အမျိုးသားတစ်ဦးရဲ့ e-mail အတွင်း ကလေးငယ်ရဲ့ ညစ်ညမ်းဓါတ်ပုံ တွေ့ရှိမှုကြောင့် Google က ရဲတပ်ဖွဲ့ကို အကြောင်းကြားပြီးဖမ်းဆီး

အမျိုးသားတစ်ဦးရဲ့ e-mail အတွင်း အသက်မပြည့်သေးတဲ့ ကလေးငယ်ရဲ့ ညစ်ညမ်းဓာတ်ပုံ တွေ့ရှိမှုကြောင့်...

ပရိသတ်ကို ပေးဆပ်တာပဲများပြီး ရယူလိုတာ ဘာမှမရှိသေးဘူးလို့ဆိုတဲ့ စွမ်းရည်

သရုပ်ဆောင်နယ်ပယ်မှာ အချိန် အတော်ကြာ ဒုတိယမင်းသားတစ်ယောက်အနေနဲ့ ဖြတ်သန်းနေတဲ့ စွမ်းရည်က...

ပရိသတ်မုန်းမှာ ကြောက်လို့ အရမ်းဟဲဗီးဗန့်စ်ဆန်တဲ့ ကားတွေ မရိုက်ချင်ဘူးလို့ဆိုတဲ့ သွန်းဆက်

ဗီဒီယိုဇာတ်ကားတွေ ရိုက်လာရပြီးနောက်ပိုင်းမှာ ခေါင်းဆောင်မင်းသမီး နေရာတွေမှာတောင် သရုပ်ဆောင်လာရပြီဖြစ်တဲ့ သွန်းဆက်နဲ့...

ချစ်သူ တစ်ယောက်တည်းထားပေမယ့် ခံစားချက်ကတော့မျိုးစုံပဲလို့ပြောပြလာတဲ့ Bobby Soxer ရဲ့ တစ်ကိုယ်တော်အခွေနဲ့ အချစ်အကြောင်း

ဒုံးပျံအခွေနဲ့ ပရိသတ်အားပေးမှုကို တခဲနက်ရရှိခဲ့တဲ့ Bobby Soxer ထက်ထက်ဟာ ခုတစ်ခါတော့...

အမျိုးသမီးတွေဟာ အမျိုးသားတွေထက် သင်ယူလေ့လာရာမှာ ပိုမိုလျင်မြန်ထက်မြတ်ဟု လေ့လာချက်ကဆို

အမျိုးသမီးတွေဟာ လေ့လာသင်ယူရာမှာ အမျိုးသားတွေထက် လျင်လျင်မြန်မြန် တတ်မြောက်ကြတယ်လို့ လေ့လာချက် အသစ်တစ်ခုအရ...

Tuesday, August 12, 2014

ပထမအကြိမ်စုပေါင်း ကရင်ရိုးရာဝါခေါင်လ ချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနား



တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်နှင့် ပလကျေးရွာရှိ ကရင်လူမျိုးများ ပထမ အကြိမ်စုပေါင်း ကရင်ရိုးရာဝါခေါင်လ ချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားကို သြဂုတ်လ(၁၀) ရက် နံနက်(ဝ၈၀ဝ)နာရီ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ တံခွန်တိုင်ကျေးရွာ၊ တံခွန်တိုင် ဘုန်းတော် ကြီးကျောင်းတွင် ပြုလုပ်ကျင်းပရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ KNUကရင် အမျိုးသား အစည်းအရုံး ၊ မြိတ်-ထားဝယ်ခရိုင်မှ တာဝန်ရှိသူများ၊ ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ တာဝန်ရှိသူများ၊ သရက်ချောင်း မြို့နယ်၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်နှင့် ပလကျေးရွာရှိ ကရင်လူမျိုး(၃၀ဝ)ဦးခန့်တက်ရောက်သည်။
ရှေးဦးစွာ အခမ်းအနားကို ကရင်အမျိုးသားသီချင်းဖြင့် ဖွင့်လှစ်ပြီး သဘာပတိကြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဟာဗီ က အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်လုံခြုံရေး နှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဇော်လွင် နှင့် KNU ကရင်အမျိုးသား အစည်းအရုံး ပဒို စောသူရယ် တို့က အားပေး စကားပြောကြားသည်။
ထို့နောက် KNU ကရင်အမျိုးသား အစည်းအရုံး မြိတ်-ထားဝယ်ခရိုင်မှ ကရင်ရိုးရာဓလေ့ ဝါခေါင်လချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာအား KNU ဆက်ဆံရေးရုံးတာဝန်ခံ ပဒိုဝင်းခိုင် က ဖတ်ကြားပြီး ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီ ဥက္ကဌ ဆရာစောမေလယ်ကျော် က အားပေးစကားပြောကြား၍ တိုင်းဒေသကြီး အမျိုးသမီးရေးရာ ဆရာမနော်မေးဒရက် က အမှာစကားပြောကြားကာ ကရင်ရိုးရာဓလေ့ဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာ အကြောင်း မြန်မာဘာသာဖြင့် နန်းဇာဇာပွင့် မှ လည်ကောင်း၊ ပိုးကရင်ဘာသာဖြင့် စောဝင်းလွင် က လည်းကောင်း၊ စကောကရင်ဘာသာဖြင့် စောညွှန့်သိန်း က လည်းကောင်း ဖတ်ကြားသည်။
ဆက်လက်၍ သဘာပတိကြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဟာဗီ က နိဂုံးချုပ် အမှာစကားပြောကြားပြီး တက်ရောက်လာသော ကရင်အမျိုးသားများက အို့ဟူး အို့ခေါင်(ညီညွှတ်ကြပါစေ) သီချင်းဖြင့်သီဆိုဖျော်ဖြေပြီး ရိုးရာယဉ်ကျေးမှုအကများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။
ဝါဆောင်လ ချည်ဖြူဖွဲ့မင်္ဂလာသည် တော်ပေါ်မြေပြန့် ကရင်တစ်မျိုးသားလုံး၏ ရိုးရာပွဲတစ်ခုဖြစ်ပြီး ကရင်မိဘ ဘိုးဘွားတို့၏ ယဉ်ကျေးမှုဓလေ့ထုံးတမ်းအမွေအနှစ်ဖြစ်၍ ကရင်အမျိုးသားအားလုံး၏ စည်းလုံးညီညွှန်ရေး ကိုတည် ဆောက်ပေးသော ရိုးရာပွဲကို ကရင်အမျိုးသားများသည် ခေတ်ကာလအမျိုးမျိုးကို ဖြတ်ကျော်လွှား၍ ရိုးရာပွဲကို ကရင် အမျိုးသားများအမြတ်တနိုးထိန်းသိမ်းဆက်ဆံခဲ့သည့် နည်းတူ ယနေ့ကာလတွင် သမိုင်းပေးတာဝန် တစ်ရပ်အနေဖြင့် ဆက်လက် ထိန်းသိမ်းရမည်မှာ ကရင်တစ်မျိုးသားလုံး ၏တာဝန်ဖြစ်သည်ဟု သိရှိရသည်။
ကရင်လူမျိုးတွင် ချည်ဖြူဖွဲ့ မင်္ဂလာဓလေ့သည် ဖျားနာသည့်အခါ ချည်ဖြူဖွဲ့မင်္ဂလာ ခန္စာကိုယ်နှင့် လိပ်ပြာခွဲသော ချည်ဖြူဖွဲ့မင်္ဂလာ၊ ဘိုးဘိုးကြီးရိုးရာနတ်ကို ပူဇော်ပြီးနောက် ချည်ဖြူဖွဲ့မင်္ဂလာ၊ ကိုယ်ဝန်ဆောင် ဘဝချည်ဖြူဖွဲ့မင်္ဂလာ၊ မွေးကင်းစကလေး ချည်ဖြူဖွဲ့မင်္ဂလာ ကင်းကွာနေထိုင်ကြသူများ ချည်ဖြူဖွဲ့မင်္ဂလာ၊ လန့်ဖျပ်ခြင်းကြောင့် ချည်ဖြူဖွဲ့မင်္ဂလာ နှင့် ဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာ (၉)မျိုး သတ်မှတ်ပေးထားသည်ဟု သိရှိရသည်။

