အမျိုးသားတစ်ဦးရဲ့ e-mail အတွင်း ကလေးငယ်ရဲ့ ညစ်ညမ်းဓါတ်ပုံ တွေ့ရှိမှုကြောင့် Google က ရဲတပ်ဖွဲ့ကို အကြောင်းကြားပြီးဖမ်းဆီး

အမျိုးသားတစ်ဦးရဲ့ e-mail အတွင်း အသက်မပြည့်သေးတဲ့ ကလေးငယ်ရဲ့ ညစ်ညမ်းဓာတ်ပုံ တွေ့ရှိမှုကြောင့်...

ပရိသတ်ကို ပေးဆပ်တာပဲများပြီး ရယူလိုတာ ဘာမှမရှိသေးဘူးလို့ဆိုတဲ့ စွမ်းရည်

သရုပ်ဆောင်နယ်ပယ်မှာ အချိန် အတော်ကြာ ဒုတိယမင်းသားတစ်ယောက်အနေနဲ့ ဖြတ်သန်းနေတဲ့ စွမ်းရည်က...

ပရိသတ်မုန်းမှာ ကြောက်လို့ အရမ်းဟဲဗီးဗန့်စ်ဆန်တဲ့ ကားတွေ မရိုက်ချင်ဘူးလို့ဆိုတဲ့ သွန်းဆက်

ဗီဒီယိုဇာတ်ကားတွေ ရိုက်လာရပြီးနောက်ပိုင်းမှာ ခေါင်းဆောင်မင်းသမီး နေရာတွေမှာတောင် သရုပ်ဆောင်လာရပြီဖြစ်တဲ့ သွန်းဆက်နဲ့...

ချစ်သူ တစ်ယောက်တည်းထားပေမယ့် ခံစားချက်ကတော့မျိုးစုံပဲလို့ပြောပြလာတဲ့ Bobby Soxer ရဲ့ တစ်ကိုယ်တော်အခွေနဲ့ အချစ်အကြောင်း

ဒုံးပျံအခွေနဲ့ ပရိသတ်အားပေးမှုကို တခဲနက်ရရှိခဲ့တဲ့ Bobby Soxer ထက်ထက်ဟာ ခုတစ်ခါတော့...

အမျိုးသမီးတွေဟာ အမျိုးသားတွေထက် သင်ယူလေ့လာရာမှာ ပိုမိုလျင်မြန်ထက်မြတ်ဟု လေ့လာချက်ကဆို

အမျိုးသမီးတွေဟာ လေ့လာသင်ယူရာမှာ အမျိုးသားတွေထက် လျင်လျင်မြန်မြန် တတ်မြောက်ကြတယ်လို့ လေ့လာချက် အသစ်တစ်ခုအရ...

Thursday, July 31, 2014

ပညာရှင်နှင့် အရပ်ဘက်အဖွဲ့များ နိုင်ငံရေးဆွေးနွေးပွဲများတွင် လက်မခံဟု တိုင်းရင်းသား လက်နက်ကိုင်များ ပြောကြား



အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုပြီးနောက် ဆက်လက်ပြုလုပ်မည့် ပြည်ထောင်စုညီလာခံ (ခေါ်) နိုင်ငံရေး ဆွေးနွေးပွဲများတွင် ပညာရှင်နှင့် အရပ်ဘက် အဖွဲ့အစည်းများ ပါဝင်မှုကို လက်မခံနိုင်ကြောင်း တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းအဖွဲ့ NCCT ခေါင်းဆောင် ဦးနိုင်ဟံသာက ပြောဆိုလိုက်သည်။
ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဌာနချုပ် လိုင်ဇာတွင် ဇူလိုင်လ ၂၉ ရက်နေ့က ပြုလုပ်သည့် NCCT ထိပ်သီး အစည်းအဝေးဆိုင်ရာ သတင်းစာရှင်းလင်းပွဲ၌ ၎င်းက အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။
နိုင်ငံရေး ဆွေးနွေးပွဲများတွင် အစိုးရအဖွဲ့၊ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများနှင့် ပြည်တွင်း၌ တရားဝင် ရပ်တည်နေသော နိုင်ငံရေးပါတီများ ဟူ၍ အစုအဖွဲ့ သုံးခုမှ ကိုယ်စားလှယ် အရေအတွက် အချိုးစားတူ ပါဝင်၍ နိုင်ငံရေး ပြဿနာများကို အဖြေရှာရန် တောင်းဆိုကြောင်း ဦးနိုင်ဟံသာက ပြောဆိုသည်။
အစိုးရကမူ အဆိုပါ နိုင်ငံရေး ဆွေးနွေးပွဲများမှာ အားလုံးပါဝင်သော (All Inclusive) ဆွေးနွေးပွဲများ ဖြစ်ရန် လိုအပ်ပြီး အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ စီးပွားရေး အင်အားစု၊ ပညာရှင်များနှင့် လူမှုအဖွဲ့အစည်းများ ဟူ၍ ကဏ္ဍစုံ ပါဝင်ရန် အဆိုပြု သတ်မှတ်ထားခြင်း ဖြစ်သည်။
ယင်းသို့ အစိုးရ၏ အဆိုပြုချက်နှင့် ပတ်သက်၍ “တန်းတူမရှိဘူး၊ တရားမျှတမှု မရှိဘူး။ လက်မခံနိုင်ဘူး” ဟူ၍ NCCT အဖွဲ့ ခေါင်းဆောင် ဦးနိုင်ဟံသာက ကန့်ကွက်သည်။
တိုင်းရင်းသား လက်နက်ကိုင်များက သုံးပွင့်ဆိုင်သာ ဆွေးနွေးနိုင်မည် ဖြစ်ကြောင်း၊ အစိုးရ အဆိုပြုသည့် ၈ ပွင့်ဆိုင်ကို လက်ခံမည် မဟုတ်ကြောင်း NCCT အဖွဲ့က ငြင်းဆိုနေခြင်း ဖြစ်သည်။
သို့သော် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း အပါအဝင် လူထုအခြေပြု အရပ်ဘက် အဖွဲ့အစည်း ၇၀ ကျော်မှာ ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် နိုင်ငံရေး ဆွေးနွေးပွဲများတွင် ပါဝင်ရေးအတွက် ငြိမ်းချမ်းရေးအတွက် အရပ်ဘက် အဖွဲ့အစည်း ဖိုရမ်များ ၇ ကြိမ်ထက်မနည်း ပြုလုပ်ပြင်ဆင်ထားပြီး ဖြစ်သည်။
ယင်းသို့ အရပ်ဘက် အဖွဲ့အစည်းများကို လက်မခံခြင်းမှာ နိုင်ငံရေးနှင့် ပတ်သက်ခြင်း မရှိကြောင်း၊ ယင်းအတွက် နိုင်ငံရေး ဆွေးနွေးပွဲများတွင် အဆိုပါအဖွဲ့များ ပါဝင်ရန် မလိုအပ်ကြောင်း အခြား NCCT ခေါင်းဆောင်တစ်ဦး ဖြစ်သူ ပဒိုကွယ်ထူးဝင်းက ရှင်းပြသည်။
သို့သော် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးနှင့် အပစ်အခတ် ရပ်စဲရေးပြီးနောက် ပြုလုပ်မည့် ပြည်ထောင်စု ညီလာခံအတွက် အစိုးရနှင့် တိုင်းရင်းသား အဖွဲ့များအကြား အကျေအလည် ညှိနှိုင်းစရာများ ကျန်ရှိနေပြီး အဆိုပါ ၃ ပွင့်ဆိုင်၊ ၈ ပွင့်ဆိုင် ပြဿနာမှာလည်း အဓိက ညှိနှိုင်းရခက်ခဲသည့် ကိစ္စရပ်တစ်ခု ဖြစ်နေကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင်များက မှတ်ချက်ပြုသည်။

