အမျိုးသားတစ်ဦးရဲ့ e-mail အတွင်း ကလေးငယ်ရဲ့ ညစ်ညမ်းဓါတ်ပုံ တွေ့ရှိမှုကြောင့် Google က ရဲတပ်ဖွဲ့ကို အကြောင်းကြားပြီးဖမ်းဆီး

အမျိုးသားတစ်ဦးရဲ့ e-mail အတွင်း အသက်မပြည့်သေးတဲ့ ကလေးငယ်ရဲ့ ညစ်ညမ်းဓာတ်ပုံ တွေ့ရှိမှုကြောင့်...

ပရိသတ်ကို ပေးဆပ်တာပဲများပြီး ရယူလိုတာ ဘာမှမရှိသေးဘူးလို့ဆိုတဲ့ စွမ်းရည်

သရုပ်ဆောင်နယ်ပယ်မှာ အချိန် အတော်ကြာ ဒုတိယမင်းသားတစ်ယောက်အနေနဲ့ ဖြတ်သန်းနေတဲ့ စွမ်းရည်က...

ပရိသတ်မုန်းမှာ ကြောက်လို့ အရမ်းဟဲဗီးဗန့်စ်ဆန်တဲ့ ကားတွေ မရိုက်ချင်ဘူးလို့ဆိုတဲ့ သွန်းဆက်

ဗီဒီယိုဇာတ်ကားတွေ ရိုက်လာရပြီးနောက်ပိုင်းမှာ ခေါင်းဆောင်မင်းသမီး နေရာတွေမှာတောင် သရုပ်ဆောင်လာရပြီဖြစ်တဲ့ သွန်းဆက်နဲ့...

ချစ်သူ တစ်ယောက်တည်းထားပေမယ့် ခံစားချက်ကတော့မျိုးစုံပဲလို့ပြောပြလာတဲ့ Bobby Soxer ရဲ့ တစ်ကိုယ်တော်အခွေနဲ့ အချစ်အကြောင်း

ဒုံးပျံအခွေနဲ့ ပရိသတ်အားပေးမှုကို တခဲနက်ရရှိခဲ့တဲ့ Bobby Soxer ထက်ထက်ဟာ ခုတစ်ခါတော့...

အမျိုးသမီးတွေဟာ အမျိုးသားတွေထက် သင်ယူလေ့လာရာမှာ ပိုမိုလျင်မြန်ထက်မြတ်ဟု လေ့လာချက်ကဆို

အမျိုးသမီးတွေဟာ လေ့လာသင်ယူရာမှာ အမျိုးသားတွေထက် လျင်လျင်မြန်မြန် တတ်မြောက်ကြတယ်လို့ လေ့လာချက် အသစ်တစ်ခုအရ...

Tuesday, July 29, 2014

မိုးကုတ်အင်းကြီးကို လူထုအခြေပြု လေ့လာဆန်းစစ်မှုပြုလုပ်မည်



မိုးကုတ်အင်းကြီးနှင့် ပတ်သက်သော လူထုအခြေပြု သဘာဝပတ်ဝန်းကျင်လေ့လာ ဆန်းစစ်မှုကို စိမ်းလန်း မိုးကုတ် နှင့် စိမ်းရောင်စို (မန္တလေး) တို့ ပူးပေါင်းကာ သြဂုတ် ၁၆ ရက် တွင် စတင်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

အင်းအပေါ်ထားရှိသည့် ဒေသခံများ၏ အမြင်များကို သဘာဝပတ်ဝန်းကျင်ပညာရှင် များ ရှုထောင့်ဖြင့် နိုင်ငံတကာ အဆင့်မီသည့် CSEA ခေါ် လူထု အခြေပြုဗျူဟာမြောက် သဘာဝ ပတ်ဝန်းကျင်လေ့လာဆန်းစစ် ချက်များ ပြုလုပ်ကာ ထွက်ပေါ် လာသည့် ရလဒ်များကို မြို့ခံများ၊ အစိုးရတာဝန်ရှိသူများနှင့် နိုင်ငံ တကာမှ သဘာဝပတ်ဝန်းကျင် အရေးဆောင်ရွက်နေကြသည့် NGO အဖွဲ့အစည်းများသို့ တင်ပို့ သွားမည်ဖြစ်ကြောင်း စိမ်းလန်း မိုးကုတ်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့မှ ဒေါ်ပွင့်ဖြူ ကပြောသည်။