နိုင်ငံ့ဂုဏ်ကိုဆောင်နိုင်သည့် အလှမယ် ဖြစ်ချင်သည့် အသက် ၁၇ နှစ်အရွယ် ဟန်သီ နှင့် မဇ္ဈိမ တွေ့ဆုံခြင်း

Miss Golden Land Myanmar ပြိုင်ပွဲရဲ့ ပြိုင်ပွဲဝင်အလှမယ် ၂၅ ဦး ထဲမှာ မဲအရေအတွက် အများဆုံးရရှိနေ တဲ့ခါးနံပါတ် ၁၅ ပိုင်ရှင် ဟန်သီကို စိတ်ဝင်စားမိတာ အမှန်ပါပဲ။ သူဟာ အလှမယ် ပြိုင်ပွဲတွေ ဝင်မပြိုင်ခင်ကတည်းက အနုပညာပြေးလမ်းပေါ်မှာ လျှောက်လှမ်းနေတာမို့ ဘာကြောင့်များ အလှမယ်ပြိုင်ပွဲကို ဝင်ပြိုင်ဖြစ်တာလည်းဆိုတဲ့ မေးခွန်းများနဲ့ ဟန်သီကို ထိတွေ့စေခဲ့ပါတယ်။

မေး အရင်ဆုံး ညီမရဲ့ အနုပညာလှုပ်ရှားမှုအစက….

အနုပညာစလုပ်ဖြစ်ခဲ့တာကတော့ ၂ဝ၁၂ ခုနှစ်၊ ဧပြီလ က ဖြစ်ပါတယ်။ ညီမက ရန်ကုန်ကပါပဲ။ Good Care ကြော်ငြာ နဲ့စခဲ့တာပါပဲ။ နောက်မဂ္ဂဇင်းတွေ၊ ဂျာနယ်တွေရဲ့ အကူအညီနဲ့ ပရိသတ်သိလာတာပါ။ အသက်ကတော့ ၁၇ နှစ်ပါ။ IGCSE စာမေးပွဲ ဖြေဆိုထားပါတယ်။

မေး အနုပညာအလုပ်တွေလဲ လုပ်နေတယ်နော်။

ညီမအနေနဲ့ Tv ကြေငြာ ကိုးခုရှိပါပြီ။ မဂ္ဂဇင်း Cover ကတော့ ဆယ်ခုကျော်သွားပါပြီ။ အဓိကကတော့ ဂျာနယ်တွေမှာ မျက်နှာဖုံး တွေအများဆုံးရိုက်ဖြစ်ပါတယ်။ နောက်ပိုင်းဆက်ရိုက်မယ့် ကြော်ငြာတွေလည်း ရှိပါတယ်။

မေး အနုပညာရှင်တစ်ယောက်ဖြစ်နေပေမယ့် ဘာ့ကြောင့်များ အလှမယ်ပြိုင်ပွဲကို ဝင်ပြိုင်ချင်တာလဲ။

