အမျိုးသားတစ်ဦးရဲ့ e-mail အတွင်း ကလေးငယ်ရဲ့ ညစ်ညမ်းဓါတ်ပုံ တွေ့ရှိမှုကြောင့် Google က ရဲတပ်ဖွဲ့ကို အကြောင်းကြားပြီးဖမ်းဆီး

အမျိုးသားတစ်ဦးရဲ့ e-mail အတွင်း အသက်မပြည့်သေးတဲ့ ကလေးငယ်ရဲ့ ညစ်ညမ်းဓာတ်ပုံ တွေ့ရှိမှုကြောင့်...

ပရိသတ်ကို ပေးဆပ်တာပဲများပြီး ရယူလိုတာ ဘာမှမရှိသေးဘူးလို့ဆိုတဲ့ စွမ်းရည်

သရုပ်ဆောင်နယ်ပယ်မှာ အချိန် အတော်ကြာ ဒုတိယမင်းသားတစ်ယောက်အနေနဲ့ ဖြတ်သန်းနေတဲ့ စွမ်းရည်က...

ပရိသတ်မုန်းမှာ ကြောက်လို့ အရမ်းဟဲဗီးဗန့်စ်ဆန်တဲ့ ကားတွေ မရိုက်ချင်ဘူးလို့ဆိုတဲ့ သွန်းဆက်

ဗီဒီယိုဇာတ်ကားတွေ ရိုက်လာရပြီးနောက်ပိုင်းမှာ ခေါင်းဆောင်မင်းသမီး နေရာတွေမှာတောင် သရုပ်ဆောင်လာရပြီဖြစ်တဲ့ သွန်းဆက်နဲ့...

ချစ်သူ တစ်ယောက်တည်းထားပေမယ့် ခံစားချက်ကတော့မျိုးစုံပဲလို့ပြောပြလာတဲ့ Bobby Soxer ရဲ့ တစ်ကိုယ်တော်အခွေနဲ့ အချစ်အကြောင်း

ဒုံးပျံအခွေနဲ့ ပရိသတ်အားပေးမှုကို တခဲနက်ရရှိခဲ့တဲ့ Bobby Soxer ထက်ထက်ဟာ ခုတစ်ခါတော့...

အမျိုးသမီးတွေဟာ အမျိုးသားတွေထက် သင်ယူလေ့လာရာမှာ ပိုမိုလျင်မြန်ထက်မြတ်ဟု လေ့လာချက်ကဆို

အမျိုးသမီးတွေဟာ လေ့လာသင်ယူရာမှာ အမျိုးသားတွေထက် လျင်လျင်မြန်မြန် တတ်မြောက်ကြတယ်လို့ လေ့လာချက် အသစ်တစ်ခုအရ...

Monday, October 13, 2014

အနုပညာရှင်များ၏ အကယ်ဒမီ ရင်ခုန်သံများ


အနုပညာရှင်များ၏ အကယ်ဒမီ ရင်ခုန်သံများင်း
အကယ်ဒမီဆုနဲ့ ပတ်သက်လို့တော့ ကိုယ့်ကိုယ်ကိုယ် ဘာပြောရမှန်းတောင် မသိပါဘူး။      အကယ်ဒမီ မှန်းနိုင်တဲ့ ကားက ကြယ်စင်မော်ကွန်း တစ်ကားတော့ရှိပါတယ်။ အဲဒီ ဇာတ်ကား
ထဲမှာ သရုပ်ဆောင်ပိုင်းကို တော်တော် ကြိုးစားထားပါတယ်။ ကိုယ်တိုင်လည်း အားရ ကျေနပ်မှု ရှိပါတယ်။ ဒါပေမဲ့ ရလည်းတစ်မျိုး၊ မရလည်းတစ်မျိုး ခံစားရ မှာပေါ့။
သက်မွန်မြင့်
ဒီနှစ်အတွက်ကတော့ သက်မွန်အကယ်ဒမီ ဆုကိုရဖို့ရင်မခုန်ပါဘူး။ အခြားအနုပညာ မောင်နှမ တွေကိုပဲ ရစေချင်ပါတယ်။ စုန်းပြူးကားထဲမှာဆို မခိုင်လေးကိုလည်း ရစေချင်ပါတယ်။  နောက် ထပ် ဆိုရင် ကစ်ကစ်တို့ မအူဝဲ တို့ကိုလည်း ရစေချင်ပါတယ်။

