Thursday, August 27, 2015

စေတနာ အပျော်လေးပေးမယ့် ဒိန်းဒေါင်

       ပရိသတ်ကို ပျော်ရွှင်စေချင်တယ် ဆိုတဲ့ ဟာသ သရုပ်ဆောင် ဒိန်းဒေါင်က သူ့အနေနဲ့ ဟာသတွေ လုပ်ရတာကို အင်မတန် နှစ်သက်တဲ့အတွက် ရယ်စရာတွေပဲ အမြဲတင်ဆက်မယ်လို့ ဆိုခဲ့ပါတယ်။
      “ကျွန်တော့်ရဲ့ နဂိုဗီဇက  ကိုယ့်ပတ်ဝန်းကျင်က လူတွေကို ကိုယ့်ကြောင့် ပျော်ရွှင်ပြီး ရယ်ပြုံးနေတာ မြင်ချင်တယ်။ ကျွန်တော် လူရွှင်တော် ဖြစ်လာခဲ့တယ်။ သရုပ်ဆောင်ပိုင်းမှာဆိုလည်း ဒရာမာကားတွေကို မရိုက်ဖြစ်ဘူး။ အကယ်၍ ရိုက်ဖြစ်တယ်ဆိုလည်း အစပိုင်းမှာ ဟာသအခန်းတွေ အများကြီးရိုက်ပြီး နောက်ဆုံး ဒရာမာချိုးတဲ့ ဇာတ်ကားတွေကိုပဲ ရိုက်ချင်တယ်၊။ ဘာကြောင့်လဲဆိုတော့ ကျွန်တော့်ပတ်ဝန်းကျင်က လူတွေကို ပျော်စေချင်သလို ပရိသတ်ကိုလည်း ပျော်စေချင်တဲ့ ကျွန်တော့် စေတနာကြောင့်ပါ”လို့ ပြောပြခဲ့ပါတယ်။
      လတ်တလောမှာတော့ ရေဘေးအတွက် ပရဟိတ အလုပ်တွေ လုပ်ပေးတယ်လို့ သိရပါတယ်။ သရုပ်ဆောင် ဒိန်းဒေါင်ဟာ လက်ရှိမှာ“ချွန်တွန်း”ဇာတ်လမ်းတွဲကိုလည်း ရိုက်ကူးနေတယ်လို့ သိရခဲ့ပါတယ်။

0 comments:

Post a Comment