Monday, October 13, 2014

ပြိုင်ပွဲအတွက်သာ အာရုံစိုက်နေတဲ့ ဟန်သီ



ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)
ကြော်ငြာများ ရိုက်ကူး ဖြစ်သော်လည်း သရုပ်ဆောင်နှင့် ပတ်သက်၍ ပြိုင်ပွဲမှ ပြန်လာပြီး သည့်အချိန်မှသာ လုပ်ဆောင် သွားမည်ဖြစ်ကြောင်း  Miss Supranational ပြိုင်ပွဲသို့ မြန်မာ နိုင်ငံကိုယ်စားပြု အလှမယ်အဖြစ် သွားရောက်ယှဉ်ပြိုင်မည့် ဟန်သီ က ပြောသည်။
  ‘‘ပြိုင်ပွဲအတွက် Body Branin Beauty နဲ့ပတ်သက်ပြီး လေ့ကျင့်မှုတွေ လုပ်နေပါတယ်။ နောက်ပြီး ကြော်ငြာတွေလည်း ရိုက်ဖြစ်ပါတယ်။ လောလော ဆယ် Training လည်း ဆင်းနေရ တယ်။ ခရီးတွေလည်း သွားဖို့ရှိ တော့ သရုပ်ဆောင်ပိုင်းကို ပိုလန် က ပြန်လာပြီးမှပဲ လုပ်ဖြစ်မယ်’’ ဟု ၎င်းကပြောသည်။

 အမျိုးသမီး သရုပ်ဆောင် အသစ်များ ရွေးချယ်သည့် အနု ပညာပျိုးခင်းအစီအစဉ်တွင် ဟန်သီဝင်ရောက် လျှောက်ထားခဲ့ သော်လည်း ဆန်ခါတင်အဆင့်အထိသာ ရွေးချယ်ခံခဲ့ရသည်။
‘‘ဟန်သီနဲ့လိုက်တဲ့ ကာရိုက် တာ ရှိသလို မလိုက်တဲ့ ကာရိုက် တာလည်း ရှိတာဆိုတော့ ကြိုး စားရဦးမှာပါ’’ ဟု ပြိုင်ပွဲနှင့်ပတ် သက်၍ ဟန်သီက ပြောသည်။
Miss Supranational ပြိုင်ပွဲ ကို ပိုလန်နိုင်ငံတွင် နိုဝင်ဘာ ၁၄ ရက်မှ  ဒီဇင်ဘာ ၅ ရက်အထိ ကျင်းပပြုလုပ်မည်ဖြစ်၍လက်ရှိအချိန်တွင် ပြိုင်ပွဲအတွက် ပြင်ဆင်မှုများကိုသာ အဓိကထား၍ ပြုလုပ်နေကြောင်း ၎င်းကပြောသည်။

0 comments:

Post a Comment