Tuesday, August 5, 2014

IS ဂျီဟတ်ဝါဒီ လက်နက်ကိုင်များအား ဆီးရီးယား ရွာသားများ တိုက်ထုတ်


အစ္စလာမ် နိုင်ငံတော် (IS) အမည်ရှိ အစ္စလာမ် အစွန်းရောက် လက်နက်ကိုင် များအား ဆီးရီးယား အရှေ့ဖျားပိုင်းရှိရွာ သုံးရွာမှ ဒေသခံများက တိုက်ခိုက် မောင်းထုတ် ခဲ့ကြကြောင်း သိရသည်။ ထိုဖြစ်ရပ်မှာ ဆီးရီးယားတွင် ရှားပါးသည့် ဖြစ်ရပ်ဖြစ်ကြောင်း သိရှိရသည်။ လေးရက်ကြာ မြင့်ခဲ့သည့် တိုက်ခိုက်မှု ဖြစ်စဉ်တွင် IS ဂျီဟတ်ဝါဒီ လက်နက်ကိုင် ကိုးဦး၊ အရပ်သား ငါးဦးနှင့် မျိုးနွယ်စုဝင် သုံးဦးတို့ သေဆုံးခဲ့ကြောင်း ဗြိတိန် အခြေစိုက် ဆီးရီးယား အတိုက်အခံ လှုပ်ရှားသူများက ပြောဆိုခဲ့သည်။ တူရကီ အခြေစိုက် ဆီးရီးယားအရေး လှုပ်ရှားသူ တစ်ဦးကလည်း အက်စ်ဟာရာတွင် လှုပ်ရှားနေသည့် IS ဂျီဟတ်ဒ်ဝါဒီ လက်နက်ကိုင်များ၏ လှုပ်ရှားမှုများအား တန်ပြန် တိုက်ခိုက်မှုများ ရှိနေကြောင်း ပြောဆိုခဲ့သည်။ IS ဂျီဟတ်ဝါဒီ လက်နက်ကိုင်တို့ သည် ဆီးရီးယား နှင့် အီရတ်တို့ တွင် အစ္စလာမ် နိုင်ငံတော် တည်ထောင်ရန် ဆုံးဖြတ် ထားကြသည်။
IS ဂျီဟတ်ဝါဒီ လက်နက်ကိုင် များသည် ယခုနှစ် နွေရာသီတွင် ဆီးရီးယား၌ ခြေကုပ်ယူခဲ့ပြီး ဒေသခံ ဆွန္နီများ၏ ကူညီ ထောက်ပံ့မှုဖြင့် အီရတ် အနောက်ပိုင်း နှင့် မြောက်ပိုင်း တို့အား သိမ်းပိုက်နိုင်ခဲ့က အီရတ် မြို့တော်ကို ပင်ခြိမ်းခြောက် နိုင်ခဲ့သည်။ ပြီးခဲ့သည့် သတင်းပတ်များ အတွင်း IS ဂျီဟတ်ဒ် ၀ါဒီ လက်နက်ကိုင် တို့သည် ဆီးရီးယားရှိ ၎င်းတို့ ထိန်းချုပ် ထားသည့် နယ်မြေ ပိုင်နက်များကို ချဲ့ထွင်နိုင်ခဲ့ပြီး ရေနံ ကြွယ်ဝသည့် ဒီယာအက်ဇာ ပြည်နယ်ကို သိမ်းပိုက် နိုင်ခဲ့သည်။
Source:BBC

0 comments:

Post a Comment