Tuesday, August 12, 2014

ဘရူနိုင်း ဘုရင့်ဖလား ပြိုင်ပွဲတွင် မြန်မာ ယူ-၁၉ နိုင်ပွဲဆက်

ဘရူနိုင်းကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ (2014 The Hassanal Bolkiah Trophy) အုပ်စု(က) ဒုတိယရက်ပွဲစဉ်များ တွင် မြန်မာယူ-၁၉ အသင်းသည် တီမောလူငယ်အသင်းကို (၃-၁) ဂိုးဖြင့် အနိုင်ရရှိကာ အုပ်စုတွင် ဆက်လက်ဦးဆောင်ထားသည်။

သြဂုတ်လ ၁၀ ရက်က ဘရူ နိုင်းနိုင်ငံ ဘန်ဒါဆရီဘီဂါဝန်မြို့ တွင် ကျင်းပခဲ့သည့် အဆိုပါပွဲစဉ် တွင် မြန်မာယူ-၁၉ အသင်းအ တွက် အနိုင်ဂိုးများကို ပွဲချိန် ၄၃ မိနစ်တွင် အောင်သူ၊ ပွဲချိန် ၅၂ မိနစ်တွင် နန္ဒကျော် (ပင်နယ်တီ) နှင့် ပွဲချိန် ၇၃ မိနစ်တို့တွင် မျိုးကို ထွန်းတို့က သွင်းယူပေးခဲ့ခြင်းဖြစ် သည်။
အုပ်စု (က) အခြားပွဲစဉ်တွင် ထိုင်းလူငယ်အသင်းက ဖိလစ်ပိုင် လူငယ်အသင်းကို (၂-၀) ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ အုပ်စု (က) ဒုတိယရက် ပွဲစဉ်များအပြီးတွင် မြန်မာယူ-၁၉ အသင်းက နှစ်ပွဲ ကစား၊ နှစ်ပွဲနိုင်၊ ရမှတ်ခြောက် မှတ်ဖြင့် အုပ်စုတွင် ဦးဆောင် ထားပြီး ထိုင်းလူငယ်အသင်းက နှစ်ပွဲကစား၊ တစ်ပွဲနိုင်၊ တစ်ပွဲရှုံး ရမှတ်သုံးမှတ်ဖြင့် ဒုတိယနေရာ တွင် ရပ်တည်နေသည်။

အုပ်စု (က) တတိယရက် ပွဲ စဉ်များကို သြဂုတ်လ ၁၂ ရက် တွင် ဆက်လက်ကျင်းပမည်ဖြစ် ပြီး မြန်မာယူ-၁၉ အသင်းနှင့် လာအိုလူငယ်အသင်း၊ တီမောလူ ငယ်အသင်းနှင့် ထိုင်းလူငယ်အ သင်းတို့ ယှဉ်ပြိုင်ကစားကြမည် ဖြစ်သည်။

ပြိုင်ပွဲဝင် ၁၁ သင်းပါဝင် ယှဉ်ပြိုင်သည့် အဆိုပါပြိုင်ပွဲကို သြဂုတ် ၂၃ ရက်အထိ ကျင်းပမည်ဖြစ်ပြီး မြန်မာယူ-၁၉  အသင်းသည် အုပ်စု (က)တွင် ထိုင်း၊ တီမော၊ လာအို၊ ဖိလစ်ပိုင်၊ အုပ်စု(ခ) တွင် ဘရူနိုင်း၊ ဗီယက်နမ်၊  စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှားနှင့် ကမ္ဘောဒီးယားအသင်းများ ပါဝင်လျက်ရှိသည်။

ဘရူနိုင်းဘုရင့်ဖလား ဘော လုံးပြိုင်ပွဲဝင်အသင်းများကို အ သက် ၂၁ နှစ်အောက် သတ်မှတ် ထားသော်လည်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် လာမည့် အောက်တိုဘာလအတွင်း အိမ် ရှင်အဖြစ် လက်ခံကျင်းပမည့် အာရှယူ-၁၉ နောက်ဆုံးအဆင့် အတွက် ပြင်ဆင်နေသည့် မြန်မာ ယူ-၁၉ အသင်းအား စေလွှတ် ယှဉ်ပြိုင်ခြင်းဖြစ်သည်။

0 comments:

Post a Comment