ပြေတီဦး
ပရိသတ်တွေက မဲပေးနေကြတယ်လို့ ကြားတော့ အရမ်း ဝမ်းသာပါတယ်။ အစ်ကိုကတော့ ဒီနှစ်ထဲမှာ နှစ်ကား ပါတယ်ပေါ့။ နှစ်ကားစလုံးမှာ အကောင်းဆုံးဖြစ်အောင် ကြိုးစား ထားတယ်။ နှစ်ကားစလုံးကိုလည်း ကျေနပ်အားရမှု ရှိပါတယ်။ ပရိသတ်တွေက ရမယ်လို့ ပြောတာနဲ့တင်ပဲ တော်တော်ကို အမောပြေသွားပါပြီ။ တကယ်ရခြင်း၊ မရခြင်း ကတော့ ကံတရား ပါပဲ။ ရခဲ့ရင်လည်း အရမ်း ဝမ်းသာ မှာပါ။
အိန္ဒြာကျော်ဇင်
အကယ်ဒမီဆု ကိုတော့ အားလုံးကို ရစေချင်ပါတယ်။ အူဝဲအနေနဲ့ကတော့ မှန်းမထားပါဘူး။ မရခဲ့ရင် ပိုခံစားရတဲ့အတွက် ကြောင့်မို့လို့ ဘယ်လောက် ကြိုးစားကြိုးစား ကံတရားဆိုတာ ရှိတယ်လေ။ စိတ်ထဲမှာတော့ ပေါ့ပေါ့ပါးပါးပဲ ထားထားပါတယ်။ အဖြူရောင် ရဲတိုက် ဇာတ်ကား ကတော့ လုပ်ကွက်ရခဲ့တဲ့ ဒရမ်မာ ကားတွေထဲမှာ အမှတ်တရ ဖြစ်ခဲ့ရတဲ့ ကားလေး တစ်ကား ဖြစ်ပါတယ်။ ကြိုးစားမှုကိုတော့ အရာထင်စေချင်တယ်။ ဒါပေမဲ့ မျှော်မှန်း မထားပါဘူး။
ခိုင်သင်းကြည်
အကယ်ဒမီ ဆုကတော့ မမျှော်မှန်းရဲပါဘူး။ ကိုယ်ပါဝင်ခဲ့တဲ့ ကားတွေမှာတော့     အကောင်းဆုံး ဖြစ်အောင် ကြိုးစားခဲ့တာ ချည်းပါပဲ။ အကယ်ဒမီနဲ့ ပတ်သက်လို့ မခိုင်အနေနဲ့ ကံမကောင်း တတ်တော့ မမှန်းထားရဲပါဘူး။
အိအိမြတ်

