Monday, December 22, 2014

ရေညှောင့်နှုတ်ဝိုင်းငှက်ကောင်ရေ စစ်တမ်းကောက်မည်

မျိုးတုံးလုနီးပါး အန္တ ရာယ်ရှိ နေသော မျိုးစိတ်ဖြစ်သည့် ရေညှောင့် နှုတ်ဝိုင်းငှက်ကောင်ရေအတိအကျသိရှိစေရန် ယင်းငှက်ဆောင်းခိုရာ နေရာများတွင် တစ် ပြိုင်နက်တည်း စစ်တမ်းကောက် ယူမည်ဟု သတင်းရရှိသည်။

ရေညှောင့် နှုတ်ဝိုင်းငှက် သည် မြန်မာနိုင်ငံရှိ မုတ္တမပင်လယ် ကွေ့၊ ရခိုင်ပြည်နယ် နံ့သာကျွန်း နှင့် မိန်းမလှကျွန်းတို့တွင် နေထိုင် ကျက်စားသည်။ ငှက်ကောင်ရေ အတိအကျသိရှိစေရန် ဇန်န၀ါရီ ၁၉မှ ၂၄ရက်အထိ တစ်ပြိုင်နက် တည်း စစ်တမ်းကောက်ယူသွား မည်ဟု ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးအသင်း(BANCA) မှ စီမံကိန်းမန်နေဂျာကိုပြည့်ဖြိုး အောင်ကပြောသည်။

ထို့အပြင် ရေညှောင့်နှုတ်ဝိုင်းငှက် ပျံသန်းရာလမ်းကြောင်းရှိ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ ကို ရီးယားနိုင်ငံများတွင်လည်း အဆိုပါရက်များ၌ ကောင်ရေစစ်တမ်း တစ်ပြိုင်နက်တည်း ကောက်ယူ သွားမည်ဖြစ်သည်။

‘‘မနှစ်က ကောက်တာက တော့ မြန်မာနိုင်ငံမှာအများဆုံး တွေ့ရတယ်။ သူပျံသန်းတဲ့နိုင်ငံ တွေမှာလည်း တစ်ပြိုင်နက်တည်း ကောက်သွားမယ်။ ကောင်ရေအ တိအကျကောက်ပြီးရင်တစ်ကမ္ဘာ လုံးမှာဘယ်လာက်ရှိလဲ နှိုင်းယှဉ် လေ့လာသွားမယ်’’ဟု ကိုပြည့်ဖြိုး အောင်ကပြောသည်။

ရေညှောင့် နှုတ်ဝိုင်းငှက် သည် ကမ္ဘာပေါ်တွင် ကောင်ရေငါး ရာအောက်သာ ကျန်ရှိတော့ပြီး မျိုး တုံးလုနီးပါးအန္တရာယ်ရှိနေသော ငှက်မျိုးစိတ်ဖြစ်သည်။ မူရင်းဒေ သမှာ ရုရှားနိုင်ငံအရှေ့မြောက် ဘက် ချူကိုတာဒေသတွင် သား ပေါက်ပြီး ဆောင်းရာသီ၌ ကမ္ဘာ့ တောင်ဘက်ခြမ်းရှိ ကမ်းရိုးတန်း နိုင်ငံများတွင်ဆောင်းခိုကာ မြန်မာ နိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ အရှည်ကြာဆုံး  ဆောင်းခိုလေ့ရှိ သည်။

ရေညှောင့်နှုတ်ဝိုင်းငှက် သည် တစ်ကမ္ဘာလုံးမျိုးတုံးလုနီး ငှက်မျိုးစိတ် ၃၈မျိုးကို ငှက်ထိန်း သိမ်းရေး အဖွဲ့အစည်းများက မဲ ပေးရွေးချယ်ခဲ့သည့် ကမ်းခြေပျော် ငှက်နေ့အထိမ်းအမှတ်အဖြစ် ရွေးချယ်ခံခဲ့ရသည်။

မြန်မာနိုင်ငံတွင် ရေညှောင့် နှုတ်ဝိုင်းငှက်ကောင်ရေစစ်တမ်း ကောက်ယူမှုကို အင်္ဂလန်ရှိ ငှက် ထိန်းသိမ်းရေးအဖွဲ့အစည်းများ၊ ဒေသခံပတ်ဝန်းကျင်ထိန်းသိမ်း ရေးအဖွဲ့အစည်းများနှင့် ပူးပေါင်း လုပ်ဆောင်သွားမည်ဟုသတင်းရ ရှိသည်။

ရှားပါးရေညှောင့်နှုတ်ဝိုင်းငှက် (ဓာတ်ပုံ − BIRDINGBLOGS)

0 comments:

Post a Comment