Tuesday, August 12, 2014

ပထမအကြိမ်စုပေါင်း ကရင်ရိုးရာဝါခေါင်လ ချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနား



တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်နှင့် ပလကျေးရွာရှိ ကရင်လူမျိုးများ ပထမ အကြိမ်စုပေါင်း ကရင်ရိုးရာဝါခေါင်လ ချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားကို သြဂုတ်လ(၁၀) ရက် နံနက်(ဝ၈၀ဝ)နာရီ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ တံခွန်တိုင်ကျေးရွာ၊ တံခွန်တိုင် ဘုန်းတော် ကြီးကျောင်းတွင် ပြုလုပ်ကျင်းပရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ KNUကရင် အမျိုးသား အစည်းအရုံး ၊ မြိတ်-ထားဝယ်ခရိုင်မှ တာဝန်ရှိသူများ၊ ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ တာဝန်ရှိသူများ၊ သရက်ချောင်း မြို့နယ်၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်နှင့် ပလကျေးရွာရှိ ကရင်လူမျိုး(၃၀ဝ)ဦးခန့်တက်ရောက်သည်။
ရှေးဦးစွာ အခမ်းအနားကို ကရင်အမျိုးသားသီချင်းဖြင့် ဖွင့်လှစ်ပြီး သဘာပတိကြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဟာဗီ က အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်လုံခြုံရေး နှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဇော်လွင် နှင့် KNU ကရင်အမျိုးသား အစည်းအရုံး ပဒို စောသူရယ် တို့က အားပေး စကားပြောကြားသည်။
ထို့နောက် KNU ကရင်အမျိုးသား အစည်းအရုံး မြိတ်-ထားဝယ်ခရိုင်မှ ကရင်ရိုးရာဓလေ့ ဝါခေါင်လချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာအား KNU ဆက်ဆံရေးရုံးတာဝန်ခံ ပဒိုဝင်းခိုင် က ဖတ်ကြားပြီး ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီ ဥက္ကဌ ဆရာစောမေလယ်ကျော် က အားပေးစကားပြောကြား၍ တိုင်းဒေသကြီး အမျိုးသမီးရေးရာ ဆရာမနော်မေးဒရက် က အမှာစကားပြောကြားကာ ကရင်ရိုးရာဓလေ့ဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာ အကြောင်း မြန်မာဘာသာဖြင့် နန်းဇာဇာပွင့် မှ လည်ကောင်း၊ ပိုးကရင်ဘာသာဖြင့် စောဝင်းလွင် က လည်းကောင်း၊ စကောကရင်ဘာသာဖြင့် စောညွှန့်သိန်း က လည်းကောင်း ဖတ်ကြားသည်။
ဆက်လက်၍ သဘာပတိကြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဟာဗီ က နိဂုံးချုပ် အမှာစကားပြောကြားပြီး တက်ရောက်လာသော ကရင်အမျိုးသားများက အို့ဟူး အို့ခေါင်(ညီညွှတ်ကြပါစေ) သီချင်းဖြင့်သီဆိုဖျော်ဖြေပြီး ရိုးရာယဉ်ကျေးမှုအကများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။
ဝါဆောင်လ ချည်ဖြူဖွဲ့မင်္ဂလာသည် တော်ပေါ်မြေပြန့် ကရင်တစ်မျိုးသားလုံး၏ ရိုးရာပွဲတစ်ခုဖြစ်ပြီး ကရင်မိဘ ဘိုးဘွားတို့၏ ယဉ်ကျေးမှုဓလေ့ထုံးတမ်းအမွေအနှစ်ဖြစ်၍ ကရင်အမျိုးသားအားလုံး၏ စည်းလုံးညီညွှန်ရေး ကိုတည် ဆောက်ပေးသော ရိုးရာပွဲကို ကရင်အမျိုးသားများသည် ခေတ်ကာလအမျိုးမျိုးကို ဖြတ်ကျော်လွှား၍ ရိုးရာပွဲကို ကရင် အမျိုးသားများအမြတ်တနိုးထိန်းသိမ်းဆက်ဆံခဲ့သည့် နည်းတူ ယနေ့ကာလတွင် သမိုင်းပေးတာဝန် တစ်ရပ်အနေဖြင့် ဆက်လက် ထိန်းသိမ်းရမည်မှာ ကရင်တစ်မျိုးသားလုံး ၏တာဝန်ဖြစ်သည်ဟု သိရှိရသည်။
ကရင်လူမျိုးတွင် ချည်ဖြူဖွဲ့ မင်္ဂလာဓလေ့သည် ဖျားနာသည့်အခါ ချည်ဖြူဖွဲ့မင်္ဂလာ ခန္စာကိုယ်နှင့် လိပ်ပြာခွဲသော ချည်ဖြူဖွဲ့မင်္ဂလာ၊ ဘိုးဘိုးကြီးရိုးရာနတ်ကို ပူဇော်ပြီးနောက် ချည်ဖြူဖွဲ့မင်္ဂလာ၊ ကိုယ်ဝန်ဆောင် ဘဝချည်ဖြူဖွဲ့မင်္ဂလာ၊ မွေးကင်းစကလေး ချည်ဖြူဖွဲ့မင်္ဂလာ ကင်းကွာနေထိုင်ကြသူများ ချည်ဖြူဖွဲ့မင်္ဂလာ၊ လန့်ဖျပ်ခြင်းကြောင့် ချည်ဖြူဖွဲ့မင်္ဂလာ နှင့် ဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာ (၉)မျိုး သတ်မှတ်ပေးထားသည်ဟု သိရှိရသည်။

0 comments:

Post a Comment