ဘယ်အချိန်တွေမှာ ဘယ်လိုစားမလဲ


လန်းဆန်းတက်ကြွပြီး ကျန်း မာသန်စွမ်းကာ လုပ်ငန်းဆောင် တာတွေပြီးမြောက်နိုင်စေဖို့အ တွက် မှန်ကန်တဲ့စားသောက်မှု၊ လိုအပ်တဲ့ အနားယူမှုတွေလုပ် ဆောင်ပေးဖို့လိုအပ်ပါတယ်။ စား သောက်ချိန်မမှန်၊ အိပ်ချိန်မမှန်တဲ့အခါ ခန္ဓာကိုယ်တွင်းဇီဝဖြစ်စဉ် ကို ထိခိုက်နိုင်တဲ့အတွက် မှန်ကန် တဲ့နေထိုင်မှုဖြစ်စေဖို့ ကန်းဘရစ်ခ်ျတက္ကသိုလ်က   အာဟာရဗေဒ ပညာရှင်တစ်ဦးရဲ့ အကြံပြုချက် အချို့ကို မျှဝေပေးလိုက်ပါတယ်။
နံနက် ၇ နာရီ- ဒီအချိန်ဟာ နံနက်စာစားဖို့အတွက် အသင့် တော်ဆုံးအချိန်ဖြစ်ပြီး ကိုယ်တွင်း အင်္ဂါတွေအလုပ်စလုပ်ဖို့ ဗိုက်ဆာတဲ့ခံစားမှုနဲ့ အချက်ပြတာပဲဖြစ်ပါတယ်။ နံနက်စာမစားဘဲနေတာဟာ ကျန်းမာရေးနဲ့ ကိုယ် တွင်းဇီဝဖြစ်စဉ်ကို ထိခိုက်စေ တဲ့အတွက် ဒီလိုအလေ့အကျင့် မျိုးကို ရှောင်ရှားရမှာပါ။
နံနက် ၉နာရီ- ဒီအချိန်က တော့ လုပ်ငန်းခွင်တွင်း အလုပ် စတင်ချိန်ဖြစ်ပြီး ကော်ဖီလေး တစ်ခွက်နဲ့ လန်းဆန်းအောင်လုပ် နိုင်ပါတယ်။ ကဖိန်းဓာတ်တွေများ မှာစိုးရင် လက်ဖက်စိမ်း(ဂရင်း တီး)သောက်ပေးနိုင်ပြီး ဦးနှောက် ဆဲလ်တွေကို အထောက်အကူဖြစ် စေပြီး မှတ်ဉာဏ်တွေတိုးတက် စေတယ်လို့ဆိုပါတယ်။
နံနက် ၁၁ နာရီ- ပုံမှန်အား ဖြင့်တော့ ဗိုက်နည်းနည်းဆာ တတ်တဲ့အချိန်ဖြစ်လို့   ကွတ်ကီး တို့၊ ဒိုးနတ်တို့စတဲ့ သရေစာတွေစားမိတာမျိုးကို ရှောင်ရမှာပါ။ အဆီမတက်စေတဲ့ ဂရိဒိန်ချဉ် လိုမျိုးကို အနည်းငယ်စားပေးနိုင် တယ်လို့ဆိုပါတယ်။