‘‘အင်းအပေါ် ပညာရှင်တွေ ရဲ့ အမြင်ကတော့ ရေမှာ အဆိပ် ဖြစ်နေပြီဆိုတာ သေချာတယ်။ ရေရဲ့အန္တရာယ် ဘယ်အဆင့်ကို ရောက်နေပြီလဲဆိုတာ အတိအ ကျသိရအောင် အသေးစိတ်စစ် တမ်းတွေပါလာမယ်’’ဟု ပြော သည်။

စစ်တမ်းကောက်ယူရန် စိမ်း လန်းမိုးကုတ်အပါအ၀င် ဒေသခံလူမှုရေးအသင်းအဖွဲ့များမှ လူ ဦးရေ သုံးဆယ်နီးပါးကို စိမ်း ရောင်စို(မန္တလေး)နှင့် သက်ဆိုင် ရာသဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးပညာရှင်များက သင် တန်းပြုလုပ်ပေးမည်ဖြစ်ကြောင်း စိမ်းရောင်စို(မန္တလေး)မှ သိရ သည်။

CSEA စစ်တမ်းကောက်ရန် လိုအပ်မည့် မေးမြန်းစစ်ဆေးချက် များကို မိုးကုတ်မြို့ခံရှေ့မီ နောက်မီ လူကြီး၊လူငယ် အလုံးစုံကို မေးမြန်းသွားမည်ဖြစ်ပြီး စစ်တမ်းကောက်ယူမည့် ကာလမှာလည်း သုံးလခန့်ထိ ကြာ မြင့်မည်ဖြစ်ကြောင်း စိမ်းလန်း မိုးကုတ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့မှ သိရ သည်။ မိုးကုတ်အင်းကြီးမှာ အင်္ဂ လိပ်အစိုးရအုပ်ချုပ်စဉ်ကာလက တည်းက ကျောက်မျက်တူးဖော် ရေးလုပ်ငန်းများကြောင့် စတင် ဖြစ်ပေါ်ခဲ့သည့် ရေသေအင်းကြီး ဖြစ်ပြီး ၁၉၇၅ ခုနှစ်တွင် ယင်း အင်းအတွင်း မြေနီချောင်းကျိုးကျ ခဲ့သည့်အတွက် စုစုပေါင်းဧက သုံးဆယ်ကျော်ရှိသည့် မိုးကုတ် အင်းကြီး၏ ၁၄ ဧကခန့်မှာ ကုန်း မြေဖြစ်သွားခဲ့ပြီး ကျန် ၁၆ ဧက ကျော်သာ ရေသေအင်းကြီးအဖြစ် ယနေ့အချိန်ထိ ဆက်လက်တည် ရှိနေခြင်းဖြစ်သည်။

အဆိုပါအင်းကြီး လုံးဝ ကောမသွားရေးအတွက် ထိန်း သိမ်းရန် အင်းသန့်ရှင်းသာယာ လှပရေးကော်မတီတစ်ခုကို ယခုနှစ် ဇွန်လအတွင်းက မြို့ခံများနှင့် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲများ၌ ပရိသတ်များကို အရက်သောက်ထားခြင်း ရှိမရှိ စစ်ဆေးမည်ဟုဆို

