Tuesday, August 5, 2014

စည်းကမ်းမဲ့ ယာဉ်များအား အွန်လိုင်းမှတစ်ဆင့် ယာဉ်ထိန်းရဲတပ်ဖွဲ့သို့ တိုင်ကြားနိုင်


ရန်ကုန် တိုင်းဒေသကြီးအတွင်း ယာဉ်စည်း ကမ်းချိုးဖောက်သူများအား ခရီးသွား လာနေသော ပြည်သူများအနေဖြင့် တွေ့ရှိပါက ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့သို့ အွန်လိုင်းမှ တစ်ဆင့် အသိပေးတိုင်ကြားနိုင် ကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှသိရသည်။
ယင်းသို့ အွန်လိုင်းမှတစ်ဆင့် သတင်းပေးတိုင်ကြားလိုသူများအ နေဖြင့် ယာဉ်စည်းကမ်းချိုးဖောက် သောယာဉ်နံပါတ်၊ စည်းကမ်းချိုးဖောက် သောနေရာ၊ အချိန်နှင့် မည်သို့ယာဉ် စည်းကမ်း ချိုးဖောက်သည်ဆိုသော အချက်အလက်များအား မှတ်တမ်း ဓာတ်ပုံနှင့်တကွ အင်တာနက်လူမှု ကွန်ရက်စာမျက်နှာတစ်ခုဖြစ်သော ဖေ့ဘွတ်စ်စာမျက်နှာ Yangon Traffic Police@facebook.com . ပေါ်တွင် ဝင်ရောက်ရေးသားဖော် ပြ၍ဖြစ်စေ၊ ဂျီးမေးလ်လိပ် စာဖြစ်သော whitep2014@gmail.com သို့ဖြစ်စေ ပေးပို့တိုင်ကြားနိုင် ကြောင်း ရန်ကုန်တိုင်းဒေသကြီးယာဉ် ထိန်းရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။
''အဓိကကပြည်သူတွေအနေ နဲ့ လမ်းသွားလမ်းလာရင်း ပဲဖြစ်ဖြစ်၊ မော်တော်ကား အသုံးပြုသွားနေစဉ် ပဲဖြစ်ဖြစ် လမ်းပေါ်မှာ ယာဉ်ထိန်း ရဲလဲ မရှိဘူး။ စည်းကမ်းမဲ့ယာဉ်မောင်း နှင်သူတွေက ယာဉ်စည်းကမ်းချိုးဖောက် မှုတွေကို ကျူးလွန်နေတယ်ဆိုတာ ကိုတွေ့တာနဲ့ ကျူးလွန်တဲ့ပုံစံကို မှတ်တမ်းဓာတ်ပုံရိုက်ပြီး အင်တာနက် ကနေတစ်ဆင့် ပေးပို့တိုင်တန်းလို့ ရအောင်လုပ်ထားတာပါ။ ဒါပေမဲ့ ဒီလိုဓာတ်ပုံရိုက်မှတ်တမ်းတင်ပြီး တိုင်တန်းတဲ့အခါမှာ ပြစ်မှုကျူးလွန်နေ တဲ့ကားနံပါတ်နဲ့ ကျူးလွန်နေတဲ့ အထောက်အထားပုံကို ရှင်းရှင်းလင်း လင်းဖော်ပြ တိုင်တန်းပေးဖို့တော့လို ပါမယ်။ ဘာကြောင့်လဲဆိုတော့ ကျွန် တော်တို့အနေနဲ့ တိုင်တန်းမှုတွေကို အရေးယူတဲ့အခါမှာ ယာဉ်စည်းကမ်း ချိုးဖောက်ပြီး ပြစ်မှုကျူးလွန်ကြောင်း အခိုင်အမာရရှိဖို့ သက်သေအတိ အကျလိုအပ်တဲ့အပြင် သက်သေအ ထောက်အထား အတိအကျရမှ အ ရေးယူရတာ လွယ်ကူမှာမို့လို့ပါ'' ဟု ယင်းယာဉ်ထိန်းရဲအရာရှိက ရှင်းပြ သည်။
ထိုသို့ပြည်သူများမှ အင်တာ နက်မှတစ်ဆင့် ယာဉ်စည်းကမ်းချိုး ဖောက်သော ယာဉ်များအား အရေး ယူပေးရန် တင်ပြတိုင်တန်းမှုများမှာ ဇွန်လအတွင်း ၄၅မှုနှင့် ဇူလိုင်လ အတွင်း ၆၆မှုအား လက်ခံရရှိခဲ့ကြောင်း၊ ယင်းကဲ့သို့ ပြည်သူများ၏ တိုင်ကြားမှု များတွင် လမ်းပြောင်းပြန်မောင်းနှင်မှု၊ မျဉ်းဖြတ်မောင်းနှင်မှု၊ သတ်မှတ် လမ်းကြောင်းအတိုင်း မမောင်းနှင်မှု၊ ယာဉ်နှစ်ထပ်ရပ်မှုနှင့်ခရီးသည် တင်ယာဉ်များမှ မှတ်တိုင်မဟုတ်ပဲ လူအတင်အချပြုလုပ်မှုများပါဝင် ကြောင်း၊ အဆိုပါတိုင်ကြားမှုများအား ယာဉ်ထိန်းရဲတပ်ဖွဲ့အနေဖြင့် ၁၉၆၄ ခုနှစ်မော်တော်ယာဉ်ဥပဒေ၊ ၁၉၈၉ မော်တော်ယာဉ် နည်းဥပဒေများဖြင့် မှတ်တမ်းတင် အရေးယူထားရှိပြီးဖြစ် ကြောင်း၊ ယင်းအပြင် လိုင်စင်ပိတ် သိမ်းရမည့် ယာဉ်စည်းကမ်းချိုးဖောက် မှုများအား ကုန်းလမ်းပို့ဆောင်ရေးညွှန် ကြားမှုဦးစီးဌာန(ကညန)သို့ ပေး ပို့ထားရှိကြောင်း ရန်ကုန်တိုင်းဒေသ ကြီးယာဉ်ထိန်းရဲတပ်ဖွဲ့မှ ထပ်မံ သိရသည်။
TRT

0 comments:

Post a Comment