       နေ့လယ် ၁ နာရီ- နေ့လယ်စာစားချိန်မှာ အသီး အရွက်တွေ များများ စားပေးဖို့ လိုအပ်ပါ တယ်။ ဟင်းသီးဟင်း ရွက်တွေမှာ ဗီတာမင်ဘီ ၆၊ မဂ္ဂနီဆီယမ်ကြွယ်ဝတဲ့အတွက် အာရုံကြောအဖွဲ့အစည်းတွေ၊ သွေးကြောမျှင်တွေ၊ ကြွက်သားတွေအတွက် ထောက်ကူပေးတာကြောင့်ပါ။
မွန်းလွဲ ၃ နာရီ- အိပ်ချင် စိတ်ဖြစ်လာတတ်တဲ့ဒီအချိန်ကို ဖြတ်သန်းနိုင်ဖို့အတွက် သကြား လုံးတို့၊ အချိုလျှော့ကိုလာတို့၊ ကော်ဖီတို့သောက်နိုင်ပါတယ်။ ကဖိန်းဓာတ်က အိပ်ချင်စိတ်ကို ဖျောက်ပေးနိုင်သလို သကြားလုံး က ပင်ပန်းနွမ်းနယ်မှုတွေကို သက်သာစေတဲ့အတွက်ပါ။ နောက်ပြီး သစ်ဆန်သစ်စေ့တွေကိုလည်း စားပေးနိုင်ပါသေးတယ်။
ညနေ ၅ နာရီ- အားကစား လုပ်ဖို့အတွက် အကောင်းဆုံး အချိန်ဖြစ်ပြီး ကိုယ်တွင်းစွမ်းအင် နဲ့ အစာအိမ်မထိခိုက်ရလေ အောင် နွားနို့အနည်းငယ်သောက် ပေးတာပဲဖြစ်ဖြစ်၊ ဒိန်ချဉ်၊ ဘယ်ရီသီးစတာတွေပဲဖြစ်ဖြစ် စားပေးနိုင်ပါတယ်။ အကယ်၍ ဗိုက်မဆာခဲ့ ဘူးဆိုရင် သကြားဓာတ်၊ ရေ ဓာတ်တို့ ဖြည့်ပေးတဲ့ အုန်းရည်သောက် ပေးနိုင်ပါတယ်။
ည ၇ နာရီ- ညစာမှာ ကယ် လိုရီတွေ လောင်ကျွမ်းအောင်လို့ လမ်းနည်းနည်းလျှောက်ပေးရပါ မယ်။ ဒါမှမဟုတ် ငရုတ်ပွသီး ဟင်းပဲဖြစ်ဖြစ် ထည့်စားပေးနိုင်ပါ တယ်။ အပူအစပ်က ခံတွင်းလိုက် စေပြီး ကိုယ်တွင်းဇီဝဖြစ်စဉ်အ တွက်လည်းကောင်းကျိုးရှိတယ် လို့ ဆိုပါတယ်။ ဟင်းခတ်အမွှေး အကြိုင်ပါတဲ့ ဟင်းတွေကိုလည်း စားပေးနိုင်ပါတယ်။
ည ၁၀ နာရီ- ဒီအချိန်မှာ ဗိုက်ပြန်ဆာတတ်တာကြောင့် ပဲနို့ ရည်တို့၊ နွားနို့တို့သောက်ပေး နိုင်ပါတယ်။ မအိပ်ခင်သောက် ပေးတဲ့အခါ သွေးကြောမျှင်တွေ ကို အနားယူပေးပြီး အပူအပင် ကင်းကင်းအိပ်ပျော်စေနိုင်မှာပါ။
Ref:healthdigest.com
နှိုက်စားမယ်