အမျိုးသမီးများ Sexy မကျလည်း ကိုယ်လုံးလှရင် ဘာတွေဖြစ်နိုင်လဲ



ယခုလိုတိုးတတ်နေသော IT ခေတ်ကြီးတွင် လူတစ်ချို့၏ လွဲမှားစွာအသုံးချ နေသော နည်းပညာစမ်းများကြောင့် အထူးသဖြင့် လက်ရှိ မြန်မာအမျိုးသမီး များအား များစွာ ထိခိုက်နစ်နာနေရပါသည်။

အထူးသဖြင့် ဟိုတယ်အခန်းတွင် ကင်မရာတပ်ဆင်ခြင်း၊ အင်တာနက်ဆိုင်တွင် admin များမှ user များ၏ skype, vzo, tango သုံးစွဲနေမှုအပေါ် privacy ချိုး ဖေါက်ခြင်း (မှတ်ချက် ။ Internet ဆိုင်များတွင်ချိတ်ဆက်ထားသော စက်အလုံး တိုင်းအား Admin မှ ကောင်းကောင်းထိန်းချုပ်နိုင်ပါသည်။ အထူးသဖြင့် သုံးစွဲသူ user screen အား Admin စက်မနေ၍ှ ဘယ်သူနဲ့စကားပြောနေသည် ဘာတွေ လုပ်နေသည်ကို video record များလုပ်နိုင်ခြင်း)။

ထို့အပြင် လက်ဆွဲအိတ်အရှည်အား အောက်ဘက်နားတွင်ဖေါက်ကာ video recorder အသေးစားများ တပ်ဆင်၍ စကပ်တိုသော အမျိုးသမီးများအောက်သို့ ရောက်စေကာ အမျိုးသမီး အတွင်းခံများအား အရသာခံဖို့ အတွက် ကူးယူထား ခြင်း။ အ၀တ်လဲခန်း၏ မျက်နှာကြပ် ထို့အပြင် အ၀တ်လှဲခန်းထဲမှ မှန်နောက်မှ တဆင့် video များရိုက်ယူထားခြင်း။ အပေါ်ဆုံးထပ်နေသော အပျိုလေးများအဖို့ တဖက်ခန်းမှ ရေချိုးခန်း အိပ်ခန်း အ၀တ်လှဲခန်းဆီသို့ video recorder အသေးစားလေးများအား သံချောင်း (သို့) တုတ်ချောင်းလေးများဖြင့် မသိမသာ လွတ်သောကြားနေရာမှတဆင့် တစ်ဖက်ခန်းသို့ရောက်စေခြင်းဖြင့် video များရိုက်ကူးထားခြင်း။

အိမ်သာများတွင်လည်း video camera များ အပေါ်မှသော်လည်းကောင်း အရှေ့ဘက်မှသော်လည်းကောင်း အနောက်ဘက်မှသော်လည်းကောင်း တပ်ဆင်ထားခြင်း။ အင်္ကျီကြယ်သီးအရွယ်ခန့် video recorder များဖြင့် မိမိချစ်သူအား အခွင့်အရေးယူကာ ရိုက်ယူထားခြင်း (၀ါ) အသံဖမ်းထာခြင်း။ အများနှင့်အတူတွဲသုံးရသော ရေချိုးခန်းများထဲတွင် video recorder များအား ခေါင်းလျှော်ရည်ဗူးထဲသို့ အပေါက်ဖေါက်ထည့်ကာ ရေချိုးသူမသိအောင် ရှေ့မှသော် လည်းကောင်း ဘေးကသော်လည်းကောင်း အနောက်မှသော် လည်းကောင်း အသွင်ပြောင်း၍ ရိုက်ယူထားခြင်း။

အထူးသဖြင့် KTV တွင်းရှိ အိမ်သာများရှိ ကြည့်မှန်များနောက်တွင်မှ vieoများ ရိုက်ယူထားခြင်း (မှတ်ချက် ။ မိသားစု သူငယ်ချင်းများအလိုက် သီချင်းသွား ဆိုခြင်းကို ဆိုလိုသည်)။