ဒီပြိုင်ပွဲက နေအလှမယ် ငါးဦး အရွေးခံရမယ်။ အရွေးခံရမဲ့ ငါးဦးဟာ ပရဟိတလုပ်ငန်းတွေ အဓိက လုပ်ဆောင်ရမယ်။ နိုင်ငံတကာမှာ ပြိုင်ပွဲဝင်ရမယ့်အတွက် နိုင်ငံ့ဂုဏ်ဆောင်ဖြစ်ရမယ်။ ဒီအတွက် နိုင်ငံ့ဂုဏ် ဆောင် အမျိုးသမီးတစ်ယောက်လည်း ဖြစ်ချင်တယ်။ ပြိုင်ပွဲရဲ့စည်းကမ်းတွေဖြစ်တဲ့ ခန္ဓာကိုယ်လှပမှု၊ အလှအပများနဲ့ ဥာဏ်ရည်ဥာဏ်သွေးဆိုတဲ့ အချက်သုံးချက် ပြည့်စုံရမယ်။ ပြိုင်ပွဲမှာ ရွေးချယ်မယ့်အချက်တွေလည်း ပြည့်စုံအောင် အများကြီး ကြိုးစားထားပါတယ်။ ကိုယ်လည်း လုပ်နိုင်တယ်ဆိုတာကြောင့် ဒီပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖြစ်တာပါ။

မေး အနုပညာအလုပ်ကို ဘယ်အတိုင်းအတာထိလုပ်မယ်လို့ ရည်ရွယ်ထားလဲ။

အနုပညာအလုပ်ကို ဟန်သီဆုံးခန်းတိုင်အောင်လုပ်မှာပါ။ ပညာရေးကလည်း လက်ရှိမပြီးသေးတော့ ပညာရေးကိုလည်း ဆုံးခန်းတိုင်အောင် ဟန်သီသင်ချင်သေးတယ်။ ပညာရေးဆုံးခန်း တိုင်သွားတာနဲ့ အနုပညာ အလုပ်ကိုအားကြိုးမာန်တက်နဲ့ ဟန်သီလုပ်သွားမှာပါ။

မေး အခုအလှမယ်တွေနဲ့ပတ်သက်တဲ့ သတင်းတွေကလည်းထွက်လာတော့ အလှမယ်တစ်ယောက်သာ ဖြစ်ခဲ့ ရင်ကိုယ့်ရဲ့နေထိုင်ဖြတ်သန်းမှုက

အလှမယ် တစ်ယောက်ဖြစ်လာရင်တော့ တတ်နိုင်သလောက်ဟန်သီအကောင်းဆုံးကြိုးစားနေထိုင် သွားနိုင်အောင်ကြိုတွေး ကြိုစဉ်းစားထားပါတယ်။ အလှမယ် တစ်ယောက်ဟာ စံနမူနာပြဖြစ်တဲ့အတွက် ကိုယ်က ဦးဆောင်လုပ်သွားမယ်၊ ကိုယ့်အကျိုးအတွက်မဟုတ်ဘဲ တိုင်းပြည်အကျိုး၊ ပြည်သူ့အကျိုး၊ ပတ်ဝန်းကျင် အကျိုးတွေကို သယ်ပိုးထမ်းဆောင်သွားမှာပါ။

မေး အောင်မြင်မှုတစ်ခုရဖို့လိုအပ်မှုတွေက။

ဒီပြိုင်ပွဲအတွက် စိတ်ရောကိုယ်ပါ အများကြီးကြိုးစားထားပါတယ်။ ဒီပြိုင်ပွဲက ပရိတ်သတ်တွေရဲ့ အားပေးမှုအများကြီးလိုပါတယ်။ ပရိသတ်ရဲ့အားပေးမှုက ညီမတို့ရဲ့ အောင်မြင်မှုပါပဲ။

Miss Golden Myanmar Fun Page ကနေ နံပါတ် ၁၅ Han Thi ကို
https://www.facebook.com/MissGoldenLandMyanmar/photos/a.590514451068987.1073741847.451527441634356/590518961068536/?type=1&relevant_count=1 မှာ Like ပေးလို့ရပါတယ်။ ညီမကို အားပေးတဲ့ ပရိတ်သတ်တွေလည်း စိတ်ချမ်းသာခြင်း၊ ကိုယ်ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Photo: နိုင်ငံ့ဂုဏ်ကိုဆောင်နိုင်သည့် အလှမယ် ဖြစ်ချင်သည့် အသက် ၁၇ နှစ်အရွယ် ဟန်သီ နှင့် မဇ္ဈိမ တွေ့ဆုံခြင်း

Miss Golden Land Myanmar ပြိုင်ပွဲရဲ့ ပြိုင်ပွဲဝင်အလှမယ် ၂၅ ဦး ထဲမှာ မဲအရေအတွက် အများဆုံးရရှိနေ တဲ့ခါးနံပါတ် ၁၅ ပိုင်ရှင် ဟန်သီကို စိတ်ဝင်စားမိတာ အမှန်ပါပဲ။ သူဟာ အလှမယ် ပြိုင်ပွဲတွေ ဝင်မပြိုင်ခင်ကတည်းက အနုပညာပြေးလမ်းပေါ်မှာ လျှောက်လှမ်းနေတာမို့ ဘာကြောင့်များ အလှမယ်ပြိုင်ပွဲကို ဝင်ပြိုင်ဖြစ်တာလည်းဆိုတဲ့ မေးခွန်းများနဲ့ ဟန်သီကို ထိတွေ့စေခဲ့ပါတယ်။

မေး အရင်ဆုံး ညီမရဲ့ အနုပညာလှုပ်ရှားမှုအစက….

