အမျိုးသားတစ်ဦးရဲ့ e-mail အတွင်း ကလေးငယ်ရဲ့ ညစ်ညမ်းဓါတ်ပုံ တွေ့ရှိမှုကြောင့် Google က ရဲတပ်ဖွဲ့ကို အကြောင်းကြားပြီးဖမ်းဆီး

အမျိုးသားတစ်ဦးရဲ့ e-mail အတွင်း အသက်မပြည့်သေးတဲ့ ကလေးငယ်ရဲ့ ညစ်ညမ်းဓာတ်ပုံ တွေ့ရှိမှုကြောင့်...

ပရိသတ်ကို ပေးဆပ်တာပဲများပြီး ရယူလိုတာ ဘာမှမရှိသေးဘူးလို့ဆိုတဲ့ စွမ်းရည်

သရုပ်ဆောင်နယ်ပယ်မှာ အချိန် အတော်ကြာ ဒုတိယမင်းသားတစ်ယောက်အနေနဲ့ ဖြတ်သန်းနေတဲ့ စွမ်းရည်က...

ပရိသတ်မုန်းမှာ ကြောက်လို့ အရမ်းဟဲဗီးဗန့်စ်ဆန်တဲ့ ကားတွေ မရိုက်ချင်ဘူးလို့ဆိုတဲ့ သွန်းဆက်

ဗီဒီယိုဇာတ်ကားတွေ ရိုက်လာရပြီးနောက်ပိုင်းမှာ ခေါင်းဆောင်မင်းသမီး နေရာတွေမှာတောင် သရုပ်ဆောင်လာရပြီဖြစ်တဲ့ သွန်းဆက်နဲ့...

ချစ်သူ တစ်ယောက်တည်းထားပေမယ့် ခံစားချက်ကတော့မျိုးစုံပဲလို့ပြောပြလာတဲ့ Bobby Soxer ရဲ့ တစ်ကိုယ်တော်အခွေနဲ့ အချစ်အကြောင်း

ဒုံးပျံအခွေနဲ့ ပရိသတ်အားပေးမှုကို တခဲနက်ရရှိခဲ့တဲ့ Bobby Soxer ထက်ထက်ဟာ ခုတစ်ခါတော့...

အမျိုးသမီးတွေဟာ အမျိုးသားတွေထက် သင်ယူလေ့လာရာမှာ ပိုမိုလျင်မြန်ထက်မြတ်ဟု လေ့လာချက်ကဆို

အမျိုးသမီးတွေဟာ လေ့လာသင်ယူရာမှာ အမျိုးသားတွေထက် လျင်လျင်မြန်မြန် တတ်မြောက်ကြတယ်လို့ လေ့လာချက် အသစ်တစ်ခုအရ...