လိုင်းကားများပေါ်တွင် နေရာရ၍ထိုင်သော အမျိုးသမီး၏ လည်ပင်းဟိုက်နေမှု အပေါ် ဘေးနားမှ မက်တပ်ရပ်ကာ ဖုန်းပြောသလိုလုပ်ပြီး video ရိုက်ယူ ထားခြင်း (မှတ်ချက် ။ မိုးဟေကို) ။ ကိုယ်လုံးလှသော အမျိုးသမီးများနောက်မှ ထပ်ကြပ်မကွာလိုက်၍ သတင်းစာစက္ကူဖြင့် video recorder အားပတ်၍ တစ်ခါတလေ လက်ဖြင့် ကိုင်ထား၍သော လည်းကောင်း ချိုင်းကြားတွင် ညှပ်ထား၍သော လည်းကောင်း ထိုအမျိုးသမီး၏ နောက်ပိုင်းအား လိုက်လံရိုက် ကူးခြင်း။ ကားမှတ်တိုင်များတွင် sms ပို့သလိုလို internet သုံးသလိုလိုလုပ်ကာ ရှေ့တွင်ရှိသော အမျိုးသမီး၏ နောက်ပိုင်းအား အရသာခံကာ ရိုက်ယူခြင်း ။ ဓါတ်လှေကားတွင်းတစ်ယောက်တည်းလိုက်ပါသော အမျိုးသမီး၏ ထမီပြန်ဝတ် ခြင်းအပေါ် video record လုပ်ထားခြင်း။

အိမ်ပေါ်မှနေ၍ ကားမှတ်တိုင်တွင်ရှိသော အမျိုးသမီး နောက်ပိုင်းအား resolution ကောင်းကောင်းဖြင့် video (သို့) photo ရိုက်ယူထားခြင်း စားသောက်ဆိုင်တွင်ထိုင်နေသော အမျိုးသမီး၏နောက်ပိုင်းအား အနောက်မှ မသိမသာ ဓါတ်ပုံရိုက်ယူထားခြင်း။ နယ်များတွင် မိန်းခလေးဆောင်များ၏ ရေချိုးခန်းကျယ်အား သစ်ပင်ပေါ်မှတက်၍ video ရိုက်ယူထားခြင်း ။ plaza တွင်းရှိ အမျိုးသမီးအိမ်သာထဲသို့ camera များတိုက်ရိုက် ခိုးဝှက်စွာ အပေါ်မှ နေ၍ တပ်ဆင်ထားခြင်း စသဖြင့်များစွာ အမျိုးသမီးများ၏ လုံခြုံမှုကို ထိခိုက် စေသော အပြုမှုများ များစွာရှိနေပါသည်။

ထို့ကြောင့် အမျိုးသမီးများအနေဖြင့် ဘယ်သွားသွား ဘယ်လာလာ ထိုလူ တစ်ယောက်သည် မိမိ၏နောက်တွင် ရှိနေရင်သော်လည်းကောင်း၊ ကားစီးနေ လျှင် ဘေးနားကသော်လည်းကောင်း၊ ကားစောင့်နေလျှင် အနောက်ဘက်က သူအားလည်းကောင်း၊ ရေချိုးတော့မည်ဆိုလျှင် ခေါင်းလျှော်ရည်ဗူးများအား လည်းကောင်း၊ ဓါတ်လှေကားစီးလျှင် CCTV အားလည်းကောင်း၊ မိမိမက်တပ် ရပ်နေလျှင် မိမိစကပ် အောက်နားသို့ ရောက်လာသော အိတ်တစ်အိတ်အား လည်းကောင်း၊ အင်တာနက်သုံးစွဲလျှင် Admin သိနိုင်သည်ဟူ၍လည်းကောင်း၊ ကြယ်သီးပုံစံအရွယ်ရှိ spy video recorder များအားလည်းကောင်း သတိရှိကြ ပါ။

ထို့အပြင် မိမိသည် ထိုင်နေလျှင်သော်လည်းကောင်း အောက်စလွတ်ခြင်းများ လည်ဟိုက်နေခြင်းများအားလည်း သတိရှိစေချင်ပါသည်။ သို့မဟုတ်ပါက သင်တို့ပုံများသည် အင်တာနက်သို့ ရောက်လာမည်မှာ ၁၀၀% သေချာကြောင်း ထပ်လောင်း သတိပေးပါရစေရှင်။ မှတ်ချက် မိမိနှင့် ပေါင်းသင်းဆက်ဆံ နေသူသည် အိမ်ထောင်ပင် ရှိသော်ငြားလည်း စိတ်သည် ရှိနေမည်ဖြစ်ရာ မယုံကြည်ကြပါနှင့်။ ထိုအိမ်ထောင်ရှင်သည် သင့်ရင်သားနှင့် သင့်တင်ပါးကို သင်မသိလိုက်ချိန်တွင် ခဏခဏကြည့်နေမည်မှာ သင်မသိပါ၏လော။ ထို့ကြောင့် မိမိသည် sexy အရမ်းကျသော အ၀တ်အစားများအား ၀တ်ခြင်းအား တတ်နိုင်သမျှ ရှောင်ပါက အကောင်းဆုံးဖြစ်မည်ဟု ထင်မိပါသည်။

ခက်တာက ထိုသူတို့သည် sexy မကျလည်း ကိုယ်လုံးလှပါက ရှောင်မည် မဟုတ်ပါ။ မည်သို့ပင်ဖြစ်စေ ကျွန်မတို့တွေသည် အားလုံးမရှောင်နိုင်ပေမယ့် မိမိ၏ နေထိုင်ဝတ်စားမှုအပေါ်တွင် အမြဲသတိရှိနေကြပါရန် လေးစားစွာ တိုက်တွန်းအပ်ပါသည်။