အနုပညာစလုပ်ဖြစ်ခဲ့တာကတော့ ၂ဝ၁၂ ခုနှစ်၊ ဧပြီလ က ဖြစ်ပါတယ်။ ညီမက ရန်ကုန်ကပါပဲ။ Good Care ကြော်ငြာ နဲ့စခဲ့တာပါပဲ။ နောက်မဂ္ဂဇင်းတွေ၊ ဂျာနယ်တွေရဲ့ အကူအညီနဲ့ ပရိသတ်သိလာတာပါ။ အသက်ကတော့ ၁၇ နှစ်ပါ။ IGCSE စာမေးပွဲ ဖြေဆိုထားပါတယ်။

မေး အနုပညာအလုပ်တွေလဲ လုပ်နေတယ်နော်။

ညီမအနေနဲ့ Tv ကြေငြာ ကိုးခုရှိပါပြီ။ မဂ္ဂဇင်း Cover ကတော့ ဆယ်ခုကျော်သွားပါပြီ။ အဓိကကတော့ ဂျာနယ်တွေမှာ မျက်နှာဖုံး တွေအများဆုံးရိုက်ဖြစ်ပါတယ်။ နောက်ပိုင်းဆက်ရိုက်မယ့် ကြော်ငြာတွေလည်း ရှိပါတယ်။

မေး အနုပညာရှင်တစ်ယောက်ဖြစ်နေပေမယ့် ဘာ့ကြောင့်များ အလှမယ်ပြိုင်ပွဲကို ဝင်ပြိုင်ချင်တာလဲ။

ဒီပြိုင်ပွဲက နေအလှမယ် ငါးဦး အရွေးခံရမယ်။ အရွေးခံရမဲ့ ငါးဦးဟာ ပရဟိတလုပ်ငန်းတွေ အဓိက လုပ်ဆောင်ရမယ်။ နိုင်ငံတကာမှာ ပြိုင်ပွဲဝင်ရမယ့်အတွက် နိုင်ငံ့ဂုဏ်ဆောင်ဖြစ်ရမယ်။ ဒီအတွက် နိုင်ငံ့ဂုဏ် ဆောင် အမျိုးသမီးတစ်ယောက်လည်း ဖြစ်ချင်တယ်။ ပြိုင်ပွဲရဲ့စည်းကမ်းတွေဖြစ်တဲ့ ခန္ဓာကိုယ်လှပမှု၊ အလှအပများနဲ့ ဥာဏ်ရည်ဥာဏ်သွေးဆိုတဲ့ အချက်သုံးချက် ပြည့်စုံရမယ်။ ပြိုင်ပွဲမှာ ရွေးချယ်မယ့်အချက်တွေလည်း ပြည့်စုံအောင် အများကြီး ကြိုးစားထားပါတယ်။ ကိုယ်လည်း လုပ်နိုင်တယ်ဆိုတာကြောင့် ဒီပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖြစ်တာပါ။

မေး အနုပညာအလုပ်ကို ဘယ်အတိုင်းအတာထိလုပ်မယ်လို့ ရည်ရွယ်ထားလဲ။

အနုပညာအလုပ်ကို ဟန်သီဆုံးခန်းတိုင်အောင်လုပ်မှာပါ။ ပညာရေးကလည်း လက်ရှိမပြီးသေးတော့ ပညာရေးကိုလည်း ဆုံးခန်းတိုင်အောင် ဟန်သီသင်ချင်သေးတယ်။ ပညာရေးဆုံးခန်း တိုင်သွားတာနဲ့ အနုပညာ အလုပ်ကိုအားကြိုးမာန်တက်နဲ့ ဟန်သီလုပ်သွားမှာပါ။

မေး အခုအလှမယ်တွေနဲ့ပတ်သက်တဲ့ သတင်းတွေကလည်းထွက်လာတော့ အလှမယ်တစ်ယောက်သာ ဖြစ်ခဲ့ ရင်ကိုယ့်ရဲ့နေထိုင်ဖြတ်သန်းမှုက

အလှမယ် တစ်ယောက်ဖြစ်လာရင်တော့ တတ်နိုင်သလောက်ဟန်သီအကောင်းဆုံးကြိုးစားနေထိုင် သွားနိုင်အောင်ကြိုတွေး ကြိုစဉ်းစားထားပါတယ်။ အလှမယ် တစ်ယောက်ဟာ စံနမူနာပြဖြစ်တဲ့အတွက် ကိုယ်က ဦးဆောင်လုပ်သွားမယ်၊ ကိုယ့်အကျိုးအတွက်မဟုတ်ဘဲ တိုင်းပြည်အကျိုး၊ ပြည်သူ့အကျိုး၊ ပတ်ဝန်းကျင် အကျိုးတွေကို သယ်ပိုးထမ်းဆောင်သွားမှာပါ။

မေး အောင်မြင်မှုတစ်ခုရဖို့လိုအပ်မှုတွေက။

ဒီပြိုင်ပွဲအတွက် စိတ်ရောကိုယ်ပါ အများကြီးကြိုးစားထားပါတယ်။ ဒီပြိုင်ပွဲက ပရိတ်သတ်တွေရဲ့ အားပေးမှုအများကြီးလိုပါတယ်။ ပရိသတ်ရဲ့အားပေးမှုက ညီမတို့ရဲ့ အောင်မြင်မှုပါပဲ။

Miss Golden Myanmar Fun Page ကနေ နံပါတ် ၁၅ Han Thi ကို
https://www.facebook.com/MissGoldenLandMyanmar/photos/a.590514451068987.1073741847.451527441634356/590518961068536/?type=1&relevant_count=1 မှာ Like ပေးလို့ရပါတယ်။ ညီမကို အားပေးတဲ့ ပရိတ်သတ်တွေလည်း စိတ်ချမ်းသာခြင်း၊ ကိုယ်ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