Wednesday, August 13, 2014

ဝန်ဆောင်မှု နံပါတ် ၁ ဖြစ်ရေး ကြိုးစားသွားမည်ဟု ဆက်သွယ်ရေးပြော


MPT Sim card
မြန်မာ့ဆက်သွယ်ရေး အနေနဲ့ ရှိပြီးသားဖောက် သည်တွေ ဆက်လက်သုံးစွဲဖို့ ဂရုတစိုက်နဲ့ စီစဉ်နေပြီး ဒါထက်ပိုကောင်းတဲ့ အစီအစဉ်တွေကို လည်း ပေးသွားမယ်လို့ ဆက်သွယ်ရေး သင်တန်းကျောင်းအုပ် ဦးကျော်စိုး က ပြောပါတယ်။
ဒါပေမယ့် နိုင်ငံခြား ကုမ္ပဏီ ၂ ခုနဲ့ ယှဉ်ပြီး လုပ်ကိုင်လာရင် ဈေးကွက်ဝေစု လျော့နည်းမှာကို သိရှိတယ်လို့ ဆက်သွယ်ရေး သင်တန်းကျောင်းအုပ် ဦးကျော်စိုးက ပြောပါတယ်။
“ကျနော်တို့ အမ်ပီတီက လက်ရှီ ဈေးကွက် ဝေစု အများစုကို ယူထားတဲ့ ဆက်သွယ်ရေး အော်ပရေတာပေါ့။ ဒါပေမယ့် ရေရှည်မှာ ကျနော်တို့ ဈေးကွက်ဝေစုက တဖြည်းဖြည်းနဲ့ ကျသွားနိုင်တယ်ဆိုတာလည်း ကြိုမြင်ပါတယ်။ ဒါကြောင့် အမ်ပီတီရဲ့ ၀န်ဆောင်မှုတွေကို ယုံယုံကြည်ကြည် အဆင်ပြေပြေ သုံးစွဲနိုင်ဖို့ ကျနော်တို့ ကြိုးစားဆောင်ရွက်နေပါတယ်။ ဆက်သွယ်ရေး ၀န်ဆောင်မှုအရည်အသွေးက အခုချိန်မှာ ပြည်သူကျေနပ်လောက်စရာ အရည်အသွေးမဟုတ်ဘူးဆိုတာ ကျနော်တို့အားလုံး လက်ခံပါတယ်။ ဒီထက်ပိုမိုကောင်းမွန်တဲ့ ၀န်ဆောင်မှု ပေးဖို့၊ အော်ပရေတာတွေနဲ့ ယှဉ်လိုက်ရင် အမ်ပီတီရဲ့ ၀န်ဆောင်မှု နံပါတ် ၁ ဖြစ်ဖို့ အမြဲတမ်း ဆောင်ရွက်သွားမယ်။”
နိုင်ငံခြားဆက်သွယ်ရေး အော်ပရေတာဖြစ်တဲ့ အော်ရီဒူး ကုမ္ပဏီက ဆင်းမ်ကတ်တွေ ရောင်းချပြီးတဲ့ နောက်ပိုင်းမှာ မြန်မာ့ဆက်သွယ်ရေး အနေနဲ့ ၀န်ဆောင်မှု အသစ်တွေနဲ့ ဖောက်သည်တွေကို ဆွဲဆောင်ဖို့ ကြိုးစားလာတာဖြစ်ပါတယ်။
ရွေးချယ်ထားတဲ့ ဖုန်းနံပါတ် သုံးခုကို သြဂုတ်လအတွင်းမှာ ၁ မိနစ်ကို ၂၅ ကျပ်နှုန်းနဲ့ ခေါ်ဆိုနိုင်မယ့် ၀န်ဆောင်မှုကို စတင်လာခဲ့ပြီး အခုတော့ အမ်ပီတီ ဆင်းမ်ကတ် သုံးခုကို ငွေ ၁၅၀၀ ကျပ်နဲ့ ၀ယ်ယူခွင့်ပေးတဲ့ အရောင်းမြှင့်တင်တာကိုလည်း ဒီရက်ပိုင်းမှာ လုပ်ဆောင်လာတာ ဖြစ်ပါတယ်။
ဇူလိုင်လကုန်ပိုင်းမှာပဲ မန္တလေးမြို့မှာ အော်ရီဒူးဆင်းမ်ကတ်တွေ စတင်ရောင်းချခဲ့ပြီး လက်ရှိ အချိန်မှာ အခမဲ့ သုံးလို့ရနေတဲ့အတွက် သုံးစွဲနေပါတယ်လို့ မန္တလေးမြို့က ကိုသားငယ်က ပြောပါတယ်။
ရန်ကုန်မြို့က ကိုကျော်လင်းမြင့်ကတော့ အခြေခံလူတန်းစားတွေအနေနဲ့ ဖုန်းအမျိုးအစား မရွေးတဲ့ တယ်လီနောကိုပဲ မျှော်လင့်ပါတယ်လို့ ဆိုပါတယ်။
အမ်ပီတီ ဖုန်းလိုင်းရဲ့ လက်ရှိအခြေအနေနဲ့ ရွေးချယ်စရာတွေ ရှိလာခဲ့ရင်ဆိုတဲ့ မေးခွန်းကိုတော့ တောင်ကြီးမြို့က ခွန်ကျော်ဇင်ထွန်းက အခုလိုပြောပါတယ်။
“အမ်ပီတီက တောင်ကြီးမြို့မှာ လိုင်းက တမြို့လုံးအနေအထားနဲ့ မကောင်းဘူး။ တာဝါတိုင်နဲ့ နီးတဲ့နေရာတွေဆိုရင်တောင် အင်တာနက်လိုင်းက စိတ်ရှည်လက်ရှည် သုံးနေရတယ်။ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တွေမှာ သူများတွေ သုံးနေကြပြီ။ ကျနော်တို့ဆိုရင် သုံးချင်တာ လက်ကိုယားနေတာပဲ။ ဒါပေမယ့် အမ်ပီတီနဲ့ ဘာကွာခြားမှုရှိလဲပေါ့။ ဈေးနှုန်းအနေအထားအရဆိုရင် တယ်လီနောပဲဖြစ်ဖြစ်၊ အော်ရီဒူးပဲဖြစ်ဖြစ် သုံးရတာက ၁ မိနစ် ၂၅  ကျပ်ဆိုတဲ့အနေအထားရှိတယ်။ ကျနော်တို့ အဲလိုမျိုးလေးတွေ သုံးချင်တာပေါ့။”
ဆက်သွယ်ရေး တင်ဒါအောင်မြင်ထားတဲ့ တယ်လီနောကုမ္ပဏီက သူတို့ရဲ့ ဆင်းမ်ကတ်တွေကို ရှေ့လထဲမှာ ရောင်းချမယ်လို့ ကြေညာထားပါတယ်။