Myanmar News Media

ကလေးမွေးသည်ကို ကြည့်ရှုခွင့် လက်မှတ်ရောင်းတဲ့ ဗြိတိန် မော်ဒယ်မလေး

ဗြိတိန် နိုင်ငံက လူသိများ မော်ဒယ် တစ်ဦး ဖြစ်တဲ့ Shameless Josie Cunningham ဟာ သူ့ရဲ့ ကလေးမွေးတဲ့ ဖြစ်စဉ် တစ်ခုလုံးကို ကြည့်ရှုခွင့် ရမယယ့် လက်မှတ် လေးစောင်ကို ရောင်းချခဲ့ ပါတယ်။ ရောင်းချတဲ့ ၁၄ မိနစ် အတွင်း လက်မှတ် လေးစောင်စလုံး ရောင်းကုန် သွားပါတယ်။
ဝယ်ယူသူ သုံးဦးဟာ ဂျာနယ်လစ် ဖြစ်ပြီး တစ်ဦး ကတာ့ သူမရဲ့ ပရိတ်သတ် တစ်ဦး ဖြစ်ပါတယ်။ လက်မှတ် ဈေးနှုန်းလည်း မနည်း ပါဘူး။ VIP လက်မှတ် နှစ်စောင်ကို ဈေးနှုန်းအားဖြင့် ဗြိတိန်ပေါင် ၁ သောင်းနဲ့ ရောင်းချ ပြီး ရိုးရိုးတန်း လက်မှတ် ကိုတော့ ဗြိတိန်ပေါင် ၅ ထောင်နဲ့ ရောင်းချခြင်း ဖြစ်ပါတယ်။ သူမ ယခုလို လုပ်တဲ့ ရည်ရွယ်ချက် ကတော့ လက်မှတ် ရောင်းရ လက်မှတ်နဲ့ ရင်သား ခွဲစိတ်ပြုပြင်ဖို့ အတွက် ဖြစ်ပါတယ်။ ဗြိတိန် အမျိုးသား ကျန်းမာ ပြုစုစောင့်ရှောင့်ရေး ဌာန (NHS) မှာ ခွဲစိတ်ရန် ဖြစ်ပြီး ဒီအတွက် ငွေကြေး လိုအပ်နေသေး တာကြောင့် ယခုလို ပြုလုပ်ခြင်း ဖြစ်ပါတယ်။
လက်မှတ် ရောင်းပါမယ်လို့ သူမရဲ့ Twitter အကောင့်ပေါ် တင်လိုက်ပြီး ၁၄ မိနစ် အတွင်းမှာပဲ လေးဆောင်စလုံး ရောင်းထွက် ခဲ့ခြင်း ဖြစ်ပါတယ်။ လက်မှတ် ရောင်းချရ ငွေကို ရင်သား ခွဲစိတ်ရန် အသုံးပြုပြီး ပိုငွေကို သူမရဲ့ ကလေး များအတွက် အသုံးချ သွားမှာ ဖြစ်ကြောင်း သိရ ပါတယ်။

ပရိသတ်ကို ခံစားမှုအသစ်ပေးမယ့် ၀တ်မှုံရွှေရည်


 ‘‘နင်စေရင်’’နှင့် ‘‘မော် ဒန်ရာဇ၀င်’’ဇာတ်ကားများကို ပရိ သတ်အားပေးခဲ့သလို မကြာမီရုံ တင်မည့် ‘အဆုံးမဲ့အချစ်’ဇာတ် ကားသည်လည်း ပရိသတ်များကို ခံစားချက်အသစ်ပေးစွမ်းနိုင်မည် ဟု ယုံကြည်ကြောင်း ၀တ်မှုံရွှေ ရည်ကပြောသည်။
‘‘ကစ်သရုပ်ဆောင်ထားတဲ့ နင်စေရင်၊ မော်ဒန်ရာဇ၀င်နဲ့ နောက်တင်မယ့် အဆုံးမဲ့အချစ် ရယ်  သုံးကားဆက်တိုက်ရုံတင် ပေမယ့် တစ်ကားနဲ့ တစ်ကား ဇာတ်လမ်းရော၊ ကာရိုက်တာရောလုံးဝမတူပါဘူး။ အဆုံးမဲ့အချစ် ဇာတ်ကားဆိုရင်လည်း ပရိသတ် တွေအတွက် ခံစားမှုအသစ်ပေး နိုင်မယ်လို့ထင်တယ်’’ဟု ၎င်းက ပြောသည်။
အဆုံးမဲ့အချစ်ဇာတ်ကား သည် မြန်မာဇာတ်ကားအနေဖြင့် ပရိသတ်များ ကြည့်ဖူးနေကျ မဟုတ်သည့် ဇာတ်လမ်းဖြစ်သော ကြောင့် ပရိသတ်များကြိုက်မည် ယူဆပြီး ယင်းဇာတ်ကားကို ၎င်း ကိုယ်တိုင်ပြန်လည်ကြည့်ရှုသည့် အချိန်တွင်လည်း ခံစားမှုအသစ် တစ်ခုကို ခံစားခဲ့ရကြောင်း အဆုံး မဲ့အချစ်ရုပ်ရှင်အထူးပွဲတွင် ၀တ် မှုံရွှေရည်ကပြောသည်။
ယင်းဇာတ်ကား၌ မတူညီ သည့်ခေတ်နှစ်ခေတ်တွင် ဇာတ် ရုပ်တစ်ခုစီဖြင့် ပါဝင်သရုပ် ဆောင်ထားပြီး ဇာတ်ရုပ်နှစ်ခုကွဲ ပြားမှုရှိစေရန် ဒါရိုက်တာ၊ အတူ သရုပ်ဆောင်သည့် မင်းသားများ နှင့်တိုင်ပင်ကာ အ၀တ်အစားက အစ သေသေချာချာပြင်ဆင်ရိုက် ကူးခဲ့ကြောင်း ၀တ်မှုံရွှေရည်က ပြောသည်။
ယင်းဇာတ်ကားတွင် ၀တ် မှုံရွှေရည်နှင့်အတူ ဝေဠုကျော်၊ နေတိုးတို့ ပါဝင်သရုပ်ဆောင် ထားပြီး သြဂုတ်လဆန်းပိုင်း၌ ရန်ကုန်နှင့် မန္တလေးမြို့ရှိ ရုပ်ရှင် ရုံများတွင် စတင်ရုံတင်ပြသမည် ဖြစ်သည်။

လူအများစိတ်ဝင်စားခံရသော်လည်း အထီးကျန်မှုခံစားနေရသူ Megan Fox


 ရုပ်ရှင်သရုပ်ဆောင်နှင့် မော်လ်ဒယ် တစ်ဦးဖြစ်သူ Megan Fox က ၎င်းသည် အမြဲတမ်းလိုလို လူအများ စိတ်ဝင်စားခံရသူတစ်ဦး ဖြစ်ခဲ့သော်လည်း အထီးကျန်သလို ခံစားရပါကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

ယခုနှစ်အတွင်း အသစ်ထွက်ရှိ လာသည့် လိပ်နင်ဂျာဇာတ်ကားသစ်တွင် ပါဝင်သရုပ်ဆောင်ထားသူ အသက် (၂၈)နှစ်အရွယ် မင်းသမီး Megan Fox က ''ကျောင်းနေစဉ် အလယ်တန်းနှင့် အထက်တန်း ကျောင်းသူဘဝကတည်းက သူငယ်ချင်းများများမရှိခဲ့ပါဘူး၊ တစ်ခါတစ်ရံ အထီးကျန်လွန်းလို့ ကိုယ့်ကိုယ်ကိုယ် လူထူးလူဆန်းတစ်ယောက်လိုတောင် ခံစားရပါတယ်''ဟု ဆိုသည်။