စပိန်နှစ်သင်း ချန်ပီယံလုမယ့် ဥရောပစူပါဖလားဗိုလ်လုပွဲ


 ရီးရဲလ်မက်ဒရစ် - ဆီဗီလာ နောက်ဆုံးသုံးကြိမ်တွေ့ဆုံမှုရလဒ် ရီးရဲလ်၎-၁ဆီဗီလာ ရီးရဲလ်၇-၃ဆီဗီလာ ဆီဗီလာ၂-၁ရီးရဲလ် ယနေ့ ညဥ့်နက်ပိုင်း (ဗုဒ္ဓဟူးနံနက်) ၁ နာရီ ၁၅ မိနစ်မှာ ရီးရဲလ်နဲ့ ဆီဗီလာတို့ရဲ့ ဥရောပစူပါဖလားပွဲကို ကြည့်ရတော့မှာပါ။ ရီးရဲလ်မှာ ရော်နယ်ဒို မပါဝင်နိုင်သေးဘဲ နိုင်ငံတကာ ချန်ပီယံဖလား ကာကွယ်နိုင်စွမ်း မရှိပေမယ့် ချန်ပီယံလိဂ် ချန်ပီယံနဲ့ ယူရိုပါလိဂ် ချန်ပီယံတို့ ရင်ဆိုင်တဲ့ပွဲက ဂုဏ်သိက္ခာပိုင်းအရရော အစဉ်အလာအရပါ တန်ဖိုးထားတာကြောင့် အနိုင်ရဖို့ အားထည့်ကြိုးပမ်းပါလိမ့်မယ်။ ရီးရဲလ်မှာ ရော်နယ်ဒို၊ ဘေးလ်တို့အပြင် ဂျိမ်းစ်ရိုဒရီဂွက်ဇ်တို့ရဲ့ တိုက်စစ်က ဆီဗီလာကို ခြိမ်းခြောက်ကစားနိုင်ပါတယ်။ ဆီဗီလာမှာ ရာကီတစ် မရှိတော့ပေမယ့် ရှေ့တန်းမှာ အီယာဂိုအက်စ်ပတ်တော့ ရှိနေပြီး ဂိုးသွင်းခြေရှိနေပါတယ်။ ရီးရဲလ်မှာ ကာဆီးလက်စ်၊ ပီပီ၊ မိုဒရစ်၊ ဘန်ဇီးမား၊ ရော်နယ်ဒို၊ ကရူးစ်တို့ လူစုံပါလာဖို့ များပါတယ်။ စူပါဖလားပွဲတွေ ထုံးစံအတိုင်း ဂိုးများဖို့ရှိပြီး ရီးရဲလ်တို့ နှစ်ဂိုးအသာလောက်နဲ့ နိုင်ခြေများနေပြီး ဆီဗီလာလည်း တစ်ဂိုးလောက်တော့ ဂိုးပြန်သွင်းနိုင်ပါတယ်။ အပြန်အလှန်သွင်းဂိုး များနိုင်ခြေရှိတယ်။

ဘရူနိုင်း ဘုရင့်ဖလား ပြိုင်ပွဲတွင် မြန်မာ ယူ-၁၉ နိုင်ပွဲဆက်

ဘရူနိုင်းကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ (2014 The Hassanal Bolkiah Trophy) အုပ်စု(က) ဒုတိယရက်ပွဲစဉ်များ တွင် မြန်မာယူ-၁၉ အသင်းသည် တီမောလူငယ်အသင်းကို (၃-၁) ဂိုးဖြင့် အနိုင်ရရှိကာ အုပ်စုတွင် ဆက်လက်ဦးဆောင်ထားသည်။

သြဂုတ်လ ၁၀ ရက်က ဘရူ နိုင်းနိုင်ငံ ဘန်ဒါဆရီဘီဂါဝန်မြို့ တွင် ကျင်းပခဲ့သည့် အဆိုပါပွဲစဉ် တွင် မြန်မာယူ-၁၉ အသင်းအ တွက် အနိုင်ဂိုးများကို ပွဲချိန် ၄၃ မိနစ်တွင် အောင်သူ၊ ပွဲချိန် ၅၂ မိနစ်တွင် နန္ဒကျော် (ပင်နယ်တီ) နှင့် ပွဲချိန် ၇၃ မိနစ်တို့တွင် မျိုးကို ထွန်းတို့က သွင်းယူပေးခဲ့ခြင်းဖြစ် သည်။
အုပ်စု (က) အခြားပွဲစဉ်တွင် ထိုင်းလူငယ်အသင်းက ဖိလစ်ပိုင် လူငယ်အသင်းကို (၂-၀) ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ အုပ်စု (က) ဒုတိယရက် ပွဲစဉ်များအပြီးတွင် မြန်မာယူ-၁၉ အသင်းက နှစ်ပွဲ ကစား၊ နှစ်ပွဲနိုင်၊ ရမှတ်ခြောက် မှတ်ဖြင့် အုပ်စုတွင် ဦးဆောင် ထားပြီး ထိုင်းလူငယ်အသင်းက နှစ်ပွဲကစား၊ တစ်ပွဲနိုင်၊ တစ်ပွဲရှုံး ရမှတ်သုံးမှတ်ဖြင့် ဒုတိယနေရာ တွင် ရပ်တည်နေသည်။

အုပ်စု (က) တတိယရက် ပွဲ စဉ်များကို သြဂုတ်လ ၁၂ ရက် တွင် ဆက်လက်ကျင်းပမည်ဖြစ် ပြီး မြန်မာယူ-၁၉ အသင်းနှင့် လာအိုလူငယ်အသင်း၊ တီမောလူ ငယ်အသင်းနှင့် ထိုင်းလူငယ်အ သင်းတို့ ယှဉ်ပြိုင်ကစားကြမည် ဖြစ်သည်။

