အင်္ဂလန် နိုင်ငံသား ဖရန်ကို အစ်မွန်အင်ဟာ ဘီယာ ပုလင်းတွေကို အမြန်ဆုံး
ဖောက်နိုင်သူ အဖြစ် စံချိန်တင် သွားခဲ့ ပါတယ်။ ဘီယာ ပုလင်းပေါင်း (၂၀၀၀)ကို
(၂၈) မိနစ်ထက် နည်းတဲ့ စံချိန်နဲ့ ဖောက်ပြခဲ့တာ ဖြစ်ပြီး ဂင်းနစ် စံချိန်
မှတ်တမ်း မှာတော့ ဘီယာပုလင်း တွေကို အမြန်ဆုံး ဖောက်နိုင်ခြင်း အဖြစ်
သတ်မှတ်ခံလိုက်ရ ပါတယ်။
တန်းစီချထားတဲ့ ဘီယာ ပုလင်း တွေကို ဖောက်တံနဲ့ ဖွင့်ခဲ့ရတာ ဖြစ်ပြီး လွယ်တယ်လို့ ထင်စရာ ရှိပေမယ့် တကယ်တမ်းမှာ အခက်အခဲတွေ အများကြီး ရှိခဲ့ပါတယ်။ အဓိက ရင်ဆိုင်ရတာက စိတ်ဖိစီးမှုပဲ ဖြစ်ပါတယ်။ စံချိန် တစ်ရပ်ကို ချိုးဖို့ လုပ်ရတာ ဖြစ်တာကြောင့် ဘီယာ ပုလင်း တွေကို ဖွင့်ရာမှာ အမှား မရှိအောင် လုပ်ခဲ့ရ ပါတယ်။ ဖရန်ကို အစ်မွန်အင်ဟာ အရက်ဆိုင် မန်နေဂျာ ဖြစ်ပြီး ဘီယာ ပုလင်းတွေ နေ့စဉ်ဖွင့်ပေး ရတဲ့ အတွေ့အကြုံရှိထား ပါတယ်။ ယခင်တင် ထားတဲ့ စံချိန်က ဘီယာပုလင်း(၂၀၀၀)ကို (၂၈မိနစ်၊ ၁၁စက္ကန့်) နဲ့ ဖွင့်နိုင်ခဲ့တာ ဖြစ်ပြီး ခရိုအေးရှား နိုင်ငံသား ဘူဒီလီဆီလစ်က တင်ထားတာ ဖြစ်ပါတယ်။ အသက် (၃၀) နှစ် အရွယ်ရှိ ဖရန်ကို အစ်မွန်အင်ဟာ ဘရိုက်တန်မြို့မှာ စံချိန်တင်ခဲ့တာဖြစ်ပြီး ဘီယာပုလင်း (၂၀၀၀)ကို (၂၄မိနစ်၊ ၃၇ စက္ကန့်) နဲ့ စံချိန်ချိုးခဲ့တာ ဖြစ်ပါတယ်။

0 comments:
Post a Comment