Monday, August 4, 2014

အမျိုးသမီးတွေဟာ အမျိုးသားတွေထက် သင်ယူလေ့လာရာမှာ ပိုမိုလျင်မြန်ထက်မြတ်ဟု လေ့လာချက်ကဆို



အမျိုးသမီးတွေဟာ လေ့လာသင်ယူရာမှာ အမျိုးသားတွေထက် လျင်လျင်မြန်မြန် တတ်မြောက်ကြတယ်လို့ လေ့လာချက် အသစ်တစ်ခုအရ သိရှိရပါတယ်။ အကြောင်းကတော့ သူတို့တွေ မကြာခဏဆိုသလို ခွဲခြား ဆက်ဆံခံရတာကြောင့် ဖြစ်နိုင်တယ်လို့ဆိုပါတယ်။ အသက်(၅၇) နှစ်ရှိ မတူညီကွဲပြားတဲ့ နေထိုင်မှုပုံစံမှလာကြတဲ့ လူပေါင်း ၃၁,၀၀၀ ယောက်ရဲ့ ဦးနှောက်တွေကို အသေအချာ စစ်ဆေးမှုပြုလုပ်ခဲ့ပါတယ်။ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးက လူနေမှုအဆင့်အတန်းမြင့်မြင့်နဲ့ နေထိုင်ခဲ့တဲ့အချိန်မှာ သင်ယူမှုမှာ ပိုမိုလျင်မြန်မှုရှိပြီး လူနေမှုဘ၀မှာအဆင်ပြေတဲ့ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် လျင်လျင်မြန်မြန် သင်ယူတတ်မြောက်ကြပါတယ်။
Proceedings of the National Academy of Sciences မှာဖော်ပြထားတဲ့ လေ့လာချက်အရ အမျိုးသားတွေထက် အမျိုးသမီးတွေက ဥာဏနဲ့ လုပ်ရတဲ့အလုပ်တွေကို ရရှိနိုင်ဖို့ ပိုပြီး ကြိုးစားရုန်းကန်ရတဲ့အတွက် သင်ယူလေ့လာရာမှာ ဥာဏ်ရည်ဖွံ့ဖြိုး တိုးတက်လာတာဖြစ်ပါတယ်လို့ ဆိုပါတယ်။
အမျိုးသမီးတွေ ပိုင်ဆိုင်တဲ့ အစွမ်းအစတွေကို တန်ဖိုးထားမခံရတာ သိသာထင်ရှားပါတယ်။ ဒါကြောင့်ဒီလို အကျိုးသက်ရောက်မှုတွေ ဖြစ်လာတာဖြစ်ပါတယ်လို့ လေ့လာချက်ပြုလုပ်သူ တစ်ယောက်ဖြစ်တဲ့ Agneta Herlitz က ရှင်းပြပါတယ်။ အမျိုးသားတွေနဲ့ အမျိုးသမီးတွေရဲ့ သင်ယူလေ့လာမှု ပုံစံခြားနားသွားတာ မဟုတ်ပါဘူး။ ဒါပေမဲ့ အရည်အချင်းဟာ အင်မတန်အရေးပါတယ်ဆိုတဲ့အကြောင်း ဒီလေ့လာမှုကနေ သိသာမယ်လို့ သူမမျှော်လင့်ထားပါတယ်။
Ref: cosmopolitan.com

0 comments:

Post a Comment