Thursday, August 27, 2015

တန်ဖိုး ထားတတ်လာတဲ့ မေပန်းချီ


       ဗီလိန် ကာရိုက်တာတွေ အရိုက်များတဲ့ သရုပ်ဆောင် မေပန်းချီက သူမရဲ့ နေရာလေးကို တဖြည်းဖြည်း တန်ဖိုးထားတတ် လာပြီလို့ ပြောပြခဲ့ပါတယ်။
      “အရင်ကတော့ ညီမကို ပရိသတ်ကရော လက်ခံရဲ့လားဆိုပြီး အတွေးတွေ ၀င်ပြီး စိတ်ညစ်ခဲ့ရတဲ့ ရက်တွေရှိတယ်။ နောက်တော့ စဉ်းစားမိတာက ဇာတ်ကားတစ်ကားမှာ ဘယ်နေရာကပဲ ပါဝင်ရ ပါဝင်ရ အရေးကြီးတာပဲလို့ တွေးမိတယ်။ နောက်ပြီးတော့ ဒါကတော့ စိတ်ပေါ့နော်၊ အနုပညာကို ၀ါသနာပါလို့ လုပ်ခဲ့တဲ့ အလုပ်ကို အကောင်းဆုံး လုပ်မယ်လို့ ဆုံးဖြတ်ထားလိုက်တယ်။ ပြောရရင် အခုချိန်ထိတော့ ညီမလိုချင်တဲ့ အနေအထား တစ်ခုတော့ မရှိသေးဘူး။ ဒါပေမဲ့ ဖြည်းဖြည်းချင်းတော့ ရောက်အောင် ကြိုးစားသွားမယ်လို့ ဆုံးဖြတ်ထားတယ်။ နောက်ပြီး ကိုယ်ရောက်နေတဲ့ နေရာလေးကိုတော့ တန်ဖိုးထားတတ် လာပါပြီ”လို့ ပြောပြခဲ့ပါတယ်။
      လက်ရှိမှာတော့ မေပန်းချီက ရေဘေးသင့် ပြည်သူတွေအတွက် ပရဟိတ လုပ်ငန်းလေးတွေ လုပ်နေတဲ့အပြင် ဗီဒီယိုကားတွေလည်း ရိုက်နေတယ်လို့ သိရပါတယ်။

0 comments:

Post a Comment