 ဒီနေ့ရဲ့ ဗီဒီယို အညွှန်းကဏ္ဍ မှာတော့ ပေါ့ပေါ့ပါးပါး ဟာသကားလေးတစ်ကားကိုပဲ ညွှန်းပေးလိုက်ပါတယ်။
ညိုလင်းသစ်က အင်ဂျင်နီယာတစ်ယောက်ဖြစ်ပါတယ်။ တစ်ရက်မှာတော့ သူ့ရဲ့ အလုပ်နဲ့ ပတ်သက်ပြီး အဆင်ပြေစေဖို့သူ့သူငယ်ချင်းတွေ အတင်းခေါ်တာကြောင့် နတ်ကတော် နှစ်ယောက်ဆီကို ရောက်သွားခဲ့ ပါတယ်။ နတ်ကတော်တွေဆီ ရောက်တော့ ညိုလင်းသစ်က သူကြိုက်နေတဲ့ သိမ့်ဆိုတဲ့ ကောင်မ လေးနဲ့ အဆင်ပြေစေဖို့ သိမ့်ရဲ့အစ်ကိုနဲ့ အဆင်ပြေဖို့ အကူအညီတောင်းခဲ့ပါတယ်။
သိမ့်ရဲ့အစ်ကိုကတော့ မိဘတွေက သက်ဦးလို့ နာမည်ပေးခဲ့ပေမယ့် သက်ဦးသခင်လို့ နာမည်ပြောင်းပြီး အလှပြင်ဆိုင်ဖွင့်ထား တဲ့ မိန်းမလျာဖြစ်ပါတယ်။ သခင်ကညိုလင်းသစ်ကိုလုံးဝကြည့်လို့ မရသလိုသူ့ရဲ့ညီမနဲ့လည်း လုံးဝ သဘောမတူပါဘူး။ အဲဒါကြောင့် သခင်က သူ့ညီမသိမ့်ကို အိမ်ထဲ ကအိမ်ပြင်ကိုတောင် သွားဖို့ခွင့် မပြုပါဘူး။
အလှပြင်ဆိုင် ဖွင့်ထားတဲ့ သိမ့်ဆီကို ညိုလင်းသစ်က ခေါင်း လျှော်ဖို့ဆိုပြီး လာခဲ့ပါတယ်။ ဒါပေမဲ့ သခင်က ညိုလင်းသစ် ကို သူ့ဆိုင်ကနေ ထွက်သွားဖို့ ပြောလို့ပြန်ခဲ့ရပေမယ့် ညိုလင်းသစ်ဘက်ကတော့လုံးဝ လက်မ လျှော့ဘဲ သခင်မရှိတဲ့အချိန် အိမ်ကိုသွားတွေ့ခဲ့ပါတယ်။ သခင်မရှိ တဲ့အချိန် အိမ်မှာရှိတဲ့လူတွေကို လာဘ်ထိုးပြီးတွေ့တာ ဖြစ်ပေမယ့် သခင်ပြန်တာနဲ့ တည့်တည့် တိုးခဲ့ပါတယ်။ အဲဒါကြောင့် အဲဒီအချိန်မှာလည်း ပြဿနာထပ် တက်ခဲ့ပါတယ်။
တစ်ရက်မှာတော့ ညိုလင်းသစ်ဆီကို နယ်မှာနေတဲ့ ညီမဝမ်းကွဲဂျူလီယာ ရောက်လာခဲ့ပါ တယ်။ ဂျူလီယာက ညိုလင်းသစ်ဆီမှာနေပြီး သင်တန်းတွေ တက်ဖို့ရောက်လာတာပါ။ ဂျူလီယာ ရောက်လာလို့ အစပိုင်းမှာ ညို လင်းသစ် စိတ်ညစ်ခဲ့ရပေမယ့် ဂျူလီယာက သိမ့်နဲ့ ညိုလင်းသစ်ရဲ့ ကြားမှာ အကူအညီပေးခဲ့ပါတယ်။ အရင်ဆုံးဂျူလီယာက သိမ့်ရဲ့ အလှပြင်ဆိုင်ကိုသွားပြီး မိတ်ဖွဲ့ခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ သခင်နဲ့ တည့်တည့်တိုး ခဲ့ပါတယ်။ဒါပေမဲ့ ဂျူလီယာက သခင့်ကိုသည်းခံပြီး အဆင်ပြေအောင် ပေါင်းခဲ့ပါတယ်။ ဂျူလီယာကညိုလင်းသစ်ရဲ့ ညီမဝမ်းကွဲ ဆိုတာကို သခင်ရဲ့ သူငယ်ချင်း မိန်းမလျာ ပြောပြတာကြောင့် သခင်သိခဲ့ရပါတယ်။
ဒါပေမဲ့လည်း သခင်ကအဲဒီအကြောင်းကို မသိချင် ယောင်ဆောင်နေခဲ့ပါတယ်။ သခင်နဲ့ ဂျူလီယာ၊ ညိုလင်းသစ်နဲ့ သိမ့်တို့ရဲ့ ဇာတ်လမ်းဘာတွေဆက်ဖြစ် မယ်ဆိုတာကိုတော့ အောင်တိုင်း ကျော်ဗီဒီယိုထုတ်လုပ်ရေးကနေ အောက်တိုဘာ ၁၈ ရက်မှာ စတင်ဖြန့်ချိပေးမယ့် နှိုက်စားမယ်ဆိုတဲ့ ဇာတ်ကားလေးမှာ ဆက်လက်ရှုစားပေးပါ။
ဒီဇာတ်ကားမှာ ညိုလင်းသစ်အဖြစ် အောင်ရဲလင်း၊ သက်ဦး သခင်အဖြစ် ရဲအောင်၊ သိမ့်အဖြစ် သင်ဇာဝင့်ကျော်၊  ဂျူလီယာ အဖြစ် ယွန်းရွှေရည်တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဂေါ်စိန်ရဲ့ ဇာတ်လမ်းကို ကိုကျော် ဇာတ်ညွှန်းရေးပေးထားပြီး ဒါရိုက်တာ ကျော်ဇောလင်း (အတွေးပုံရိပ်)က ရိုက်ကူးပေးထားပါတယ်။

