Monday, October 13, 2014

ဦးစိုးသူဆီက ပညာတွေရခဲ့တယ်ဆိုတဲ့ နီနီခင်ဇော်



စက်တင်ဘာလတွင် သွား ရောက်ခဲ့သော သြစတြေးလျခရီး စဉ်၌    အတူဖျော်ဖြေခဲ့သည့် စိုးသူထံမှ ဖျော်ဖြေရေးနှင့်ပတ် သက်၍ ပညာယူခဲ့ရသလို ပရိ သတ်များလည်း တိုး၍ရခဲ့ကြောင်းနီနီခင်ဇော်က ပြောသည်။
‘‘ဦးစိုးသူက ဆိုတဲ့ပညာနဲ့ ရော ပရိသတ်ကို တင်ဆက်တဲ့ ပညာနဲ့ရော နှစ်ခုစလုံး ပရိသတ် ကို ဖမ်းစားနိုင်တဲ့အတွက် နီတို့ တောင် ဦးစိုးသူဆီက ပညာတွေ အများကြီးသင်ရပါတယ်။ နောက် ပြီး ဦးစိုးသူရဲ့ Fan တွေကလည်း ဦးစိုးသူရဲ့ ဖေးမမှုနဲ့ နီတို့ Fan တစ်ဝက်ဖြစ်သွားတယ်’’ဟု ၎င်းကပြောသည်။
ယင်းဖျော်ဖြေရေးခရီးစဉ် တွင် လူကြီးပရိသတ်အများစုနှင့် တွေ့ဆုံခဲ့ရပြီး  လူကြီးပရိသတ် များဖြစ်သော်လည်း ၎င်းတို့ သီဆို သည့် သီချင်းများကို   လိုက်ပါ ခံစားပေးကြကြောင်း နီနီခင်ဇော် က ပြောသည်။
‘‘မျှော်လင့်ချက်တစ်စုံတစ် ရာကတော့ ပွဲတိုင်းဆိုဖြစ်ပါ တယ်။ နောက်ပြီး ဆီးဂိမ်းမှာဆိုခဲ့ တဲ့ တိုင်းရင်းသားသီချင်းလေး လည်း ဆိုဖြစ်ပါတယ်’’ဟု ၎င်းက ပြောသည်။
နယ်ဖျော်ဖြေရေးခရီးအနေ ဖြင့် တောင်ကြီးနှင့် မန္တလေးတွင် သွားရောက်ဖျော်ဖြေရန် အစီအ စဉ်ရှိသလို ရန်ကုန်တွင်လည်း ရွှေ အက်ဖ်အမ်နှစ်ပတ်လည်ပွဲနှင့် မိုးရာသီမြန်မာဂီတဆုပေးပွဲများ တွင်  ဖျော်ဖြေရန်  အစီအစဉ်ရှိ ကြောင်း    နီနီခင်ဇော်က  ပြော သည်။

0 comments:

Post a Comment