ဟောလိဝုဒ်ရုပ်ရှင်လောက၏ ဆွဲဆောင်မှုအရှိဆုံးမင်းသမီးတစ်ဦးအဖြစ် တင်စားခံရသူ သရုပ်ဆောင် Megan Fox ပါဝင်သရုပ်ဆောင် ထားသည့် Teenage Mutant Ninja Turtles ဇာတ်ကားသစ်ကို သြဂုတ် လဆန်းပိုင်းတွင် ပါရာမောင့်ရုပ်ရှင် ထုတ်လုပ်ရေးမှ ဖြန့်ချိပြသသွားမည် ဖြစ်ကြောင်း သိရသည်။

Miss Universe Myanmar 2014 _ Shar Htut Eaindra







နီနီဝင်းရွှေနဲ့ သီချင်းအတူဆိုမယ့် မိုးစက်ဝိုင်


သြဂုတ်တွင်ပြုလုပ်မည့် အဆိုတော်နီနီဝင်းရွှေ၏ တစ် ကိုယ်တော်ဖျော်ဖြေပွဲတွင် သီချင်း ဆိုရန်အတွက် သီချင်းများတိုက် နေပြီဟု မိုးစက်ဝိုင်ကပြောသည်။

‘‘အန်တီနီနီက မိုးစက်ကို သီ ချင်းရွေးပေးပါတယ်။ အန်တီနီနီ နဲ့ တွဲဆိုရမှာတစ်ပုဒ်၊ တစ်ယောက် တည်းဆိုမှာ တစ်ပုဒ်။ သီချင်းနာ မည်တွေကို အခုတော့ မပြောပြ ချင်သေးဘူး။ ဖျော်ဖြေပွဲကျမှပဲသိ စေချင်တယ်။ ဒါပေမဲ့ ကိုကိုနဲ့ပတ် သက်တဲ့သီချင်းဖြစ်မယ်’’ဟု မိုး စက်ဝိုင်ကပြောသည်။

အဆိုတော်နီနီဝင်းရွှေနှင့် မိ သားစုချင်းရင်းနှီးသဖြင့် ပါဝင်သီ ဆိုခြင်းဖြစ်ပြီး ယခုရက်ပိုင်းတွင် နီနီဝင်းရွှေနှင့်အတူသီချင်းများ တိုက်နေသည်ဟု ၎င်းကပြော သည်။

‘‘ဒီရက်ထဲမှာတော့ အန်တီ နီနီနဲ့ နှစ်ယောက်အတူဆိုမယ့်သီ ချင်းကို တိုက်ဖြစ်တယ်။ မိုးစက် ဆိုမယ့်သီချင်းကိုတော့ အန်တီနီ နီက သင်ပြပေးတယ်။ နောက်ပြီး Recordingနားထောင်ပြီးတာ့စာ သားမမေ့အောင်လေ့ကျင့်နေ တယ်’’ဟု မိုးစက်ဝိုင်ကပြော သည်။

သြဂုတ်လဆန်းတွင် ကြော်ငြာတစ်ခုရိုက်ရန်လက်ခံထား ပြီး ဇာတ်လမ်းတွဲတစ်ခု၌ ပါဝင်ရိုက်ကူးရန် ဆွေးနွေးနေသည် ဟု ဆိုသည်။

အဆိုတော်နီနီဝင်းရွှေ၏ တစ်ကိုယ်တော်ဖျော်ဖြေပွဲကို သြ ဂုတ် ၁၅ရက်တွင် ပြုလုပ်မည်ဖြစ် ပြီး အခြားအဆိုတော်များလည်း ပါဝင်မည်ဟု ယင်းဖျော်ဖြေပွဲကို စီစဉ်သည့် ဦးပီးပေါ်ကပြော သည်။

(၂)နှစ်အတွင်း SM Entertainment၏ ပထမဆုံး K-Pop အဖွဲ့သစ်ကို မိတ်ဆက်

တောင်ကိုရီးယား နာမည်ကျော် ဖျော်ဖြေရေး ကုမ္ပဏီကြီး SM Entertainment သည် (၂)နှစ်တာအတွင်း ပထမဆုံးအကြိမ်အဖြစ် K-Pop ဂီတအဖွဲ့သစ် တစ်ခုကို မိတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။

ဇူလိုင်(၂၈)ရက်တွင် Red Velvet အမည်ရှိ အမျိုးသမီး ဂီတအဖွဲ့သစ်ကို SM Entertainment က မိတ်ဆက်ခဲ့ကြောင်း တောင်ကိုရီးယား မီဒီယာများက ဖော်ပြခဲ့သည်။

(၂၀၁၂)ခုနှစ် အတွင်းက EXO အမျိုးသား ဂီတအဖွဲ့ကို အတည်ပြု ဖွဲ့စည်းခဲ့ပြီးနောက်ပိုင်း Red Velvet သည် SM Entertaiment က ပထမဆုံး ပွဲထုတ်လာသည့် နောက်ထပ် ဂီတအဖွဲ့သစ် ဖြစ်သည်။ အမျိုးသမီး ဂီတအဖွဲ့ တစ်ခုအနေဖြင့်မူ (၂၀၀၉)ခုနှစ်က ဖွဲ့စည်းခဲ့သည့် f(x)နောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် SM Entertaiment က Red Velvet ကို စင်တင်ခဲ့ခြင်း ဖြစ်သည်။

Red Velvet တွင် ဆီယူလ်ဂျီ၊ အီရီနာ၊ ဝမ်ဒီနှင့် ဂျွိုင်းတို့ အဖွဲ့ဝင် (၄)ဦး ပါဝင်ကြောင်း သိရသည်။ “Red Velvetဟာ Velvet(ကတ္တီပါစ)လိုပဲ နူးညံ့သိမ်မွေ့ခြင်းနဲ့ အမျိုးသမီးဆန်ခြင်းတို့ကို ဖွဲ့ဆိုပါလိမ့်မယ်။ ပြီးတော့ အနီရောင်က စူးစိုက်ပြင်းပြတဲ့ စိတ်ခံစားချက်ကို ကိုယ်စားပြုပါတယ်။ Red Velvet ဟာ သူတို့ရဲ့ ထူးခြားကောင်းမွန်တဲ့ ဂီတအရည်အသွေးတွေ၊ တောက်ပြောင်တဲ့ ဖျော်ဖြေမှုတွေနဲ့ ကမ္ဘာကြီးရဲ့ အထင်ကြီးမှုကို ခံယူပါလိမ့်မယ်”ဟု SM Entertainment မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