တယ်လီနောက ဒေါ်လာ ၂၀ ထက်မပိုသည့် ဟန်းဆက်များ ရောင်းချမည်


တယ်လီနောက စက်တင်ဘာလထဲမှာ ၁၅၀၀ ထက်မပိုတဲ့ ဆင်းကတ်တွေအပြင် ဒေါ်လာ ၂၀ ထက်မပိုတဲ့ ဟန်းဆက်တွေပါ ရောင်းချသွာမယ်လို့ ပြောပါတယ်။

တယ်လီနော ဆင်းကတ်တွေကို လာမယ့် စက်တင်ဘာလမှာ စတင်ရောင်းချတော့မှာ ဖြစ်ပြီး နောင်လာမယ့် ၅ နှစ်အတွင်းမှာ မြန်မာနိုင်ငံ လူဦးရေရဲ့ ၉၀ ရာခိုင်နှုန်းခန့်ကို ၀န်ဆောင်မှု ပေးနိုင်အောင် လုပ်ဆောင်နေတယ်လို့ တယ်လီနောရဲ့ စီအီးအိုက ပြောပါတယ်

Telenorလူတိုင်းကို အင်တာနက်ဝန်ဆောင်မှု ပေးချင်တာကြောင့် ၂ ဂျီ ရော၊ ၃ ဂျီ နက်စ်ဝေါ့ရောကို ဖြန့်ချိရတာ ဖြစ်ပြီး တယ်လီနောဟန်းဆက်တွေကို ဒေါ်လာ ၂၀ ထက် မပိုတဲ့ ဟန်းဆက်တွေကိုလည်း ထုတ်လုပ်ရောင်းချသွားဖို့ ရှိနေပါတယ်။

ဆင်းကတ်အားလုံးကိုလည်း Touch Screen ဖုန်းတွေအပြင် Feature ဖုန်းတွေမှာပါ အင်တာနက် အသုံးပြုလို့ရအောင် ပြုလုပ်ပေးထားတာကြောင့် တန်ဖိုးကြီး ဟန်းဆက်များ ရှိဖို့ မလိုအပ်ဘူးလို့ ပြောပါတယ်။

ဆင်းကတ်အားလုံးကို ၁၅၀၀ ထက် ပိုပေးပြီး မ၀ယ်ကြဖို့နဲ့ ပိုပြီးရောင်းချသူတွေ ရှိနေရင်လည်း တယ်လီနောရုံးကို တိုင်ကြားနိုင်တယ်လို့ ပြောပါတယ်။

လက်ရှိအချိန်မှာတော့ အော်ရီဒူးဖုန်း မှောင်ခိုဈေးကွက်ကို မန္တလေးက အော်ရီဒူးရုံးခန်း ရှေ့မှာ ၁၅၀၀ ထက်ပိုတဲ့ဈေးနှုန်းတွေနဲ့ ရောင်းချနေတာကို တွေ့နေရတာကြောင့် တယ်လီနောလည်း မှောင်ခိုဈေးကွက် ရှိလာနိုင်မလားဆိုတာကိုတော့ စောင့် ကြည့်ရဦးမှာ ဖြစ်ပါတယ်။

အာရှလူဦးရေ ၁.၁ ဘီလီယံ ရှိတဲ့ထဲက ၁၄၅ သန်းကို တယ်လီနောက ၀န်ဆောင်မှု ပေးနေတာ ဖြစ်ပြီး လက်ရှိမှာ တယ်လီနောက ၀န်ဆောင်မှုပေးနေတဲ့ ၁၃ နိုင်ငံထဲမှာ မြန်မာနိုင်ငံ ဈေးကွက်ဟာ သက်တမ်းအနုဆုံး ဖြစ်ပါတယ်။

တယ်လီနော(မြန်မာ)ကို မြန်မာနိုင်ငံတနိုင်ငံလုံးအတွက် Telecommunication လိုင်စင် ပေးအပ်ကြောင်းကို ၂၀၁၃ ခုနှစ် ဇွန် ၂၄ ရက်နေ့မှာ ကြေညာခဲ့ပြီး မြန်မာအစိုးရနဲ့ လိုင်စင်သဘောတူစာချုပ်ကို ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်နေ့မှာ ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။