ပရိသတ်ကြည့်လို့ အဆင်ပြေတဲ့ ဆက်စီပုံစံတွေပဲ ရိုက်မယ်ဆိုတဲ့သွန်းဆက်



ပရိသတ်က ဆက်စီပုံစံ မရိုက်ရန် အကြံပြုသော်လည်း ဇာတ်ဆောင်စရိုက် လိုအပ်ချက်အရသာ ဆက်စီပုံစံရိုက်ကူးမည် ဖြစ်ပြီး ပရိသတ်အမြင်တွင် အဆင်ပြေစေမည့် ပုံစံမျိုးသာ ရိုက်ကူးမည်ဟု သွန်းဆက်ကပြောသည်။
‘‘ပရိသတ်တွေက ဆက်စီ ပုံစံတွေ မရိုက်ပါနဲ့။ Cute ပုံစံနဲ့ပဲ လိုက်တယ်လို့ပြောကြတယ်။ ဆက်စီပုံစံကို ကာရိုက်တာ လို အပ်ချက်အရ  မလွှဲမရှောင်သာ ရိုက်ရရင်တောင် အရမ်းအဖော် အချွတ်မရိုက်ပါဘူး’’ဟု ၎င်းက ပြောသည်။
ခေါင်းဆောင်  မင်းသမီး အနေဖြင့် ဇာတ်ကားများရိုက်ကူး လာရသော်လည်း ရုပ်ရှင်ဇာတ် ကားများတွင် စီနီယာအစ်ကို၊ အစ်မများ၏ သရုပ်ဆောင်မှုများ ကို ကြည့်ရှုသည့်အချိန်တိုင်း ကိုယ့်ကိုယ်ကိုယ်အများကြီးကြိုး စားရန် လိုအပ်သည်ဟု မြင် ကြောင်း သွန်းဆက်ကပြောသည်။
လတ်တလော  အနုပညာ လှုပ်ရှားမှုအဖြစ် ဇေရဲထက်နှင့် ဟာသကားတစ်ကားရိုက်ကူး နေပြီး ယင်းဇာတ်ကားရိုက်ကူး ပြီးပါက လူမင်းနှင့် ဆက်လက် ရိုက်ကူးသွားမည်ဟု ဆိုသည်။ ရုပ်ရှင်ဇာတ်ကားအနေဖြင့် ယခု နှစ်အတွင်း ရိုက်ကူးရန်လက်ခံ ထားခြင်းမရှိဘဲ ၂၀၁၅ မှသာ  ရုပ် ရှင်ရိုက်ကူးမည်ဟု သွန်းဆက်က ပြောသည်။

ပြိုင်ပွဲအတွက်သာ အာရုံစိုက်နေတဲ့ ဟန်သီ



ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)
ကြော်ငြာများ ရိုက်ကူး ဖြစ်သော်လည်း သရုပ်ဆောင်နှင့် ပတ်သက်၍ ပြိုင်ပွဲမှ ပြန်လာပြီး သည့်အချိန်မှသာ လုပ်ဆောင် သွားမည်ဖြစ်ကြောင်း  Miss Supranational ပြိုင်ပွဲသို့ မြန်မာ နိုင်ငံကိုယ်စားပြု အလှမယ်အဖြစ် သွားရောက်ယှဉ်ပြိုင်မည့် ဟန်သီ က ပြောသည်။
  ‘‘ပြိုင်ပွဲအတွက် Body Branin Beauty နဲ့ပတ်သက်ပြီး လေ့ကျင့်မှုတွေ လုပ်နေပါတယ်။ နောက်ပြီး ကြော်ငြာတွေလည်း ရိုက်ဖြစ်ပါတယ်။ လောလော ဆယ် Training လည်း ဆင်းနေရ တယ်။ ခရီးတွေလည်း သွားဖို့ရှိ တော့ သရုပ်ဆောင်ပိုင်းကို ပိုလန် က ပြန်လာပြီးမှပဲ လုပ်ဖြစ်မယ်’’ ဟု ၎င်းကပြောသည်။

 အမျိုးသမီး သရုပ်ဆောင် အသစ်များ ရွေးချယ်သည့် အနု ပညာပျိုးခင်းအစီအစဉ်တွင် ဟန်သီဝင်ရောက် လျှောက်ထားခဲ့ သော်လည်း ဆန်ခါတင်အဆင့်အထိသာ ရွေးချယ်ခံခဲ့ရသည်။
‘‘ဟန်သီနဲ့လိုက်တဲ့ ကာရိုက် တာ ရှိသလို မလိုက်တဲ့ ကာရိုက် တာလည်း ရှိတာဆိုတော့ ကြိုး စားရဦးမှာပါ’’ ဟု ပြိုင်ပွဲနှင့်ပတ် သက်၍ ဟန်သီက ပြောသည်။
Miss Supranational ပြိုင်ပွဲ ကို ပိုလန်နိုင်ငံတွင် နိုဝင်ဘာ ၁၄ ရက်မှ  ဒီဇင်ဘာ ၅ ရက်အထိ ကျင်းပပြုလုပ်မည်ဖြစ်၍လက်ရှိအချိန်တွင် ပြိုင်ပွဲအတွက် ပြင်ဆင်မှုများကိုသာ အဓိကထား၍ ပြုလုပ်နေကြောင်း ၎င်းကပြောသည်။