Red Velvet ပထမဆုံး သီချင်းသစ် Happiness ကို အွန်လိုင်းမှတစ်ဆင့် စတင်ဖြန့်ချိမည် ဖြစ်ပြီး အဖွဲ့လိုက် လှုပ်ရှားမှုများကို ဩဂုတ်(၄)ရက်တွင် စတင်သွားမည်ဟု သိရသည်။ SM Entertainmentသည် Super Junior၊ Girls’ Generation တို့ကဲ့သို့ K-Pop ဂီတရပ်ဝန်းတွင် အထင်ရှားဆုံး ဂီတအဖွဲ့များကို စီမံကိုင်တွယ်နေသော ကုမ္ပဏီလည်း ဖြစ်သည်။
Photo: (၂)နှစ်အတွင်း SM Entertainment၏ ပထမဆုံး K-Pop အဖွဲ့သစ်ကို မိတ်ဆက်

တောင်ကိုရီးယား နာမည်ကျော် ဖျော်ဖြေရေး ကုမ္ပဏီကြီး SM Entertainment သည် (၂)နှစ်တာအတွင်း ပထမဆုံးအကြိမ်အဖြစ် K-Pop ဂီတအဖွဲ့သစ် တစ်ခုကို မိတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။

ဇူလိုင်(၂၈)ရက်တွင် Red Velvet အမည်ရှိ အမျိုးသမီး ဂီတအဖွဲ့သစ်ကို SM Entertainment က မိတ်ဆက်ခဲ့ကြောင်း တောင်ကိုရီးယား မီဒီယာများက ဖော်ပြခဲ့သည်။

(၂၀၁၂)ခုနှစ် အတွင်းက EXO အမျိုးသား ဂီတအဖွဲ့ကို အတည်ပြု ဖွဲ့စည်းခဲ့ပြီးနောက်ပိုင်း Red Velvet သည် SM Entertaiment က ပထမဆုံး ပွဲထုတ်လာသည့် နောက်ထပ် ဂီတအဖွဲ့သစ် ဖြစ်သည်။ အမျိုးသမီး ဂီတအဖွဲ့ တစ်ခုအနေဖြင့်မူ (၂၀၀၉)ခုနှစ်က ဖွဲ့စည်းခဲ့သည့် f(x)နောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် SM Entertaiment က Red Velvet ကို စင်တင်ခဲ့ခြင်း ဖြစ်သည်။

Red Velvet တွင် ဆီယူလ်ဂျီ၊ အီရီနာ၊ ဝမ်ဒီနှင့် ဂျွိုင်းတို့ အဖွဲ့ဝင် (၄)ဦး ပါဝင်ကြောင်း သိရသည်။ “Red Velvetဟာ Velvet(ကတ္တီပါစ)လိုပဲ နူးညံ့သိမ်မွေ့ခြင်းနဲ့ အမျိုးသမီးဆန်ခြင်းတို့ကို ဖွဲ့ဆိုပါလိမ့်မယ်။ ပြီးတော့ အနီရောင်က စူးစိုက်ပြင်းပြတဲ့ စိတ်ခံစားချက်ကို ကိုယ်စားပြုပါတယ်။ Red Velvet ဟာ သူတို့ရဲ့ ထူးခြားကောင်းမွန်တဲ့ ဂီတအရည်အသွေးတွေ၊ တောက်ပြောင်တဲ့ ဖျော်ဖြေမှုတွေနဲ့ ကမ္ဘာကြီးရဲ့ အထင်ကြီးမှုကို ခံယူပါလိမ့်မယ်”ဟု SM Entertainment မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

Red Velvet ပထမဆုံး သီချင်းသစ် Happiness ကို အွန်လိုင်းမှတစ်ဆင့် စတင်ဖြန့်ချိမည် ဖြစ်ပြီး အဖွဲ့လိုက် လှုပ်ရှားမှုများကို ဩဂုတ်(၄)ရက်တွင် စတင်သွားမည်ဟု သိရသည်။ SM Entertainmentသည် Super Junior၊ Girls’ Generation တို့ကဲ့သို့ K-Pop ဂီတရပ်ဝန်းတွင် အထင်ရှားဆုံး ဂီတအဖွဲ့များကို စီမံကိုင်တွယ်နေသော ကုမ္ပဏီလည်း ဖြစ်သည်။


Shar Htut Eaindra


Wednesday, July 30, 2014



တွေးစရာ အမှန်တရား ၁ ခု


ပွက်ပွက် ဆူနေတဲ့ ရေထဲမှာ မိမိရဲ့ ပုံရိပ်ကို ပြန်ရှာလို့ မရ ပါဘူး။ ထိုနည်းတူစွာပဲ လောဘ၊ ဒေါသ၊ မောဟ တွေနဲ့ ဖုံးလွမ်းခံနေရတဲ့ လူတစ်ယောက်ဟာ ဘယ်တော့မှ အမှန်တရား အစစ်အမှန်ကို တွေ့ဖို့ လွယ်ကူ အုံးမှာ မဟုတ်ပါဘူး။
မိမိရဲ့ ပျော်ရွှင်မှုဟာ မိမိနဲ့သာ သက်ဆိုင် ပါတယ်။ မိမိ တစ်ဦး ပျော်ရွှင်ဖို့ အတွက် ဆိုပြီးတော့ အခြားလူတစ်ယောက်ကို လုပ်ခိုင်းပါ ဆိုပြီးတော့ အတင်း လုပ်ခိုင်းရင် ပိုလို့သာ သင်စိတ်ပျက် သွားပါ လိမ့်မယ်။ မိမိရဲ့ ပျော်ရွှင်မှု ဆိုတာ အတ္တ၊ လောဘ၊ ဒေါသ များ ကင်းရှင်းနေတဲ့ အချိန်မှာ ပိုလို ပေါ်လွင် သိသာ မှာ ဖြစ်ပါတယ်။