ရန်ကုန်အသင်းပိုင် မြက်ခင်းတုကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သော ရန်ကုန်ယူနိုက်တက်နှင့် ရတနာပုံ ပွဲစဉ်အတွင်း ဖြစ်ပွားခဲ့သော ပရိသတ်များ၏ အပြုအမူကြောင့် ၂၀၁၅ ခုနှစ် ဘောလုံးရာသီမှ စတင်၍ ပရိသတ်များကို အရက်သောက်သုံးထားခြင်း ရှိမရှိ စစ်ဆေးမည့် Alchol Test ပြုလုပ်ရန် စီစဉ်လျက်ရှိကြောင်း မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲကျင်းပရေး တာဝန်ခံ ဦးရဲမျိုးဟိန်းက ပြောကြားသည်။

“အစီရင်ခံစာတစ်ခု ရေးနေပါတယ်။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ကို တင်ပြပြီး လုံခြုံရေး ကော်မတီနဲ့လည်း ညှိနှိုင်းမယ်” ဟု ၎င်းက ပြောဆိုသည်။

အရက်အမူးလွန်သော ပရိသတ်များကို ကွင်းအတွင်း မဝင်ခင်ကတည်းက စစ်ဆေးသင့်ပြီး ကွင်းအတွင်း၌ ဆူပူမှုများ ဖြစ်လာပါက အိမ်ကွင်း ပိတ်ပင်သည်အထိ အရေးယူ ခံရနိုင်သောကြောင့် အိမ်ရှင်အသင်းများ အနေနှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့်ပူးပေါင်းပြီး စစ်ဆေးမှုများ၊ လုံခြုံရေး တင်းကျပ်မှုများ ပြုလုပ်သင့်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ထွေး (ပျဉ်းမနား) က ပြောကြားသည်။

ဇူလိုင်လ ၂၇ ရက်နေ့က ကျင်းပခဲ့သော ရန်ကုန်ယူနိုက်တက်နှင့် ရတနာပုံ အသင်းတို့ ပွဲစဉ်တွင် လုံခြုံရေး ရဲတပ်ဖွဲ့ဝင် ၁၃၀ ခန့် တာဝန်ယူခဲ့ကြောင်း၊ ပြိုင်ပွဲအတွင်း ပြဿနာ ဖြစ်ပွားချိန်တွင် ပြဿနာ ပိုမိုကြီးထွားမည်ကို စိုးရိမ်ခြင်းကြောင့် ချက်ချင်းဖမ်းဆီး ထိန်းသိမ်းခြင်းမျိုး မရှိဘဲ ဓာတ်ပုံ မှတ်တမ်းများသာ ရိုက်ကူးထားကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် လုံခြုံရေးတာဝန်ခံ ဦးအေးချိုက ရှင်းပြသည်။

တစ်ဖက်နှစ်ဂိုးစီဖြင့် သရေရလဒ် ဖြစ်ပေါ်ခဲ့သော ယင်းပွဲပြီးဆုံးချိန်တွင် ပရိသတ်များက ဒိုင်လူကြီးကို ကြမ်းတမ်းသော စကားလုံးများဖြင့် ပြောဆိုမှုများ ပြုလုပ်ခဲ့ပြီး ကွင်းအတွင်းသို့ ရေသန့်ဘူးများဖြင့် ပစ်ပေါက်ခြင်း၊ ရိုးရိုးတန်း ပွဲကြည့်စင်ဘက်ခြမ်းရှိ ပရိသတ်များနှင့် ရန်ကုန်ယူနိုက်တက်အသင်း တိုက်စစ်မှူး ကြည်လင်းတို့ စကားများခဲ့ကာ ယင်းအသင်း ပရိသတ်များက အဆောင်ကို ခဲဖြင့် ပစ်ပေါက်ခဲ့ကြသည်။