အဆုတ်ဖုံးမြှေးနှစ်လွှာအကြား လေ၀င်လို့ ခွဲစိတ်ကုသမှုခံယူရမယ့် ၀ူဟီး



တောင်ကိုရီးယား မိန်းကလေးအဆိုရှင်များ အဖွဲ့ Dal Shabet မှ အဖွဲ့ဝင်ဝူဟီးသည် အဆုတ်ဖုံးမြှေးနှစ်လွှာကြား လေ၀င်သည့် ဝေဒနာ (pneumo-thorax) ကို ခံစားနေရသည့်အတွက် လက်ရှိတွင် ဆေးရုံတက်နေရသည်ဟု Dal Shabet အဖွဲ့ အေ ဂျင်စီကပြောသည်။
ဝူဟီးသည် အောက်တိုဘာ ၈ ရက်ကတည်းက ဆိုးလ်မြို့၌ ဆေးရုံတက်နေရပြီး လာမည့်သီတင်းပတ်တွင် ခွဲစိတ်ကုသမှုခံယူ ရန် အစီအစဉ်ရှိသည်ဟု အေဂျင်စီက ပြောသည်။ ၀ူဟီးသည် လွန်ခဲ့သည့် လေးနှစ်ခန့်ကလည်း ယင်းဝေဒနာဖြင့်ပင် ခွဲစိတ်ကုသမှု ခံယူခဲ့ရသည်ဟု အေဂျင်စီကပြောသည်။
အေဂျင်စီက  ၎င်း၏ ကျန်းမာရေးအခြေအနေကို ဆက်လက်စောင့်ကြည့်ဦးမည်ဟုလည်း ပြော ကြားခဲ့သည်။ ပြီးခဲ့သည့် မေလကလည်း Dal Shabet အဖွဲ့ဝင် ချွဲဆူဘင် ယာဉ်မတော်တဆမှုဖြင့် ဆေးရုံ တက်ခဲ့ရသည်။ Dal Shabet အဖွဲ့ဝင်များသည် လာမည့်နှစ် ဇန်န၀ါရီတွင် ထွက်ရှိမည့် အယ်လ် ဘမ်သစ်အတွက် ပြင်ဆင်နေခြင်းဖြစ်သည်။
—Ref: Soompi

ပါပါရာဇီကို အီဘိုလာဖြစ်ပါစေလို့ ကျိန်ဆဲခဲ့တဲ့ အစ်ဂီအဇယ်လီယာ



သြစတြေးလျ အဆိုတော် အစ်ဂီအဇယ်လီယာ သည် ပြီးခဲ့သည့် သီတင်းပတ်တွင် လော့စ်အန်ဂျလိစ်မြို့ရှိ ကုန်စုံ ဆိုင်တစ်ဆိုင်သို့ ဈေးဝယ်ထွက် စဉ် ဓာတ်ပုံသတင်းထောက်တစ် ဦးနှင့် စကားများရန်ဖြစ်ခဲ့ပြီး ၎င်း က သတင်းထောက်အား အီဘိုလာရောဂါဖြစ်ပြီး သေပါစေဟု ကျိန် ဆဲခဲ့သည်။
အစ်ဂီအဇယ်လီယာနှင့် သူ ငယ်ချင်းတစ်ဦးသည် ဆိုင်ထဲ၌ ဈေးဝယ်နေစဉ် ၎င်းတို့နောက် သို့ တကောက်ကောက်လိုက်၍ ဓာတ်ပုံရိုက်နေသော သတင်း ထောက်နှင့် စကားများရန်ဖြစ်ခဲ့ ပြီး အစ်ဂီ၏ သူငယ်ချင်းဖြစ်သူ က သတင်းထောက်အား တံ တွေးဖြင့် ထွေးခဲ့သည်။ သူငယ် ချင်းဖြစ်သူထွေးသော   တံတွေး ကြောင့် AIDS ကူးပြီ၊ အီဘိုလာ ကူးပြီဟု ဓာတ်ပုံသတင်းထောက်က ပြန်ပြောခဲ့ရာ အစ်ဂီအဇယ်လီယာက ‘‘ရှင် အီဘိုလာရောဂါဖြစ် ပြီ သေပါစေ’’ဟု ကျိန်ဆဲခဲ့သည်။
၎င်းတို့စကားများရန်ဖြစ်နေ သည်ကို ဗီဒီယိုရိုက်ကူး၍ ယူကျု့ဘ်စာမျက်နှာ၌ ဖော်ပြခြင်းနှင့် ပတ်သက်၍ အစ်ဂီ အဇယ်လီက အောက်တိုဘာ ၁၁ရက်တွင် ၎င်း၏ Instagram စာမျက်နှာမှ တစ်ဆင့် ပရိသတ်များအား ရှင်းပြခဲ့သည်။ ဓာတ်ပုံ သတင်းထောက်သည် တစ်ချိန်လုံးနောက်မှ လိုက်နေပြီး အဆက် မပြတ်အနှောင့်အယှက်ပေးနေခဲ့ ကြောင်းနှင့် ဓာတ်ပုံရိုက်သူများကို မမုန်းသော်လည်း ၎င်းအပေါ်ရန် လိုသူများကိုမူ ပြန်၍ ရန်မူတတ် သည်ဟု အစ်ဂီအဇယ်လီယာက ပြောကြားခဲ့သည်။
Ref:RapRadar

