ကမ္ဘာ့ နိုင်ငံ အနှံ့အပြားမှာ ရိုလာကိုစတာ လို့ခေါ်တဲ့ စားသောက်ဆိုင်တွေ အများအပြား ရှိနေပြီ ဖြစ်ပါတယ်။ ဒီရိုလာကိုစတာ စားသောက်ဆိုင် တွေကို ဂျာမနီ၊ ကူဝိတ်၊ ရုရှားစတဲ့ နိုင်ငံတွေမှာ ဖွင့်လှစ် ထားပြီး ဗြိတိန်၊ တရုတ်နဲ့ ပိုလန်တို့မှာ ဆက်လက် ဖွင့်လှစ် သွားဖို့ စီစဉ်နေ ပါတယ်။ ယူအေအီး နိုင်ငံမှာ ဖွင့်လှစ် ထားတဲ့ ရိုလာကိုစတာ စားသောက်ဆိုင် ကတော့ ထူးခြားခဲ့ ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကမ္ဘာ့ အကြီးဆုံး ရိုလာကိုစတာ စားသောက်ဆိုင် အဖြစ် သတ်မှတ်ခံ ရလို့ ဖြစ်ပါတယ်။ အစားအသောက် တွေကို ရိုလာကိုစတာ စီးနင်းတဲ့ ပုံစံမျိုးနဲ့ သယ်ဆောင်ပြီး ၀န်ဆောင်မှု ပေးတာ မို့ ဒီနာမည် ပေးထားခြင်း ဖြစ်ပါတယ်။ လျှပ်စစ် ပတ်လမ်းနဲ့ မိမိစားပွဲ ဆီကို အစားအသောက်တွေ အရောက် ပို့ဆောင်ပေးခြင်း ဖြစ်ပါတယ်။ အစား အသောက်တွေကို လျှင်မြန်စွာ ရရှိနိုင်ဖို့ ဒီအစီအစဉ်ကို ပြုလုပ်ထားခြင်း ဖြစ်ပါတယ်။
ယူအေအီးမှာ ဖွင့်လှစ် ထားတဲ့ ရိုလာကိုစတာ စားသောက်ဆိုင့်တော့ ရိုလာကိုစတာ ပေါင်း (၃၀) ကျော်အထိ ရှိပြီး အစားအသောက် တွေကို လွယ်လင့်တကူ သယ်ဆောင်ပေး နိုင်စွမ်း ရှိပြီး စုစုပေါင်း (၃၇၈) ဦး စားသုံး နိုင်စွမ်း ရှိပါတယ်။ ဆိုင်ရဲ့ အကျယ် ကတော့ စတုရန်းပေ (၁၄၀၀၀) အထိ ရှိပါတယ်။ ယခင် စံချိန်တင်ထားတဲ့ ဆိုင်ရဲ့ အကျယ် ကတော့ စတုရန်း ပေ (၁၁၂၄၄) သာရှိပြီး မက္ကဆီကို နိုင်ငံမှာ တည်ရှိတာ ဖြစ်ပါတယ်။ ယူအေအီး မှာရှိတဲ့ စားသောက်ဆိုင် ကတော့ ကမ္ဘာ့ အကြီးဆုံး ရိုလာကိုစတာ စားသောက်ဆိုင် အဖြစ် မှတ်တမ်းဝင်သွား ခဲ့ပြီး ဆိုင်ရဲ့အပြင်အဆင် ကိုလည်း အကောင်းဆုံး ဖြစ်အောင် ပြုလုပ်ထား ပါတယ်။ အစားအသောက်တွေ ကိုလည်း အိုင်ပက်နဲ့ မှာကြားလို့ ရအောင် စီစဉ်ပေးထား ပါတယ်။
0 comments:
Post a Comment