ပြိုင်ပွဲဝင် ၁၁ သင်းပါဝင် ယှဉ်ပြိုင်သည့် အဆိုပါပြိုင်ပွဲကို သြဂုတ် ၂၃ ရက်အထိ ကျင်းပမည်ဖြစ်ပြီး မြန်မာယူ-၁၉  အသင်းသည် အုပ်စု (က)တွင် ထိုင်း၊ တီမော၊ လာအို၊ ဖိလစ်ပိုင်၊ အုပ်စု(ခ) တွင် ဘရူနိုင်း၊ ဗီယက်နမ်၊  စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှားနှင့် ကမ္ဘောဒီးယားအသင်းများ ပါဝင်လျက်ရှိသည်။

ဘရူနိုင်းဘုရင့်ဖလား ဘော လုံးပြိုင်ပွဲဝင်အသင်းများကို အ သက် ၂၁ နှစ်အောက် သတ်မှတ် ထားသော်လည်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် လာမည့် အောက်တိုဘာလအတွင်း အိမ် ရှင်အဖြစ် လက်ခံကျင်းပမည့် အာရှယူ-၁၉ နောက်ဆုံးအဆင့် အတွက် ပြင်ဆင်နေသည့် မြန်မာ ယူ-၁၉ အသင်းအား စေလွှတ် ယှဉ်ပြိုင်ခြင်းဖြစ်သည်။

ကိုယ်ဝန်ဆောင် မိခင် အစားအစာ


ကျွန်တော်တို့ နိုင်ငံရှိ လူမျိုးများ ဟာ အမျိုးသမီးများ ကိုယ်ဝန်ဆောင်စဉ် နှင့် ကလေးမီးဖွား ပြီး နို့တိုက် နေစဉ် ကာလ အတွင်း အစား အသောက် များ ကို အလွန် အမင်း ရှောင်တတ် ကြပါတယ် ...

ဗမာ၊ တရုတ်၊ ကုလား၊ ရှမ်း စတဲ့ လူမျိုး များ ရှောင်ကြတဲ့ အစား အသောက် များ ပေါင်းလိုက် ပါက စားစရာတောင် ကျန်မှာ မဟုတ်တော့ပါ ...

မိရိုးဖလာ အစဉ် အဆက် က စွဲလာခဲ့သော အယူအဆ မှားများကို ချက်ချင်း ပြင်ဖို့ရာမှာ အတော် ခက်ခဲ ပါတယ် ...

ဒါ့ကြောင့် စားသင့်သော အစား အစာ များ၏ ကောင်းကျိုး စားသင့်လျက် မစားပါက ဖြစ်ပေါ် လာမယ့် ဆိုးကျိုးများကို တဖြည်းဖြည်း လက်ခံလာအောင် အထောက် အထား နဲ့တကွ ပြောဆို ပညာပေး ရမှာ ဖြစ်ပါတယ် ...

ကျန်းမာရေး ပညာပေး media အားဖြင့်၎င်း၊ ဒေသအလိုက် ကျန်းမာရေး ဟောပြော ပွဲများတွင် ထည့်သွင်း ပြောကြား၍ ၎င်း၊ သားဖွား ဆရာမများမှ မိခင်များအား တိုက်ရိုက် ပညာပေးခြင်း ဖြင့်၎င်း

အဓိက အားဖြင့် အလွှာ တူ အချင်းချင်း (peer to peer) ကိုယ်ဝန်ဆောင် ဖူးသော မိခင်မှ အခြား ကိုယ်ဝန်ဆောင် မိခင်သို့ ပညာပေး ပြောကြားခြင်း တို့ ဖြစ်ပါတယ် ...

ကိုယ်ဝန်ဆောင် မိခင် ဖြစ်လာပြီ ဆိုလျှင် ယခင် ထက် အာဟာရဓါတ် ပိုမို လိုအပ် လာပါတယ် ... သန္ဓေသား ဖွံ့ဖြိုးမှု အတွက် လုံလောက် သော အာဟာရ ဓါတ်ကို ရရှိဖို့ စားသုံးရမှာ ဖြစ်ပါတယ် ... အကြမ်းဖျင်း စားသုံးရမယ့် အစားအစာ များမှာ အောက်ပါ အတိုင်း ဖြစ်ပါတယ် ...

သစ်သီးများနဲ့ဟင်းသီးဟင်းရွက်များ၊ ဂျုံ၊ ပြောင်းအစရှိတဲ့အနှံများကိုများစွာစားသုံးပါ..

အဆီနည်းသောနို့ထွက်ပစ္စည်းများ၊ အဆီနည်းသောအသားများကို သင့်တင့်စွာစားသုံးပါ..

အဆီများသောအစားအစာ၊ သကြားများသောအစားအစာ၊ ငန်သောအစားအစာများကိုအနည်းငယ်မျှသာစားသုံးပါ..

အဆီမပါသောအသားများ၊ ကြက်သား၊ ငါးများကိုစားသုံးပါ..

ပဲမျိုးစုံ၊ မြေပဲနှင့်အခြားသီးနှံအစေ့များကိုစားသုံးပါ..

အစိမ်းရောင်ရှိသောအရွက်များကိုစားသုံးပါ..