The Voice Weekly

ထိုင်းမှာ ကျောင်းသားဗီဇာတွေ တင်းကြပ်နေ



ထိုင်းနိုင်ငံ မှာ စစ်အစိုးရ တက်ပြီးနောက် မြန်မာ၊ လာအို၊ ကမ္ဘာဒီးယား စတဲ့ အိမ်နီးချင်း နိုင်ငံတွေ က လာရောက် လုပ်ကိုင်နေ တဲ့ အလုပ်သမားတွေ ကို ကန့်သတ် စီစစ်မှုတွေ လုပ်နေသလို၊ ကျောင်းသား ဗီဇာတွေကို လည်း တော်တော်လေး တင်းကြပ် နေပါတယ်။

ကျောင်းသား ဗီဇာ တိုးတဲ့လူတွေ၊ အသစ် ဝင်ရောက် လာနေသူတွေ ကို၊ တက်မယ်လို့ ကိုယ် တင်ပြတဲ့ ကျောင်း တကယ် ရှိ မရှိ၊ သေချာ စုံစမ်းတဲ့ အပြင်၊ လိုအပ်တဲ့ စာရွက်စာတမ်း အပြည့်စုံ တင်ပြဖို့ ထိုင်း အာဏာပိုင်တွေ က အလိုရှိနေပါတယ်။

ပြည်ပ အလုပ်သမားတွေ နဲ့ ပတ်သက် ပြီးတော့ လည်း၊ ထိုင်းစစ်တပ် အာဏာ သိမ်းကာစ အချိန်တုန်းက၊ တရားမဝင် လုပ်သားတွေ ကို ဖမ်းဆီး အရေးယူတာမျိုး တွေ လုပ်မယ် ဆိုပြီး၊ သတင်းတွေ ထွက်လာတဲ့ အတွက်၊ ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်း လုပ်သားတွေ အကြား အတော်လေး ထိတ်လန့် ခဲ့ရပါသေး တယ်။

အခုတော့ ရောက်နှင့်ပြီး တရားမဝင် လုပ်သားတွေ ကို ၂ လ သက်တမ်း ရှိတဲ့ ပန်းရောင် နေထိုင်ခွင့် ကဒ်တွေ ထုတ်ပေးတာမျိုး လုပ်နေပေမယ့်၊ အသစ် ဝင်ရောက်လာ တဲ့ တရားမဝင် သမားတွေ အပေါ်တော့ ဖမ်းဆီးတာမျိုး လို၊ တင်းတင်းကြပ်ကြပ် ကိုင်တွယ်နေတယ် လို့ ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမားများ အဖွဲ့က ဒါရိုက်တာ ဦးကျော်သောင်း က ပြောပါတယ်။

ဒီကြားထဲက ပဲ၊ မြန်မာ နိုင်ငံဘက်က တရားဝင် အလုပ်အကိုင် ပွဲစားတွေက တဆင့် ထိုင်းနိုင်ငံကို ဝင်ရောက်လာသူတွေ တစ်ရက်ကို ၂၀ဝ ကနေ ၆၀ဝ ကြား ရှိသလို၊ တရားမဝင် ဝင်ရောက်နေသူတွေလည်း တစ်ရက်ကို ရာဂဏန်းနဲ့ ချီ ရှိနေပါတယ် လို့ ဦးကျော်သောင်း က ဆိုပါတယ်။

လက်ရှိ ထိုင်း အစိုးရ လက်ထက်မှာ၊ အိမ်နီးချင်း နိုင်ငံတွေ အပေါ် လူဝင်မှု ဘယ်လောက် တင်းကြပ်သည် ဖြစ်စေ၊ ထိုင်းထက် ဖွံ့ဖြိုးမှု နောက်ကျတဲ့ နိုင်ငံတွေက ကျောင်းသား အလုပ်သမားတွေ ထိုင်း နိုင်ငံထဲ ဝင်လာနေဆဲ ဖြစ်ပြီး၊ ထိုင်းပြည်တွင်း လုပ်ငန်းတွေ မှာလည်း နိုင်ငံခြားသား လုပ်သားတွေ အပေါ် မှီခိုနေရဆဲ ဖြစ်ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)