Tuesday, July 29, 2014

မိုးကုတ်အင်းကြီးကို လူထုအခြေပြု လေ့လာဆန်းစစ်မှုပြုလုပ်မည်



မိုးကုတ်အင်းကြီးနှင့် ပတ်သက်သော လူထုအခြေပြု သဘာဝပတ်ဝန်းကျင်လေ့လာ ဆန်းစစ်မှုကို စိမ်းလန်း မိုးကုတ် နှင့် စိမ်းရောင်စို (မန္တလေး) တို့ ပူးပေါင်းကာ သြဂုတ် ၁၆ ရက် တွင် စတင်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

အင်းအပေါ်ထားရှိသည့် ဒေသခံများ၏ အမြင်များကို သဘာဝပတ်ဝန်းကျင်ပညာရှင် များ ရှုထောင့်ဖြင့် နိုင်ငံတကာ အဆင့်မီသည့် CSEA ခေါ် လူထု အခြေပြုဗျူဟာမြောက် သဘာဝ ပတ်ဝန်းကျင်လေ့လာဆန်းစစ် ချက်များ ပြုလုပ်ကာ ထွက်ပေါ် လာသည့် ရလဒ်များကို မြို့ခံများ၊ အစိုးရတာဝန်ရှိသူများနှင့် နိုင်ငံ တကာမှ သဘာဝပတ်ဝန်းကျင် အရေးဆောင်ရွက်နေကြသည့် NGO အဖွဲ့အစည်းများသို့ တင်ပို့ သွားမည်ဖြစ်ကြောင်း စိမ်းလန်း မိုးကုတ်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့မှ ဒေါ်ပွင့်ဖြူ ကပြောသည်။

‘‘အင်းအပေါ် ပညာရှင်တွေ ရဲ့ အမြင်ကတော့ ရေမှာ အဆိပ် ဖြစ်နေပြီဆိုတာ သေချာတယ်။ ရေရဲ့အန္တရာယ် ဘယ်အဆင့်ကို ရောက်နေပြီလဲဆိုတာ အတိအ ကျသိရအောင် အသေးစိတ်စစ် တမ်းတွေပါလာမယ်’’ဟု ပြော သည်။

စစ်တမ်းကောက်ယူရန် စိမ်း လန်းမိုးကုတ်အပါအ၀င် ဒေသခံလူမှုရေးအသင်းအဖွဲ့များမှ လူ ဦးရေ သုံးဆယ်နီးပါးကို စိမ်း ရောင်စို(မန္တလေး)နှင့် သက်ဆိုင် ရာသဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးပညာရှင်များက သင် တန်းပြုလုပ်ပေးမည်ဖြစ်ကြောင်း စိမ်းရောင်စို(မန္တလေး)မှ သိရ သည်။

CSEA စစ်တမ်းကောက်ရန် လိုအပ်မည့် မေးမြန်းစစ်ဆေးချက် များကို မိုးကုတ်မြို့ခံရှေ့မီ နောက်မီ လူကြီး၊လူငယ် အလုံးစုံကို မေးမြန်းသွားမည်ဖြစ်ပြီး စစ်တမ်းကောက်ယူမည့် ကာလမှာလည်း သုံးလခန့်ထိ ကြာ မြင့်မည်ဖြစ်ကြောင်း စိမ်းလန်း မိုးကုတ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့မှ သိရ သည်။ မိုးကုတ်အင်းကြီးမှာ အင်္ဂ လိပ်အစိုးရအုပ်ချုပ်စဉ်ကာလက တည်းက ကျောက်မျက်တူးဖော် ရေးလုပ်ငန်းများကြောင့် စတင် ဖြစ်ပေါ်ခဲ့သည့် ရေသေအင်းကြီး ဖြစ်ပြီး ၁၉၇၅ ခုနှစ်တွင် ယင်း အင်းအတွင်း မြေနီချောင်းကျိုးကျ ခဲ့သည့်အတွက် စုစုပေါင်းဧက သုံးဆယ်ကျော်ရှိသည့် မိုးကုတ် အင်းကြီး၏ ၁၄ ဧကခန့်မှာ ကုန်း မြေဖြစ်သွားခဲ့ပြီး ကျန် ၁၆ ဧက ကျော်သာ ရေသေအင်းကြီးအဖြစ် ယနေ့အချိန်ထိ ဆက်လက်တည် ရှိနေခြင်းဖြစ်သည်။

အဆိုပါအင်းကြီး လုံးဝ ကောမသွားရေးအတွက် ထိန်း သိမ်းရန် အင်းသန့်ရှင်းသာယာ လှပရေးကော်မတီတစ်ခုကို ယခုနှစ် ဇွန်လအတွင်းက မြို့ခံများနှင့် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲများ၌ ပရိသတ်များကို အရက်သောက်ထားခြင်း ရှိမရှိ စစ်ဆေးမည်ဟုဆို

ရန်ကုန်အသင်းပိုင် မြက်ခင်းတုကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သော ရန်ကုန်ယူနိုက်တက်နှင့် ရတနာပုံ ပွဲစဉ်အတွင်း ဖြစ်ပွားခဲ့သော ပရိသတ်များ၏ အပြုအမူကြောင့် ၂၀၁၅ ခုနှစ် ဘောလုံးရာသီမှ စတင်၍ ပရိသတ်များကို အရက်သောက်သုံးထားခြင်း ရှိမရှိ စစ်ဆေးမည့် Alchol Test ပြုလုပ်ရန် စီစဉ်လျက်ရှိကြောင်း မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲကျင်းပရေး တာဝန်ခံ ဦးရဲမျိုးဟိန်းက ပြောကြားသည်။

“အစီရင်ခံစာတစ်ခု ရေးနေပါတယ်။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ကို တင်ပြပြီး လုံခြုံရေး ကော်မတီနဲ့လည်း ညှိနှိုင်းမယ်” ဟု ၎င်းက ပြောဆိုသည်။

အရက်အမူးလွန်သော ပရိသတ်များကို ကွင်းအတွင်း မဝင်ခင်ကတည်းက စစ်ဆေးသင့်ပြီး ကွင်းအတွင်း၌ ဆူပူမှုများ ဖြစ်လာပါက အိမ်ကွင်း ပိတ်ပင်သည်အထိ အရေးယူ ခံရနိုင်သောကြောင့် အိမ်ရှင်အသင်းများ အနေနှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့်ပူးပေါင်းပြီး စစ်ဆေးမှုများ၊ လုံခြုံရေး တင်းကျပ်မှုများ ပြုလုပ်သင့်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ထွေး (ပျဉ်းမနား) က ပြောကြားသည်။