ကိုယ်ဝန်ဆောင် ကာလတွင် အဓိက လိုအပ်သော အာဟာရဓါတ်မှာ ဖောလစ်အက်စစ်နဲ့ သံဓါတ် တို့ ဖြစ်ပါတယ် ... ဖောလစ်အက်စစ် ဟာ သန္ဓေသားရဲ့ အာရုံကြောစနစ် ဖွဲ့စည်းမှုမှာ မရှိမဖြစ် အရေးကြီး လိုအပ်ပါတယ် ... ဒါ့ကြောင့် ကိုယ်ဝန် ပထမ သုံးလမှာ အဓိကထား ပြီး ကိုယ်ဝန် တစ်လျှောက်လုံးနဲ့ နို့တိုက် နေချိန် ကာလအတွင်း ဖောလစ် အက်စစ်ဓါတ် ကြွယ်ဝတဲ့ အစာများကို စားသုံး ရမှာ ဖြစ်ပါတယ် ... အစားအစာ တော်တော် များများ မှာလည်း ဖောလစ် အက်စစ် ဓါတ် ပါဝင် ပါတယ် ...

ဖောလစ်အက်စစ်ဓါတ်ကြွယ်ဝသောအစားအစာများ အကြွယ်ဝဆုံးအစားအစာများ ဒုတိယအကြွယ်ဝဆုံးအစားအစာများ တတိယအကြွယ်ဝဆုံးအစားအစာများ ကညွတ်ပင် ဂေါ်ဖီထုပ် မုန်လာဥဝါ အစိမ်းရောင်ပန်းဂေါ်ဖီ် ပန်းဂေါ်ဖီ အာလူး ပဲနီလေး တရုတ်နံနံ ခရမ်းချဉ်သီး ပဲသီးခြောက်များ လိမ္မော်သီး၊ လိမ္မော်ရည် စတော်ဘယ်ရီ ဟင်းနုနွယ် ကြက်သွန်နီတစ်မျိုး(leeks) ဆော်လမွန်ငါး ပဲဝါကလေး ရွှေပဲ သစ်ကြားသီး

ဂျူံစေ့ ဆားမပါသောမြေပဲကိုယ်ဝန် ဆောင်စဉ်အတွင်း အခြား လိုအပ်တဲ့ဓါတ်မှာ သံဓါတ် ဖြစ်ပြီး ကိုယ်ဝန်ဆောင် ကာလမှာ ရာသီသွေး မဆင်းတဲ့ အတွက် သံဓါတ် ဆုံးရှုံးမှု လျော့နည်း ပါတယ် ... သန္ဓေသား ကြီးထွား ဖွံ့ဖြိုး ကျန်းမာမှု အတွက် သံဓါတ်ဟာ အရေးကြီး ပါတယ် ... ဒါ့ကြောင့် စားသုံးသော အစာမှာ သံဓါတ် အပါအဝင် အာဟာရ ပြည့်ဝဖို့ လိုအပ်ပါတယ် ... အောက်တွင် အာဟာရ ဓါတ်များနှင့် ၎င်းတို့ကို အကြွယ်ဝဆုံး ရရှိနိုင်တဲ့ အစားအစာများကို ယှဉ်တွဲ ဖော်ပြ ပေးလိုက် ပါတယ် ...

အာဟာရဓါတ်များနှင့် ၎င်းတို့ကိုရရှိနိုင်သောအစားအစာများ အာဟာရဓါတ်များ ခန္ဓာကိုယ်အတွက်အသုံးဝင်ပုံ အကြွယ်ဝဆုံးရနိုင်သောအစားအစာများ ပရိုတိန်း(အသားဓါတ်) ဆဲလ်တည်ဆောက်ကြီးထွားမှုနှင့် သွေးတည်ဆောက်မှု အဆီမဲ့အသားများ၊ ကြက်ဘဲငှက်အသားများ၊ ငါး၊ ကြက်ဥအကာ၊ ပဲမျိုးစုံ၊ တိုဖူး ကစီဓါတ် နေ့စဉ်သွားလာလှုပ်ရှားမှုအတွက် အင်အားဓါတ် နှံစားပင်သီးနှံများ၊ အာလူး ပိန်းဥ ကန်စွန်းဥ အစရှိသည့်ဥများ၊ အသီးအနှံဟင်းသီးဟင်းရွက်များ အဆီဓါတ် ခန္ဓာကိုယ်အတွက်စွမ်းအင်သိုလှောင်မူ

အဆီပါအသားများ၊ မလိုင်ပါနို့နှင့်နို့ထွက်ပစ္စည်းများ၊ မြေပဲ သီဟိုစေ့ကဲ့သို့အစေ့များ၊ မာဂျရင်း၊ ပဲဆီ နှမ်းဆီ နေကြာဆီကဲ့သို့ သီးနှံဆီများ၊ ကယ်လ်စီယမ် အရိုးနှင့်သွားများတည်ဆောက်မှု၊ ကြွက်သားလှုပ်ရှားမှု၊ အာရုံကြောလုပ်ငန်းလုပ်ဆောင်မှု၊ နို့၊ ဒိန်ခဲ၊ ဒိန်ချဉ်၊ ဆာဒင်း ဆယ်လ်မွန်ကဲ့သို့ အရိုးပါစားနိုင်သောငါးများ၊ ဟင်းနုနွယ် သံဓါတ် သွေးနီဥတည်ဆောက်မှု အဆီမပါနီသောအသားများ၊ ဟင်းနုနွယ်၊ အစိမ်းရင့်ရောင်အရွက်များ၊ ဗိုက်တာမင် A အရေပြားကျန်းမာမှု၊ မျက်စိအမြင်ကောင်းမှု၊ အရိုးကြီးထွားမှု မုန်လာဥနီ၊

