မည့် Friends and Family ဝန်ဆောင်မှုအတွက် ၂၅၀၀ ကျပ်ပေးရမည် ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ဝန်ဆောင်မှုတွင် GSM နှင့် WCDMA ဖုန်းများသာ အသုံးပြုနိုင်ပြီး လတ်တလောတွင် သြဂုတ်လ တစ်လအတွင်းအတွက်သာ စီစဉ်ထားပြီး အသုံးပြုလိုပါက မိမိဆက်သွယ်လိုသော ဖုန်းနံပါတ်သုံးခုကို ၁၃၃၁ ကုတ်နံပါတ်ကို Massage ပေးပို့၍ အသုံးပြုနိုင်မည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းထံမှ သိရသည်။
နိုင်ငံခြားဆက်သွယ်ရေး ကုမ္ပဏီတစ်ခုဖြစ်သော အော်ရီဒူးက ဆင်းမ်ကတ်များ စတင်ရောင်းချတော့မည့်ဆဲဆဲ အချိန်တွင် မည်သည့်အချိန်ကမျှ အရောင်းမြှင့်တင်ရေး အစီအစဉ် မလုပ်ခဲ့ဖူးသော MPT ၏ ဝန်ဆောင်မှု အစီအစဉ် ထွက်ပေါ်လာခြင်း ဖြစ်သည်။
ယခုကဲ့သို့ ဝန်ဆောင်မှုများကို နိုင်ငံတကာတွင်လည်း ဝန်ဆောင်မှုပေးနေပြီး ဝန်ဆောင်ခ ကောက်ခံသည့် အော်ပရေတာများရှိသလို၊ မကောက်ခံသည့် အော်ပရေတာများလည်း ရှိကြောင်း IT ပညာရှင် တစ်ဦးဖြစ်သူ ဦးဇော်ဇော်မျိုးလွင်က ပြောကြားသည်။
“တန်တယ်၊ မတန်ဘူး ဆိုတာကတော့ သုံးစွဲသူရဲ့ရွေးချယ်မှုပဲ” ဟု ၎င်းက ဆိုသည်။
လူသုံးဦးကို တစ်လဝန်းကျင်သာ ဖုန်းပြောနိုင်မည့် အဆိုပါ ဝန်ဆောင်မှုအတွက် ငွေကျပ် ၂၅၀၀ ကျပ်ပေးဆောင်ရမည် ဖြစ်သောကြောင့် လူတစ်ဦးတည်းနှင့် တယ်လီဖုန်းကြာမြင့်စွာ ပြောလေ့ရှိသူများအတွက် တွက်ခြေကိုက်သော်လည်း ယင်းကဲ့သို့ ပြောဆိုလေ့ မရှိသူများအတွက်မူ ကုန်ကျစရိတ် မထူးခြားကြောင်း မိုဘိုင်းလ်ဖုန်း သုံးစွဲသူများက ဆိုသည်။
“တစ်ယောက်တည်းနဲ့လည်း ဖုန်းအကြာကြီးမပြောတော့ ကျွန်တော်တို့ဖို့တော့ ဘာမှမထူးဘူး။ ၅၀ ပဲဖြတ်ဖြတ်၊ ၁၀၀ ပဲဖြတ်ဖြတ်။ သုံးလည်းသုံးမှာ မဟုတ်ဘူး” ဟု နည်းပညာတက္ကသိုလ် ကျောင်းသားတစ်ဦးဖြစ်သူ ကိုအေးချမ်းအောင်က ဆိုသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် လတ်တလောတွင် အဆိုပါ ဝန်ဆောင်မှု သုံးစွဲလိုသူများသည် ၁၃၃၁ ကုတ်နံပါတ်ကို ဗီစာလုံးနှင့် ဖုန်းနံပါတ်သုံးခု ပေးပို့ရမည်ဖြစ်ပြီး Success! you can call 09….. for Kyats/min until 2014.8.31 နံပါတ်ကိုရရှိပါက စတင်သုံးစွဲနိုင်မည် ဖြစ်ကြောင်း ကြေညာထားသည်။