ဇူလိုင်လ ၂၇ ရက်နေ့က ကျင်းပခဲ့သော ရန်ကုန်ယူနိုက်တက်နှင့် ရတနာပုံ အသင်းတို့ ပွဲစဉ်တွင် လုံခြုံရေး ရဲတပ်ဖွဲ့ဝင် ၁၃၀ ခန့် တာဝန်ယူခဲ့ကြောင်း၊ ပြိုင်ပွဲအတွင်း ပြဿနာ ဖြစ်ပွားချိန်တွင် ပြဿနာ ပိုမိုကြီးထွားမည်ကို စိုးရိမ်ခြင်းကြောင့် ချက်ချင်းဖမ်းဆီး ထိန်းသိမ်းခြင်းမျိုး မရှိဘဲ ဓာတ်ပုံ မှတ်တမ်းများသာ ရိုက်ကူးထားကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် လုံခြုံရေးတာဝန်ခံ ဦးအေးချိုက ရှင်းပြသည်။

တစ်ဖက်နှစ်ဂိုးစီဖြင့် သရေရလဒ် ဖြစ်ပေါ်ခဲ့သော ယင်းပွဲပြီးဆုံးချိန်တွင် ပရိသတ်များက ဒိုင်လူကြီးကို ကြမ်းတမ်းသော စကားလုံးများဖြင့် ပြောဆိုမှုများ ပြုလုပ်ခဲ့ပြီး ကွင်းအတွင်းသို့ ရေသန့်ဘူးများဖြင့် ပစ်ပေါက်ခြင်း၊ ရိုးရိုးတန်း ပွဲကြည့်စင်ဘက်ခြမ်းရှိ ပရိသတ်များနှင့် ရန်ကုန်ယူနိုက်တက်အသင်း တိုက်စစ်မှူး ကြည်လင်းတို့ စကားများခဲ့ကာ ယင်းအသင်း ပရိသတ်များက အဆောင်ကို ခဲဖြင့် ပစ်ပေါက်ခဲ့ကြသည်။

The Voice Weekly

ထိုင်းမှာ ကျောင်းသားဗီဇာတွေ တင်းကြပ်နေ



ထိုင်းနိုင်ငံ မှာ စစ်အစိုးရ တက်ပြီးနောက် မြန်မာ၊ လာအို၊ ကမ္ဘာဒီးယား စတဲ့ အိမ်နီးချင်း နိုင်ငံတွေ က လာရောက် လုပ်ကိုင်နေ တဲ့ အလုပ်သမားတွေ ကို ကန့်သတ် စီစစ်မှုတွေ လုပ်နေသလို၊ ကျောင်းသား ဗီဇာတွေကို လည်း တော်တော်လေး တင်းကြပ် နေပါတယ်။

ကျောင်းသား ဗီဇာ တိုးတဲ့လူတွေ၊ အသစ် ဝင်ရောက် လာနေသူတွေ ကို၊ တက်မယ်လို့ ကိုယ် တင်ပြတဲ့ ကျောင်း တကယ် ရှိ မရှိ၊ သေချာ စုံစမ်းတဲ့ အပြင်၊ လိုအပ်တဲ့ စာရွက်စာတမ်း အပြည့်စုံ တင်ပြဖို့ ထိုင်း အာဏာပိုင်တွေ က အလိုရှိနေပါတယ်။

ပြည်ပ အလုပ်သမားတွေ နဲ့ ပတ်သက် ပြီးတော့ လည်း၊ ထိုင်းစစ်တပ် အာဏာ သိမ်းကာစ အချိန်တုန်းက၊ တရားမဝင် လုပ်သားတွေ ကို ဖမ်းဆီး အရေးယူတာမျိုး တွေ လုပ်မယ် ဆိုပြီး၊ သတင်းတွေ ထွက်လာတဲ့ အတွက်၊ ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်း လုပ်သားတွေ အကြား အတော်လေး ထိတ်လန့် ခဲ့ရပါသေး တယ်။

အခုတော့ ရောက်နှင့်ပြီး တရားမဝင် လုပ်သားတွေ ကို ၂ လ သက်တမ်း ရှိတဲ့ ပန်းရောင် နေထိုင်ခွင့် ကဒ်တွေ ထုတ်ပေးတာမျိုး လုပ်နေပေမယ့်၊ အသစ် ဝင်ရောက်လာ တဲ့ တရားမဝင် သမားတွေ အပေါ်တော့ ဖမ်းဆီးတာမျိုး လို၊ တင်းတင်းကြပ်ကြပ် ကိုင်တွယ်နေတယ် လို့ ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမားများ အဖွဲ့က ဒါရိုက်တာ ဦးကျော်သောင်း က ပြောပါတယ်။

ဒီကြားထဲက ပဲ၊ မြန်မာ နိုင်ငံဘက်က တရားဝင် အလုပ်အကိုင် ပွဲစားတွေက တဆင့် ထိုင်းနိုင်ငံကို ဝင်ရောက်လာသူတွေ တစ်ရက်ကို ၂၀ဝ ကနေ ၆၀ဝ ကြား ရှိသလို၊ တရားမဝင် ဝင်ရောက်နေသူတွေလည်း တစ်ရက်ကို ရာဂဏန်းနဲ့ ချီ ရှိနေပါတယ် လို့ ဦးကျော်သောင်း က ဆိုပါတယ်။

လက်ရှိ ထိုင်း အစိုးရ လက်ထက်မှာ၊ အိမ်နီးချင်း နိုင်ငံတွေ အပေါ် လူဝင်မှု ဘယ်လောက် တင်းကြပ်သည် ဖြစ်စေ၊ ထိုင်းထက် ဖွံ့ဖြိုးမှု နောက်ကျတဲ့ နိုင်ငံတွေက ကျောင်းသား အလုပ်သမားတွေ ထိုင်း နိုင်ငံထဲ ဝင်လာနေဆဲ ဖြစ်ပြီး၊ ထိုင်းပြည်တွင်း လုပ်ငန်းတွေ မှာလည်း နိုင်ငံခြားသား လုပ်သားတွေ အပေါ် မှီခိုနေရဆဲ ဖြစ်ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)