အစိမ်းပုပ်ရောင်အရွက်များ၊ အဝါရောင်အသီးများ၊ ဗိုက်တာမင် C သွား သွားဖုံး အရိုးကျန်းမာမှု၊ သံဓါတ်စုပ်ယူမှု သံပုရာ လိမ္မော် ရှောက် ဂရိတ်ဖရုအစရှိသည့်အသီးများ၊ ပန်းဂေါ်ဖီ၊ ခရမ်းချဉ်သီး၊ သစ်သီးဖျော်ရည်များ၊ ဗိုက်တာမင် B6 သွေးနီဥတည်ဆောက်မှု၊ ကစီဓါတ် အသားဓါတ် အဆီဓါတ်လုပ်ငန်းများ အားပေးမှု ဝက်သား၊ နှံစားပင်သီးနှံများ၊ ငှက်ပျောသီး၊ ဗိုက်တာမင် B12 သွေးနီဥတည်ဆောက်မှု၊ အာရုံကြောလုပ်ငန်းလုပ်ဆောင်မှု၊ အသား၊ ငါး၊ ကြက်ဘဲငှက်သားများ၊

နို့နှင့်နို့ထွက်ပစ္စည်းများ၊(နို့ထွက်ပစ္စည်းများပါရှောင်သော သတ်သတ်လွတ်စားသူများဟာ ဗိုက်တာမင် B12ချို့တဲ့နိုင်ပါတယ်..) ဗိုက်တာမင် D အရိုးနှင့်သွားများခိုင်မာမှု၊ ကယ်လ်စီယမ်စုပ်ယူခြင်းကိုအားပေးမှု နို့နှင့်နို့ထွက်ပစ္စည်းများ၊ နှံစားပင်သီးနှံများ၊ ပေါင်မုန့်၊ နှံစားပင်သီးနှံ(Cereals)=ဆန်၊ ဂျုံ၊ ပြောင်း ကဲ့သို့နှံစားပင်များ

ကိုယ်ဝန်ဆောင်စဉ်မှာ ခံစားရတဲ့ အဓိက ဝေဒနာတွေ ကတော့ ပထမသုံးလမှာ ပျို့အန်ခြင်းနဲ့ လရင့်တဲ့ အခါ ဖြစ်လေ့ရှိတဲ့ ရင်ပူရင်ကယ်ခြင်း တို့ဖြစ်ပါတယ် ... ပျို့အန်တဲ့အခါ လိုက်နာ ရမှာက တော့ အိပ်ရာ မထခင် အစာကြေ လွယ်တဲ့ ပေါင်မုန့်၊ ဘီစကစ်၊ သီးနှံ တစ်မျိုးမျိုး စားပါ ... ပြီးလျှင် အိပ်ရာမှ ဖြည်းဖြည်း ထပါ ... ရုတ်တရက် ပြင်းထန်သော လှုပ်ရှားမှုကို ရှောင်ပါ ... အစာစားနေစဉ် အစာအိမ် မတင်းစေရန် အရည် ကြားဖြတ် သောက်ပေးပါ ...

စပ်တဲ့ အစားအစာ၊ ချွဲပြစ်တဲ့ အစား အစာ များ ရှောင်ပါ ... ဗိုက်တင်းအောင် မစားဘဲ နည်းနည်းနှင့် မကြာမကြာ စားပေးပါ ... ပျို့ချင်လာ ပါက အမြှုပ်ထ အရည်တစ်မျိုးမျိုး(Fizzy drink) သောက်ပေးပါ ... ဂျင်းပါသော အရည်/အစားအစာ ဟာ ပျို့ခြင်းကို သက်သာစေပါတယ် ... လေဝင် လေထွက် ကောင်းသော နေရာမှာ အနားယူပါ..

လရင့်တဲ့အခါ ဖြစ်လေ့ ရှိတာကတော့ ရင်ပူရင်ကယ်ခြင်းပါဘဲ..သန္ဓေသားကြီးထွားလာပြီး မိခင် ဝမ်းဗိုက်အတွင်း နေရာ ပိုယူလာတာ ကြောင့် ဖြစ်ရတာပါ ... အစာကို များများ မစားဘဲ နည်းနည်းနှင့် အကြိမ် များများ စားပါ ... အိပ်ရာဝင် ခါနီး အစာစားခြင်း ကို ရှောင်ပါ ... အစာစားပြီး ခန္ဓာကိုယ် ကွေးခြင်း၊ အလေးအပင် မခြင်း၊ အိပ်ခြင်း ရှောင်ပါ ... လက်ဖက်ရည် ကော်ဖီ များများ သောက်ခြင်း ရှောင်ကြဉ်ပါ ...

ကိုယ်ဝန် ဆောင်စဉ်နဲ့ ကလေး မီးဖွားပြီး နို့တိုက်စဉ် ကာလအတွင်း အစားအသောက် များကို အလွန် အမင်း ရှောင်ကြဉ်ပါက မိခင် အနေနဲ့ လည်း ဗိုက်တာမင်ဓါတ် လိုအပ်ပြီး ကျန်းမာရေး ထိခိုက်နိုင်သလို ကလေးမှာလည်း ဗိုက်တာမင်ချို့တဲ့ပြီး (အရပ်အခေါ်) သူငယ်နာ ရောဂါ လက္ခဏာများ ပေါ်ပေါက်လာ တတ်ပါတယ် ... (ဗိုက်တာမင် ချို့တဲ့ သူငယ်နာ ရောဂါ လက္ခဏာများ ကို သီခြား ရေးသား ပါမယ်)

ဒါ့ကြောင့် ကိုယ်ဝန် ဆောင်စဉ် ကာလနဲ့ မီးဖွားပြီး နို့တိုက်စဉ် ကာလမှာ အာဟာရ ဖြစ်စေသော အစာများကို ရွေးချယ် စားသုံးပြီး ရှောင်ကြဉ် စရာများကို လိုက်နာခြင်း ဖြင့် ကျန်းမာ ဖွံ့ဖြိုးသော ရင်သွေးငယ် များကို အန္တရာယ်ကင်းစွာ မွေးဖွား နိုင်မည် ဖြစ်ပါကြောင်း ရေးသား လိုက်ရပါတယ်..