Tuesday, July 29, 2014

မိုးကုတ်အင်းကြီးကို လူထုအခြေပြု လေ့လာဆန်းစစ်မှုပြုလုပ်မည်



မိုးကုတ်အင်းကြီးနှင့် ပတ်သက်သော လူထုအခြေပြု သဘာဝပတ်ဝန်းကျင်လေ့လာ ဆန်းစစ်မှုကို စိမ်းလန်း မိုးကုတ် နှင့် စိမ်းရောင်စို (မန္တလေး) တို့ ပူးပေါင်းကာ သြဂုတ် ၁၆ ရက် တွင် စတင်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

အင်းအပေါ်ထားရှိသည့် ဒေသခံများ၏ အမြင်များကို သဘာဝပတ်ဝန်းကျင်ပညာရှင် များ ရှုထောင့်ဖြင့် နိုင်ငံတကာ အဆင့်မီသည့် CSEA ခေါ် လူထု အခြေပြုဗျူဟာမြောက် သဘာဝ ပတ်ဝန်းကျင်လေ့လာဆန်းစစ် ချက်များ ပြုလုပ်ကာ ထွက်ပေါ် လာသည့် ရလဒ်များကို မြို့ခံများ၊ အစိုးရတာဝန်ရှိသူများနှင့် နိုင်ငံ တကာမှ သဘာဝပတ်ဝန်းကျင် အရေးဆောင်ရွက်နေကြသည့် NGO အဖွဲ့အစည်းများသို့ တင်ပို့ သွားမည်ဖြစ်ကြောင်း စိမ်းလန်း မိုးကုတ်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့မှ ဒေါ်ပွင့်ဖြူ ကပြောသည်။

‘‘အင်းအပေါ် ပညာရှင်တွေ ရဲ့ အမြင်ကတော့ ရေမှာ အဆိပ် ဖြစ်နေပြီဆိုတာ သေချာတယ်။ ရေရဲ့အန္တရာယ် ဘယ်အဆင့်ကို ရောက်နေပြီလဲဆိုတာ အတိအ ကျသိရအောင် အသေးစိတ်စစ် တမ်းတွေပါလာမယ်’’ဟု ပြော သည်။

စစ်တမ်းကောက်ယူရန် စိမ်း လန်းမိုးကုတ်အပါအ၀င် ဒေသခံလူမှုရေးအသင်းအဖွဲ့များမှ လူ ဦးရေ သုံးဆယ်နီးပါးကို စိမ်း ရောင်စို(မန္တလေး)နှင့် သက်ဆိုင် ရာသဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးပညာရှင်များက သင် တန်းပြုလုပ်ပေးမည်ဖြစ်ကြောင်း စိမ်းရောင်စို(မန္တလေး)မှ သိရ သည်။

CSEA စစ်တမ်းကောက်ရန် လိုအပ်မည့် မေးမြန်းစစ်ဆေးချက် များကို မိုးကုတ်မြို့ခံရှေ့မီ နောက်မီ လူကြီး၊လူငယ် အလုံးစုံကို မေးမြန်းသွားမည်ဖြစ်ပြီး စစ်တမ်းကောက်ယူမည့် ကာလမှာလည်း သုံးလခန့်ထိ ကြာ မြင့်မည်ဖြစ်ကြောင်း စိမ်းလန်း မိုးကုတ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့မှ သိရ သည်။ မိုးကုတ်အင်းကြီးမှာ အင်္ဂ လိပ်အစိုးရအုပ်ချုပ်စဉ်ကာလက တည်းက ကျောက်မျက်တူးဖော် ရေးလုပ်ငန်းများကြောင့် စတင် ဖြစ်ပေါ်ခဲ့သည့် ရေသေအင်းကြီး ဖြစ်ပြီး ၁၉၇၅ ခုနှစ်တွင် ယင်း အင်းအတွင်း မြေနီချောင်းကျိုးကျ ခဲ့သည့်အတွက် စုစုပေါင်းဧက သုံးဆယ်ကျော်ရှိသည့် မိုးကုတ် အင်းကြီး၏ ၁၄ ဧကခန့်မှာ ကုန်း မြေဖြစ်သွားခဲ့ပြီး ကျန် ၁၆ ဧက ကျော်သာ ရေသေအင်းကြီးအဖြစ် ယနေ့အချိန်ထိ ဆက်လက်တည် ရှိနေခြင်းဖြစ်သည်။

အဆိုပါအင်းကြီး လုံးဝ ကောမသွားရေးအတွက် ထိန်း သိမ်းရန် အင်းသန့်ရှင်းသာယာ လှပရေးကော်မတီတစ်ခုကို ယခုနှစ် ဇွန်လအတွင်းက မြို့ခံများနှင့် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

0 comments:

Post a Comment