Monday, October 13, 2014

ပရိသတ်ကြည့်လို့ အဆင်ပြေတဲ့ ဆက်စီပုံစံတွေပဲ ရိုက်မယ်ဆိုတဲ့သွန်းဆက်



ပရိသတ်က ဆက်စီပုံစံ မရိုက်ရန် အကြံပြုသော်လည်း ဇာတ်ဆောင်စရိုက် လိုအပ်ချက်အရသာ ဆက်စီပုံစံရိုက်ကူးမည် ဖြစ်ပြီး ပရိသတ်အမြင်တွင် အဆင်ပြေစေမည့် ပုံစံမျိုးသာ ရိုက်ကူးမည်ဟု သွန်းဆက်ကပြောသည်။
‘‘ပရိသတ်တွေက ဆက်စီ ပုံစံတွေ မရိုက်ပါနဲ့။ Cute ပုံစံနဲ့ပဲ လိုက်တယ်လို့ပြောကြတယ်။ ဆက်စီပုံစံကို ကာရိုက်တာ လို အပ်ချက်အရ  မလွှဲမရှောင်သာ ရိုက်ရရင်တောင် အရမ်းအဖော် အချွတ်မရိုက်ပါဘူး’’ဟု ၎င်းက ပြောသည်။
ခေါင်းဆောင်  မင်းသမီး အနေဖြင့် ဇာတ်ကားများရိုက်ကူး လာရသော်လည်း ရုပ်ရှင်ဇာတ် ကားများတွင် စီနီယာအစ်ကို၊ အစ်မများ၏ သရုပ်ဆောင်မှုများ ကို ကြည့်ရှုသည့်အချိန်တိုင်း ကိုယ့်ကိုယ်ကိုယ်အများကြီးကြိုး စားရန် လိုအပ်သည်ဟု မြင် ကြောင်း သွန်းဆက်ကပြောသည်။
လတ်တလော  အနုပညာ လှုပ်ရှားမှုအဖြစ် ဇေရဲထက်နှင့် ဟာသကားတစ်ကားရိုက်ကူး နေပြီး ယင်းဇာတ်ကားရိုက်ကူး ပြီးပါက လူမင်းနှင့် ဆက်လက် ရိုက်ကူးသွားမည်ဟု ဆိုသည်။ ရုပ်ရှင်ဇာတ်ကားအနေဖြင့် ယခု နှစ်အတွင်း ရိုက်ကူးရန်လက်ခံ ထားခြင်းမရှိဘဲ ၂၀၁၅ မှသာ  ရုပ် ရှင်ရိုက်ကူးမည်ဟု သွန်းဆက်က ပြောသည်။

0 comments:

Post a Comment