ဦးစိုးသူဆီက ပညာတွေရခဲ့တယ်ဆိုတဲ့ နီနီခင်ဇော်



စက်တင်ဘာလတွင် သွား ရောက်ခဲ့သော သြစတြေးလျခရီး စဉ်၌    အတူဖျော်ဖြေခဲ့သည့် စိုးသူထံမှ ဖျော်ဖြေရေးနှင့်ပတ် သက်၍ ပညာယူခဲ့ရသလို ပရိ သတ်များလည်း တိုး၍ရခဲ့ကြောင်းနီနီခင်ဇော်က ပြောသည်။
‘‘ဦးစိုးသူက ဆိုတဲ့ပညာနဲ့ ရော ပရိသတ်ကို တင်ဆက်တဲ့ ပညာနဲ့ရော နှစ်ခုစလုံး ပရိသတ် ကို ဖမ်းစားနိုင်တဲ့အတွက် နီတို့ တောင် ဦးစိုးသူဆီက ပညာတွေ အများကြီးသင်ရပါတယ်။ နောက် ပြီး ဦးစိုးသူရဲ့ Fan တွေကလည်း ဦးစိုးသူရဲ့ ဖေးမမှုနဲ့ နီတို့ Fan တစ်ဝက်ဖြစ်သွားတယ်’’ဟု ၎င်းကပြောသည်။
ယင်းဖျော်ဖြေရေးခရီးစဉ် တွင် လူကြီးပရိသတ်အများစုနှင့် တွေ့ဆုံခဲ့ရပြီး  လူကြီးပရိသတ် များဖြစ်သော်လည်း ၎င်းတို့ သီဆို သည့် သီချင်းများကို   လိုက်ပါ ခံစားပေးကြကြောင်း နီနီခင်ဇော် က ပြောသည်။
‘‘မျှော်လင့်ချက်တစ်စုံတစ် ရာကတော့ ပွဲတိုင်းဆိုဖြစ်ပါ တယ်။ နောက်ပြီး ဆီးဂိမ်းမှာဆိုခဲ့ တဲ့ တိုင်းရင်းသားသီချင်းလေး လည်း ဆိုဖြစ်ပါတယ်’’ဟု ၎င်းက ပြောသည်။
နယ်ဖျော်ဖြေရေးခရီးအနေ ဖြင့် တောင်ကြီးနှင့် မန္တလေးတွင် သွားရောက်ဖျော်ဖြေရန် အစီအ စဉ်ရှိသလို ရန်ကုန်တွင်လည်း ရွှေ အက်ဖ်အမ်နှစ်ပတ်လည်ပွဲနှင့် မိုးရာသီမြန်မာဂီတဆုပေးပွဲများ တွင်  ဖျော်ဖြေရန်  အစီအစဉ်ရှိ ကြောင်း    နီနီခင်ဇော်က  ပြော သည်။